Nehemiah 2:18
ငါ ၏ ဘုရား သခင်သည် ငါ့ အား ပြုတော်မူသောကျေးဇူး ကို၎င်း၊ ရှင်ဘုရင် မိန့် တော်မူသော စကား ကို၎င်း ကြားပြော လေသော်၊ သူတို့က၊ ငါတို့သည် ထ ၍ တည် ကြကုန်အံ့ဟုဆိုလျက်၊ ထိုကောင်းမှု ကို ပြီးစေခြင်းငှါ၊ တယောက်ကိုတယောက် နှိုးဆော် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Chronicles 11:10ဣသရေလ အမျိုး၌ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဒါဝိဒ်ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ဣသရေလ အမျိုးအပေါင်း တို့နှင့် ဝိုင်း၍ ဒါဝိဒ် မင်း ဘက် မှာ ကြိုးစား အားထုတ်သော အမှုတော်ထမ်းသူရဲ ကြီး တို့၏ စာရင်းဟူမူကား၊
2 Chronicles 32:5ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့ စေ၏။ ပြို သောမြို့ရိုး ရှိသမျှ ကို ပြုပြင် ၍ ၊ ရဲတိုက် တို့နှင့် တညီတည်း တည်၏။ ပြင် မြို့ရိုး ကိုလည်း တည် ၏။ ဒါဝိဒ် မြို့ ၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊ များစွာ သော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
Nehemiah 2:8ဥယျာဉ် တော်မှူးအာသပ် သည် ဗိမာန် တော် ရဲတိုက် တံခါး တိုင် နှင့် တံခါးထုပ်ဘို့ ၎င်း၊ မြို့ရိုး နှင့် ကျွန်တော်နေရာ အိမ် ဘို့ ၎င်း၊ သစ် ကိုပေး ရမည် အကြောင်း ၊ အမိန့်တော်စာ ကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ ၏ ဘုရား သခင့်တန်ခိုး ကျေးဇူး တော်ကြောင့် ရှင် ဘုရင်သည် ပေး သနားတော်မူ ၏။
Ephesians 6:10ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင် ဘုရားအားဖြင့် ၎င်း ၊ တန်ခိုး တော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ ခြင်းရှိကြလော့။