ရှင်လုကာခရစ်ဝင် 18:7
ဘုရားသခင် ရွေးကောက် တော်မူသောသူ တို့သည်ညဉ့် နေ့ မပြတ်အော်ဟစ် ၍ တောင်းလျှောက် လျှင်၊ ဘုရားသခင်သည် သူ တို့ဘက်၌ တရား မ စီရင်ဘဲ နေ တော်မူမည်လော။ ကြာမြင့်စွာသည်းခံ တော်မူမည်လော။
မြန်မာကျမ်းစာ
In The King James Version
In Context
6မတရား သော ထိုတရားသူကြီး ၏ အကြံကိုမှတ် ကြလော့။
Read all of ရှင်လုကာခရစ်ဝင် 18
Cross References
1 Samuel 26:10တဖန် ဒါဝိဒ် က၊ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း၊ ဒဏ်ခတ် တော်မူမည်။ သို့မဟုတ် သူသေ ချိန် ရောက် လိမ့်မည်။ သို့မဟုတ် စစ်တိုက် ရာ၌ အသက် ဆုံးလိမ့်မည်။
Psalms 10:15မတရား သဖြင့် ပြု၍ ဆိုး သောသူ ၏လက်ရုံး ကို ချိုး တော်မူပါ။ သူ ပြုသော အဓမ္မအမှုကို အကုန်အစင်စစ် တော်မူပါ။
Psalms 54:1အိုဘုရား သခင်၊ နာမ တော်အားဖြင့် အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ တန်ခိုး တော်အားဖြင့် အကျွန်ုပ် ဘက် ၌ တရား စီရင်တော်မူပါ။
Jeremiah 20:11သို့ သော်လည်း၊ ထာဝရဘုရား သည် အားကြီး သော သူရဲ ကဲ့သို့ ငါ့ ဘက် ၌ ရှိတော်မူ၏။ ထိုကြောင့် ၊ ငါ့ ကိုညှဉ်းဆဲ သောသူတို့ သည် မ နိုင် ဘဲ ထိမိ၍ လဲ ကြ လိမ့်မည်။ အကြံ မ မြောက်သောကြောင့် အလွန် ရှက် ကြ လိမ့်မည်။ မ ပြေ မပျောက်နိုင်သော ထာဝရ ရှက် ကြောက်ခြင်း ရှိကြလိမ့်မည်။
Matthew 7:11သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင် ၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် ဆုတောင်း သောသူ တို့အား ကောင်း သော အရာ ကို သာ၍ ပေး တော်မူမည် မဟုတ်လော။
Luke 11:13သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင်၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို့အဘ သည် ဆုတောင်း သောသူ တို့အား သန့်ရှင်း သောဝိညာဉ် တော်ကို သာ၍ပေး တော်မူမည် မဟုတ်လော ဟု မိန့်တော်မူ၏။