ဇေဖနိအနာဂတ္တိကျမ်း 1:13
ထိုသူ တို့၏ဥစ္စာ ကို သူတပါးလုယူ ၍ ၊ သူ တို့၏ နေရာ သည် လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ အိမ် ကို ဆောက် သော်လည်း မ နေ ရကြ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည် ကို မ သောက် ရကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 1
Cross References
Deuteronomy 28:30မိန်းမ နှင့်လက်ထပ် ပြီးသော်လည်း အခြား သောသူသည် ပေါင်းဘော် ရလိမ့်မည်။ အိမ် ကို ဆောက် သော်လည်း ကိုယ်တိုင် မ နေ ရ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်သီး ကို မ ဆွတ် မယူရ။
Deuteronomy 28:51သင် သည် မ ပျက်စီး မှီတိုင်အောင်၊ ထိုရန်သူသည် သင် ၏ သိုးသငယ်၊ နွားသငယ်၊ မြေ အသီးအနှံ ကို စား ရလိမ့်မည်။ သင့် ကို မ ဖျက်ဆီး မှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး နွား အစီး အပွားကို သင့် အဘို့ မ ချန် မထားရ။
Isaiah 6:11အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေး လျှောက်ပြန်လျှင်၊ မြို့ တို့ သည် မြို့သား မ ရှိ၊ အိမ် တို့သည် အိမ်သား မ ရှိအောင် ဖျက်ဆီး ခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူ ဆိတ်ညံရာသက်သက်ဖြစ်သည်တိုင်အောင် ၎င်း၊
Isaiah 65:21ထိုသူတို့သည် ကိုယ်ဆောက် သောအိမ် ၌ နေ ကြလိမ့်မည်။ ကိုယ်စိုက် သော စပျစ် ဥယျာဉ်အသီး ကို စား ကြ လိမ့်မည်။
Jeremiah 4:20ပျက်စီး ပြီ၊ ပျက်စီး ပြီဟု အထပ်ထပ်ဟစ်ကြော်ရ၏။ တပြည် လုံး ပျက်စီး ပြီ။ ငါ ၏တဲ တို့သည် ခဏ ခြင်း တွင် ပျက်စီး ကြပြီ။ ငါ ၏ကုလားကာ တို့သည် ချက်ခြင်း ပျက်စီးကြပြီ။
Jeremiah 9:11ငါသည် ယေရုရှလင် မြို့ကို အမှိုက် ပုံ၊ မြေခွေး နေရာတွင်း ဖြစ် စေမည်။ ယုဒ မြို့ ရွာတို့ကိုလည်း ၊ လူ ဆိတ်ညံ ရာအရပ်ဖြစ် စေမည်။