ရှင်လုကာခရစ်ဝင် 17:3
သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သင် ၏ ညီအစ်ကို သည် သင့်ကိုပြစ်မှား လျှင် သူ့ ကို ဆုံးမ လော့။ သူသည် နောင်တရ လျှင် သူ ၏အပြစ် ကိုလွှတ်လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 17
Cross References
Leviticus 19:17သင် ၏ ညီအစ်ကို ကို စိတ်အခုအခံမရှိရ။ ကိုယ် နှင့် စပ်ဆိုင်သောသူ ၌ရှိသောအပြစ် ကို တတ်တိုင်း မရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမ ရမည်။
Deuteronomy 4:15ဟောရပ် အရပ်၌ ထာဝရဘုရား သည် မီး ထဲက သင် တို့အား မိန့် မြွက်တော်မူသောအခါ၊ မည်သည့် အဆင်း သဏ္ဍာန်ကိုမျှ မ မြင် ရသည်ဖြစ်၍၊
2 Chronicles 19:6သင် တို့ပြု သောအမှု ကိုသတိ ပြုကြလော့။ လူ ၏ အမှုကိုစောင့်၍ တရား စီရင်သည်မ ဟုတ်။ သင်တို့စီရင်ရာတွင်၊ ရှိတော်မူသောထာဝရဘုရား ၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။
Proverbs 9:8မထီမဲ့မြင် ပြုသောသူကိုမ ဆုံးမ နှင့်။ သင့် ကို မုန်း လိမ့်မည်။ ပညာ ရှိကို အပြစ် ပြလော့။ သူသည် သင့် ကို ချစ် လိမ့်မည်။
Proverbs 27:5ထင်ရှား စွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ် ခြင်းထက် သာ၍ကောင်း ၏။
Matthew 18:21ထိုအခါ ပေတရု သည်ချဉ်းကပ် ၍၊ သခင် ၊ ညီအစ်ကို သည် အကျွန်ုပ် ကိုပြစ်မှား ၍ အကျွန်ုပ် သည် သူ ၏ အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ် ရပါအံ့နည်း။ ခုနှစ် ကြိမ်မြောက် အောင်လွှတ်ရပါအံ့လောဟု မေးလျှောက် သော်၊ ယေရှု က၊ ခုနှစ် ကြိမ်မြောက် အောင်လွှတ်ရမည် ငါမ ဆို ။