ရှင်မဿဲခရစ်ဝင် 8:20
ယေရှု ကလည်း မြေခွေး သည် မြေတွင်း ရှိ ၏။ မိုဃ်း ကောင်းကင်၌ ကျင်လည်သောငှက် သည်နားနေရာ အရပ်ရှိ ၏။ လူ သား မူကား ၊ ခေါင်း ချ ရာမျှ မ ရှိဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 40:17အကျွန်ုပ် မူကား ၊ ဆင်းရဲ ငတ်မွတ် သော်လည်း ၊ ထာဝရ ဘုရား သည် အကျွန်ုပ် ကို အောက်မေ့ တော်မူ၏။ ကိုယ်တော် သည် အကျွန်ုပ် ကို မစ သောသူ၊ ကယ်တင် သောသူဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုရား သခင်၊ ဆိုင်းလင့် တော်မ မူပါနှင့်။
Psalms 84:3ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏ရှင် ဘုရင်၊ အကျွန်ုပ် ၏ ဘုရား သခင်၊ အကယ် စင်စစ်ယဇ် ပလ္လင်တော်တို့ အနား မှာ စာငှက် သည် နေရာ အရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက် ကို ၎င်းတွေ့ ရပါ၏။
Psalms 109:22အကျွန်ုပ် သည် ဆင်းရဲ ငတ်မွတ် ပါ၏။ အကျွန်ုပ် အထဲ ၌ နှလုံး နာ လျက်ရှိပါ၏။
Daniel 7:13ထိုညဉ့် အခါ ငါသည် အာရုံ ပြု၍၊ လူ သား နှင့် တူသောသူတဦးသည် မိုဃ်းတိမ် ကိုစီးလျက်၊ အသက်ကြီးသောသူ ၏အထံ တော်သို့ ရောက် လာ၏။ ထိုသူကို အထံ တော်ပါးသို့သွင်းကြ၏။
Matthew 12:32လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ ၏အပြစ်ကိုလည်းလွှတ် နိုင်၏။ သန့်ရှင်း သောဝိညာဉ် တော်ကို နှုတ်ဖြင့် ပြစ်မှား သောသူ ၏အပြစ်ကို ယခု ဘဝ နောင် ဘဝ၌ မ လွှတ် နိုင်။
Matthew 16:13ယေရှု သည် ဖိလိပ္ပု ကဲသရိ မြို့၏ ကျေးလက် သို့ ကြွ တော်မူသောအခါ ၊ လူ များတို့သည် လူ သား ဖြစ် သော ငါ့ကို အဘယ်သူ ဖြစ်သည်ဆို ကြသနည်း ဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊