ရှင်ယောဟန်ခရစ်ဝင် 21:17
ယေရှုကလည်း၊ ယောန ၏သားရှိမုန် ၊ သင်သည် ငါ့ ကိုချစ် သလော ဟု တတိယ အကြိမ်မေး တော်မူလျှင်၊ သင်သည်ငါ့ ကိုချစ် သလောဟု သုံး ကြိမ်မြောက်အောင် မေး တော်မူသောကြောင့် ပေတရု သည်စိတ်နာ သဖြင့်၊ သခင် ၊ ကိုယ်တော် သည်ခပ်သိမ်း သောအရာတို့ကိုသိ တော်မူ၏။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ယေရှု က၊ ငါ ၏သိုး တို့ကို ကျွေးမွေး လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 21
Cross References
1 Kings 17:18မိန်းမကလည်း၊ အို ဘုရားသခင် ၏လူ ၊ ကိုယ်တော် သည် ကျွန်မ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကျွန်မ အပြစ် တို့ကို အောက်မေ့ စေ၍ ၊ ကျွန်မ သား ကိုသတ် အံ့သောငှါ ကျွန်မ ဆီသို့ ကြွ လာတော်မူသလောဟု ဧလိယ အား ဆို သော်၊
1 Chronicles 29:17အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကိုယ်တော် သည် စိတ် နှလုံးကို စစ် ၍ ဖြောင့်မတ် ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိ ပါ၏။ အကျွန်ုပ် မူကား ဖြောင့်မတ် ခြင်းသဘော၊ ကြည်ညို သောစိတ်ရှိသည်နှင့် ဤ ဘဏ္ဍာရှိသမျှ ကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသောကိုယ်တော် ၏ လူ တို့သည် ကြည်ညို သောစိတ် နှင့် ပူဇော်ကြသည်ကို မြင် ၍ဝမ်းမြောက် ပါ၏။
Psalms 7:8ထာဝရဘုရား သည် လူမျိုး တို့ကို တရား စီရင်တော်မူ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် ဖြောင့်မတ် ခြင်း ကို၎င်း၊ စုံလင် ခြင်းကို၎င်း ထောက်၍ အကျွန်ုပ် အမှုကို စီရင် ဆုံးဖြတ်တော်မူပါ။
Jeremiah 17:10ငါ ထာဝရဘုရား သည် လူ အသီးအသီးတို့အား မိမိ တို့အကျင့် အတိုင်း ၊ မိမိတို့ခံထိုက်သော အကျိုး အပြစ် ကိုပေး ခြင်းငှါ ၊ နှလုံး ကျောက်ကပ် တို့ကို စေ့စေ့စစ်ကြော တတ်၏။
Matthew 25:40မင်းကြီး က၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူတည်းဟူသောငါ့ ညီ တို့တွင် အငယ်ဆုံး သော သူ တစ်ယောက်အား ပြု ကြသမျှ တို့ကို ငါ့ အား ပြု ကြပြီဟု ပြန်၍မိန့် တော်မူလတံ့။
Mark 14:72တစ်ဖန် ကြက် တွန် လေ၏။ ယေရှု က၊ ကြက် သည် နှစ်ကြိမ် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို၊ ပေတရု သည် သတိရ သဖြင့် ခေါင်း ကိုခြုံ၍ငိုကြွေး လေ၏။