The Bible Software
တရားသူကြီးမှတ်စာ · မြန်မာကျမ်းစာ

တရားသူကြီးမှတ်စာ 14

1တရံရောအခါ၊ ရှံဆုန် သည် တိမနတ် မြို့သို့ သွား ၍ ၊ ထိုမြို့၌ ဖိလိတ္တိ အမျိုးဖြစ်သော မိန်းမ တယောက်ကို မြင် လျှင်၊

2မိဘ ထံ သို့ ပြန်လာ ၍ ၊ တိမနတ် မြို့၌ ဖိလိတ္တိ အမျိုးဖြစ်သော မိန်းမ တယောက်ကို မြင် ခဲ့ပြီ။ ကျွန်ုပ် ကြင်ဘက် ဖြစ်ဘို့ ရာတောင်း ၍ ပေးပါဟုဆို သော်၊

3မိဘ တို့က၊ သင် သည် အရေဖျားလှီးခြင်းကိုမခံ သော ဖိလိတ္တိ လူတို့တွင် မယား ကို သွား ၍ ယူ ရမည်အကြောင်း ၊ သင် ၏ညီအစ်ကို သမီး ငါ တို့အမျိုးသား ချင်းသမီးတို့တွင် မိန်းမတယောက်မျှ မ ရှိလောဟု ဆို သော်လည်း ၊ ရှံဆုန် က၊ ထို မိန်းမကို တောင်း ၍ ပေးပါ။ အလွန်နှစ်သိမ့် ပါသည်ဟု အဘ အား ပြောဆို ၏။

4ထာဝရဘုရား စီရင်တော်မူသောအားဖြင့် ၊ ရှံဆုန်သည် ဖိလိတ္တိ လူတို့၌ အမှု ရှာ ကြောင်း ကို မိဘ တို့သည် မ ရိပ်မိ ကြ။ ထို ကာလ ၌ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို အုပ်စိုး သတည်း။

5ထိုအခါ ရှံဆုန် သည် မိဘ နှင့်တကွ တိမနတ် မြို့သို့ သွား ၍ ၊ တိမနတ် စပျစ် ဥယျာဉ်များသို့ ရောက် လျှင် ၊ ခြင်္သေ့ ပျို တကောင်သည် သူ့ ကိုတွေ့ ၍ ဟောက် လေ၏။

6ထိုအခါ ရှံဆုန် လက် ၌ တစုံတခု မျှ မ ပါသော်လည်း ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ သူသည် ဆိတ် သငယ်ကို ဆွဲဖြတ် သကဲ့သို့ ထိုခြင်္သေ့ ကို ဆွဲဖြတ် ၏။ သို့ရာတွင် မိမိပြု သော အမှုကို မိဘ တို့အား မ ကြားမပြော ဘဲနေ၏။

7မြို့သို့ ရောက် ၍ မိန်းမ နှင့် နှုတ်ဆက် သဖြင့် ရှံဆုန် သည် နှစ်သိမ့် ၏။

8အချိန် စေ့၍ ထိုမိန်းမကို သိမ်း ယူခြင်းငှါ သွား စဉ်အခါ ၊ ခြင်္သေ့ အကောင် ကို ကြည့်ရှု အံ့သောငှါ ၊ လမ်းမှ လွှဲ သွား၍ ခြင်္သေ့ အကောင် ထဲမှာ ပျား အုံ နှင့် ပျားရည် ရှိသည်ကို တွေ့မြင် လျှင်၊

9နှိုက် ယူ၍ စား လျက် ခရီးသွား လေ၏။ မိဘ ထံ သို့ ရောက် သော် ပေး ၍ သူတို့သည်လည်း စား ကြ၏။ သို့ရာတွင် ထိုပျားရည် ကို ခြင်္သေ့ အကောင် ထဲက နှိုက် ယူကြောင်း ကို မ ကြားမပြော ဘဲ နေ၏။

10အဘ သည်လည်း ၊ မိန်းမ နေရာအရပ်သို့ သွား ပြန်၍ ရှံဆုန် သည် လူပျို ထုံးစံအတိုင်း ပွဲ လုပ် လေ၏။

11ထိုအရပ်သား တို့သည် ရှံဆုန် ကို မြင် သောအခါ ၊ သူ နှင့်အတူ ပွဲခံခြင်းငှါအပေါင်းအဘော် သုံးဆယ် တို့ကို ခေါ် ခဲ့ကြ၏။

12ရှံဆုန် ကလည်း ၊ သင် တို့အား စကားဝှက် ကို ငါပြော မည်။ ပွဲ ခံရာခုနစ် ရက် တွင် ဘော်ပြ နိုင်လျှင် ခြုံထည် သုံးဆယ် ၊ အင်္ကျီ သုံးဆယ် ကို ငါပေး မည်။

13မ ဘော် မပြနိုင် လျှင် သင် တို့သည် ခြုံထည် သုံးဆယ် ၊ အင်္ကျီ သုံးဆယ် ကို ငါ့ အား ပေး ရမည်ဟုဆို သော်သူတို့က၊ သင့် စကားဝှက် ကို ငါတို့အား ကြား ပြော ပါဟု ဝန်ခံ ကြ၏။

14ရှံဆုန်ကလည်း၊ စား တတ်သောသူ၏အထဲ က အစာ ၊ သန်စွမ်း သောသူ၏အထဲ က အချို ထွက် လေစွဟု ဆို ၏။ ထိုစကားဝှက် အနက်ကို သူတို့သည် သုံး ရက် ပတ်လုံးရှာ ၍ မ တွေ့နိုင် ကြ။

15စတုတ္ထ နေ့ ရောက် မှ၊ သူတို့က၊ သင် ၏လင် သည် စကားဝှက် အနက်ကို ဘော်ပြ စေခြင်းငှါသူ့ကို ချော့မော့ ရမည်။ သို့မဟုတ် သင် နှင့်တကွ သင့် အဆွေအမျိုး ကို မီးရှို့ မည်။ ငါ တို့ဥစ္စာကို လုယူ ခြင်းငှါ ငါ တို့ကို ခေါ်ဘိတ် သလောဟုရှံဆုန် ၏ မယား ကို ဆို သောကြောင့်၊

16သူသည် လင်ရှေ့မှာ ငိုကြွေး ၍ သင်သည် ငါ့ ကို မ ချစ် မုန်း ပါ၏။ ငါ့ အမျိုးသား ချင်းတို့အား စကားဝှက် ကို ပြော သော်လည်း ၊ အနက် ကို ငါ့ အား မ ပြပါတကားဟု ဆို ၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ် မိဘ ကိုမျှ မ ပြ ဘဲ သင့် အား ပြ ရမည်လောဟုဆို သော်လည်း၊

17ပွဲ ခံရာခုနစ် ရက် စေ့အောင် လင် ရှေ့ မှာ ငိုကြွေး ၍ ခုနစ် ရက်မြောက်သောနေ့ ၌ အလွန်ပူဆာ သောကြောင့် အနက်ကို ဘော်ပြ ၏။ မိန်းမသည်လည်း အမျိုးသား ချင်းတို့အား ပြန်ပြော လေ၏။

18မြို့ သား တို့သည် ခုနစ် ရက်မြောက်သောနေ့ နေ မ ဝင် မှီလာ၍ ပျားရည် ထက် အဘယ် အရာ ချို သနည်း။ ခြင်္သေ့ ထက် အဘယ် အရာ သန်စွမ်း သနည်းဟု ဘော်ပြ ကြ၏။ ရှံဆုန်ကလည်း ၊ သင်တို့သည် ငါ့ နွားမပျို နှင့် မ ထွန် လျှင် ငါ့ စကားဝှက် အနက်ကို ရှာ ၍ မ တွေ့ဟုဆို ၏။

19ထာဝရဘုရား ၏ဝိညာဉ် တော်သည် ရှံဆုန် အပေါ် မှာ သက်ရောက် သဖြင့် ၊ သူသည် အာရှကေလုန် မြို့သို့သွား ၍ မြို့သား သုံးဆယ် ကိုသတ် ပြီးမှ သူ တို့ဥစ္စာ ကို လုယူ ၍ စကားဝှက် အနက်ကို ဘော်ပြ သောသူတို့အား အဝတ် စုံတို့ကိုပေး ပြီးမှ ၊ အမျက် ထွက် ၍ မိမိ အဘ အိမ် သို့ ပြန် သွားလေ၏။

20မယား ကိုကား ရှံဆုန် ပေါင်းဘော် သော အဆွေ ခင်ပွန်းအား ပေးစားသတည်း။

← တရားသူကြီးမှတ်စာ 13Read In The App, Free →တရားသူကြီးမှတ်စာ 15 →

Study တရားသူကြီးမှတ်စာ 14

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021