ရှင်မဿဲခရစ်ဝင် 1:6
ဒါဝိဒ် မင်းကြီးသည် ဥရိယ ၏ခင်ပွန်းဖြစ်ဘူးသော မိန်းမ တွင် မြင် သောသားရှောလမုန် ။
မြန်မာကျမ်းစာ
In The King James Version
In Context
7ရှောလမုန် သား ရောဗောင် ။ ရောဗောင် သား အဘိယ ။ အဘိယ သား အာသ ။
Cross References
1 Samuel 16:1တဖန် ထာဝရဘုရား က၊ ရှောလုကို ဣသရေလ ရှင် ဘုရင်အရာမှ ငါ ပယ် သောကြောင့် ၊ သင် သည် အဘယ် မျှ ကာလပတ်လုံး စိတ် မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင် ၏ဘူး ကို ဆီ နှင့် ပြည့် စေလော့။ ဗက်လင် မြို့သားယေရှဲ ရှိရာသို့ ငါစေလွှတ် မည်။ သူ ၏သား တို့တွင် ငါ့ အဘို့ ရှင် ဘုရင်တပါးကို ငါပြင်ဆင် ပြီဟု ရှမွေလ အား မိန့် တော်မူ၏။
1 Samuel 17:12ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်သော ဒါဝိဒ် ၏ အဘယေရှဲ သည် သား ရှစ် ယောက် ရှိ၏။ ရှောလု လက်ထက် ၌ ထိုသူသည် အသက် ကြီးသောသူ ၏ အရာရှိ၏။
1 Samuel 20:30ထိုအခါ ရှောလု သည် ယောနသန် ကို အမျက် ထွက် ၍ ၊ မြောက်မထား သော မိန်းမ၏သား ၊ သင် သည် ကိုယ်တိုင်အရှက် ကွဲသည်တိုင်အောင် ၎င်း၊ သင့် အမိ အဝတ် ကျွတ်၍ အရှက် ကွဲသည့်တိုင်အောင် ၎င်း၊ ယေရှဲ ၏သား ဘက် ၌ နေသည်ကို ငါမ သိ သလော။
2 Samuel 11:3ထို မိန်းမ ကား အဘယ်သူနည်းဟုစေလွှတ် ၍ မေးမြန်း လျှင် ၊ ဧလျံ သမီး ၊ ဟိတ္တိ လူဥရိယ ၏မယား ဗာသရှေဘ ဖြစ်ပါသည်ဟု လျှောက် လေ၏။
2 Samuel 12:24တဖန် ဒါဝိဒ် သည် ခင်ပွန်း ဗာသရှေဘ ကို နှစ်သိမ့် စေသဖြင့် ၊ သူ့ ထံသို့ ဝင် ၍ ဆက်ဆံ လေ၏။ သူသည် လည်း သား ယောက်ျားကို ဘွားမြင် ၍ ရှောလမုန် အမည် ဖြင့် အဘမှည့် လေ၏။
2 Samuel 23:39ဟိတ္တိ အမျိုးဥရိယ ၊ ပေါင်း သုံး ဆယ်ခုနစ် ယောက် တည်း။