ယေရမိမြည်တမ်းစကား 1:8
ယေရုရှလင် မြို့ပြစ်မှား သောအပြစ် သည် အလွန်များသောကြောင့်၊ ရွံ့ရှာ ဘွယ် ဖြစ် လေ၏။ သူ့ ကို ရိုသေ ဘူးသောသူ အပေါင်း တို့သည် သူ ၌အချည်းစည်း ရှိ ခြင်းကို မြင် သောကြောင့် မထီမဲ့မြင် ပြုကြ၏။ သူ သည် လည်း ညည်းတွား ၍ နောက် သို့ပြန် သွားလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 1
Cross References
1 Samuel 2:30ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး ၊ သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။
1 Kings 9:6သို့မဟုတ် သင် နှင့် သင် ၏သား မြေးတို့သည် ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲလျက် ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့် ၊ အခြား တပါးသော ဘုရား ထံသို့သွား ၍ ဝတ်ပြု ကိုးကွယ် လျှင်၊
1 Kings 9:9တယောက်က၊ သူ တို့၏ ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သူ တို့ ၏ ဘုရားသခင် ထာဝရဘုရား ကို သူတို့သည်စွန့် ၍ အခြား တပါးသောဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ၊ ထာဝရဘုရား သည် ဤ အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်း ကို ပြန် ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
Isaiah 59:2သင် တို့ဒုစရိုက် သည် သင် တို့ကို ဘုရား သခင်နှင့် ကွာ စေပြီ။ ကြား တော်မမူစေခြင်းငှါ၊ သင် တို့အပြစ် သည် မျက်နှာ တော်ကို လွှဲ စေပြီ။
Jeremiah 6:28ထိုသူ အပေါင်း တို့သည် အလွန်ဖောက်ပြန် သောသူ ၊ ကုန်းတိုက် တတ်သောသူဖြစ် ကြ၏။ ကြေးဝါ နှင့် သံ သက်သက် ၊ ဖျက် တတ်သော အရာသက်သက်ဖြစ်ကြ ၏။
Jeremiah 13:26ထိုသို့ နှင့်အညီသင် ရှက် စရာအကြောင်းကို ထင်ရှား စေခြင်းငှါ ၊ သင် ၏ အဝတ် ကို ငါ ဖွင့်လှစ် ၍ ပြ မည်။