ရှင်လုကာခရစ်ဝင် 1:77
အကြောင်းမူကား ၊ ငါ တို့ဘုရားသခင် ၏ သနား တော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ် ဖြေ ၍ ကယ်တင် ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင် ၏လူမျိုး အား ဖော်ပြ သဖြင့်၊ ထာဝရ ဘုရား၏ လမ်းခရီး တော် ကို ပြင်ဆင် ခြင်းငှာသင်သည် ရှေ့ တော်၌သွား ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
To give knowledge of salvation unto his people by the remission of their sins,
In Context
76အချင်းသူငယ် ၊ သင် သည်လည်း အမြင့်ဆုံး သောဘုရား၏ ပရောဖက် ဟုခေါ်ဝေါ် ခြင်းကို ခံရလိမ့်မည်။
78ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင် မှ နေအာရုဏ် သည် ငါ တို့အပေါ်သို့တက် သဖြင့်၊
Cross References
Jeremiah 31:34ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက်ဆုံးမ ဩဝါဒမပေးရကြ။ အကြောင်း မူကား၊ အငယ်ဆုံး သော သူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ၊ ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်။ ထိုအခါ ငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြုသောဒုစရိုက် များကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Luke 3:3ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ၌ လာ သည်ကား၊ တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။
Luke 7:47ထိုကြောင့် ငါဆို သည်ကား၊ သူသည် များစွာ သောအပြစ် တို့နှင့်လွတ် သည်ဖြစ်၍ အလွန် ချစ် တတ်၏။ အနည်းငယ်သော အပြစ်လွတ် သောသူ သည် အနည်းငယ် မျှသာ ချစ် တတ်သည် ဟု မိန့် တော်မူ၏။
John 1:15ယောဟန် သည် ထိုသခင် ၏အကြောင်း ကို သက်သေခံ ၍ ကြွေးကြော် သည်ကား၊ ငါ့ နောက် ကြွလာ သောသူ သည် ငါ မ ရှိမှီရှိ နှင့်သည်ဖြစ် ၍၊ ငါ့ ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူ ကိုဆိုလို သည်ဟု သက်သေခံလေ၏။
John 1:34ငါ သည်မြင် ၍ ဤသူ သည် ဘုရားသခင် ၏ သား တော်ဖြစ် တော်မူကြောင်း ကို သက်သေခံ သည်ဟု ယောဟန် ဆို လေ၏။
Acts 2:38ပေတရု ကလည်း ၊ သင် တို့၏အပြစ် ကိုလွတ် စေခြင်းငှာ နောင်တရ ၍ တစ်ယောက်မျှမကြွင်း၊ ယေရှု ခရစ် ၏ နာမ ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်း သောဝိညာဉ် တော်တည်းဟူသောဆုကျေးဇူး တော်ကို ခံရ ကြလိမ့်မည်။