ရှင်ယောဟန်ခရစ်ဝင် 6:28
ထိုသူ တို့ကလည်း ဘုရားသခင် ၏ အလိုတော်နှင့်ညီသော အကျင့် ကိုကျင့် ခြင်းငှာ အဘယ်သို့ ပြု ရ ပါမည်နည်းဟု မေးလျှောက် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
Then said they unto him, What shall we do, that we might work the works of God?
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 6
Cross References
Deuteronomy 5:27ကိုယ်တော် သည် အနီးအပါးသို့ ချဉ်း သွား၍ ၊ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသမျှ ကို နားထောင် တော်မူပါ။ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် အား မိန့် တော်မူသမျှ ကို ဆင့်ဆို တော်မူပါ။ အကျွန်ုပ်တို့သည် နားထောင် ၍ ပြု ပါမည်ဟု လျှောက်ဆိုကြ၏။
Jeremiah 42:20အကယ်စင်စစ်သင်တို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား အား အကျွန်ုပ် တို့အဘို့ ဆုတောင်း ပါလော့။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို ကြား ပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင် ပါမည် ဟုဆို ၍၊ ငါ့ ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံတော်သို့ စေလွှတ် သောအခါ ၊ ကိုယ် စိတ် ကို ကိုယ် လှည့်စား ကြပြီ။
Matthew 19:16ထိုနောက် လူတစ် ယောက်သည် ချဉ်းကပ် ၍၊ ကောင်းမြတ်သောဆရာ ၊ ထာဝရ အသက် ကို ရ အံ့သောငှာ အကျွန်ုပ်သည် အဘယ် ကောင်းမှု ကို ပြု ရပါမည်နည်းဟု မေးလျှောက် သော်၊
Acts 2:37ထိုသူတို့သည်ကြား ရလျှင် စိတ် နှလုံးပူပန် ခြင်းရှိ၍၊ ညီအစ်ကို တို့၊ အဘယ်သို့ ပြု ရပါမည်နည်းဟု ပေတရု မှစ၍ အခြား သောတမန်တော် တို့အား မေးမြန်း ကြ၏။
Acts 16:30သူ တို့ကို ပြင် သို့ထုတ် ပြီးလျှင်လည်း ၊ သခင် တို့၊ အကျွန်ုပ် သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှာ အဘယ်သို့ ပြု ရ ပါမည်နည်းဟု မေးလျှောက် လေ၏။