The Bible Software
တရားသူကြီးမှတ်စာ · မြန်မာကျမ်းစာ

တရားသူကြီးမှတ်စာ 17

1မိက္ခါ အမည် ရှိသောဧဖရိမ် တောင် သား တယောက်ရှိ ၏။

2သူ သည် အမိ အား ၊ အိုအမေ၊ ပျောက် သောငွေ ၊ အကျွန်ုပ် ရှေ့မှာ ကျိန်ဆဲ သောစကားကိုပြော သော ငွေ ဆယ်တပိဿာသည် အကျွန်ုပ် ၌ ရှိပါ၏။ အကျွန်ုပ်ယူ မိပြီဟု ဆို သော် ၊ အမိ က၊ ငါ့ သား ၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ဆို ၏။

3ထိုငွေ ဆယ်တ ပိဿာကို အမိ အား ပြန် ပေးသောအခါ ၊ အမိ က၊ ငါ့ သား သည် ထုသောရုပ်တု နှင့် သွန်း သော ရုပ်တုကိုလုပ် စရာဘို့ ဤငွေ ရှိသမျှကို ထာဝရဘုရား အား ငါပူဇော် နှင့်ပြီ။

4သို့ဖြစ်၍ငါ့သားအား ယခု ငါပြန် ပေးမည်ဟု ဆို သော်လည်း ၊ သားသည် ထိုငွေ ကို အမိ အား ပြန် ပေး၏။ အမိ သည်လည်း နှစ် ပိဿာကိုယူ ၍ ပန်းတိမ် သမား၌ အပ် သဖြင့် ၊ သူသည် ထုသောရုပ်တု နှင့် သွန်း သော ရုပ်တုကိုလုပ် ၍ ရုပ်တုတို့သည် မိက္ခါ အိမ် ၌ ရှိ ၏။

5ထိုလူမိက္ခါ သည် ဘုရား ကျောင်း ရှိ၍ ၊ သင်တိုင်း တော်နှင့် တေရပ်ရုပ်တုကို လုပ် ပြီးမှ ၊ မိမိ သား တယောက် ကို မိမိယဇ်ပုရောဟိတ် အရာ ၌ ခန့် ထားလေ၏။

6ထို ကာလ ၌ ဣသရေလ ရှင်ဘုရင် မ ရှိ။ လူ တိုင်း မိမိ စိတ် အလိုရှိသည်အတိုင်း ပြု သတည်း။

7ယုဒ အမျိုး နှင့် စပ်ဆိုင်သော ဗက်လင် ယုဒ မြို့သားလေဝိ အမျိုး လုလင် တယောက်သည်၊ ဗက်လင်မြို့မှာ တည်းခို ၍ နေပြီးလျှင်၊

8တဖန် ထွက် သွား၍ တည်းခို စရာအရပ် ကို ရှာ လျက် ခရီး သွား သဖြင့် ၊ ဧဖရိမ် တောင် ၊ မိက္ခါ အိမ် သို့ ရောက် လေ၏။

9မိက္ခါ ကလည်း ၊ သင်သည် အဘယ် က လာ သနည်းဟုမေး သော် ၊ လုလင်က၊ ငါ သည် ယုဒ ခရိုင် ဗက်လင် မြို့သားလေဝိ လူဖြစ်၏။ တည်းခို စရာအရပ် ကို ရှာ ၏ဟု ပြန် ပြောသော်၊

10မိက္ခါ က၊ အကျွန်ုပ် နှင့်အတူ နေ ပါ။ အကျွန်ုပ် ၏အဘ ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ် လုပ် ပါ။ အကျွန်ုပ် သည် တနှစ်တနှစ်လျှင် ငွေ အကျပ်တဆယ် နှင့် အဝတ် စုံ ကို၎င်း ၊ စားစရာ ကို၎င်း ပေး ပါမည်ဟု ပင့်ဘိတ် သောအခါ၊ လေဝိ လူသည် ဝင် ၍၊

11ထိုသူ နှင့်အတူ နေ ခြင်းငှါ အလို ရှိသဖြင့် သား ကဲ့သို့ ဖြစ် လေ၏။

12မိက္ခါ သည်လည်း ၊ ထိုလေဝိ လုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့် ထားသည်အတိုင်း၊ လုလင် သည် ယဇ်ပုရောဟိတ် လုပ် ၍ မိက္ခါ အိမ် ၌ နေ ၏။

13မိက္ခါ ကလည်း ၊ ယခု မှာ လေဝိ လူသည် ငါ ၏ယဇ်ပုရောဟိတ် ဖြစ် သောကြောင့်၊ ထာဝရဘုရား သည် ငါ၌ ကျေးဇူး ပြုတော်မူမည်ကို ငါသိ သည်ဟု ဆို ၏။

← တရားသူကြီးမှတ်စာ 16Read In The App, Free →တရားသူကြီးမှတ်စာ 18 →

Study တရားသူကြီးမှတ်စာ 17

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021