ရှင်လုကာခရစ်ဝင် 13:35
သင် တို့နေသောအိမ် သည် သင် တို့၌ လူဆိတ်ညံလျက်ကျန်ရစ် ရ၏။ ငါဆို သည်ကား၊ ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ သောသူ သည် မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီတိုင်အောင်ယခုမှစ၍သင် တို့သည် ငါ့ မျက်နှာကိုမ မြင် ရကြ ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 13
Cross References
Leviticus 26:31သင် တို့မြို့ များကို ငါဖျက်ဆီး ၍ ၊ သန့်ရှင်း ရာဌာနတော်ကို သုတ်သင် ပယ်ရှင်းသဖြင့် ၊ သင် တို့နံ့သာပေါင်း အမွှေး အကြိုင်ကို ငါမ နမ်း။
Psalms 118:26ထာဝရဘုရား ၏အခွင့် နှင့် ကြွလာ သောသူသည် မင်္ဂလာ ရှိစေသတည်း။ ထာဝရဘုရား ၏ အိမ် တော် ထဲက အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကောင်းကြီး ပေးကြပါ၏။
Isaiah 5:5ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
Isaiah 52:7ငြိမ်သက် ခြင်း၏ ဝမ်းမြောက် စရာ သိတင်းကို ကြား ပြောသောသူ၊ ကယ်တင် ခြင်းကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင် ၏ ဘုရား သခင်စိုးစံ တော်မူ၏ဟု ဇိအုန် မြို့အား ပြော သောသူ ၏ ခြေ တို့သည် တောင် ပေါ် မှာ အလွန်တင့်တယ် လှစွ တကား။
Jeremiah 22:5သို့မဟုတ် ၊ သင်တို့သည် ဤ အမိန့် တော်ကို နား မ ထောင်ဘဲနေလျှင် ၊ ဤ နန်းတော် သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား သည် ကိုယ် ကို ကိုယ်တိုင်တည် ၍ မိန့် တော်မူ၏။
Hosea 3:4အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့ သည် နေ့ရက် များစွာ ရှင်ဘုရင် မ ရှိ၊ မင်းသား မ ရှိ၊ ယဇ် ပူဇော်ခြင်းမ ရှိ၊ ဆင်းတု မ ရှိ၊ သင်တိုင်း မ ရှိ၊ တေရပ်ရုပ်တု မရှိဘဲနေရ ကြလိမ့်မည်။