ရှင်ယောဟန်ခရစ်ဝင် 9:17
တစ်ဖန် မျက်စိ ကန်းဘူးသောသူ အား၊ သင် ၏မျက်စိ ကိုဖွင့် သောသူ သည် အဘယ်သို့သောသူဖြစ်သနည်း ဟု မေး ကြလျှင် ၊ ပရောဖက် ဖြစ် သည်ဟုဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 9
Cross References
Matthew 21:11လူ အစုအဝေးတို့က၊ ဤသူ သည် ဂါလိလဲ ပြည်နာဇရက် မြို့၌ ပေါ်ထွန်းသောပရောဖက် ယေရှု ပေတည်း ဟု ပြောဆို ကြ၏။
John 4:19ထိုမိန်းမ ကလည်း၊ သခင် ၊ ကိုယ်တော် သည် ပရောဖက် ဖြစ် သည်ကို အကျွန်ုပ်ရိပ်မိ ပါ၏။
Acts 2:22ဣသရေလ လူ တို့၊ ငါ့စကား ကိုနားထောင် ကြလော့။ သင်တို့သိ ကြသည့်အတိုင်း နာဇရက် မြို့သားယေရှု သည် ထူးဆန်းသောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို သင် တို့တွင် ပြု ရသော အခွင့်နှင့် ဘုရားသခင် ပေးတော်မူသောသက်သေ ကို ရသောသူ ဖြစ်၍၊
Acts 10:38ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့်၎င်း၊ နာဇရက် မြို့သားယေရှု ကို ဘိသိက် ပေးတော်မူသဖြင့်၊ ထိုသူ သည် ဘုရားသခင် ၏ အခွင့်တော်နှင့် ကျေးဇူး ပြုလျက်၊ မာရ်နတ် ညှဉ်းဆဲ သော သူ အပေါင်း တို့အား ချမ်းသာ ကို ပေးလျက် လှည့်လည် တော်မူ၏။