The Bible Software
ဇေဖနိအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ဇေဖနိအနာဂတ္တိကျမ်း 1

1ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ မင်းလက်ထက် ၊ ဟိဇကိ ၊ အာမရိ ၊ ဂေဒလိ တို့မှ ဆင်းသက်သော ကုရှိ ၏သား ဇေဖနိ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊

2ပြည် တပြည်လုံး ၌ ရှိလေသမျှ တို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

3လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ရှင်း မည်။ မိုဃ်း ကောင်းကင် ငှက် နှင့် ပင်လယ် ငါး တို့ကို၎င်း၊ အဓမ္မ လူတို့ နှင့်တကွ ပြစ်မှား စရာအကြောင်းတို့ကို၎င်းငါပယ်ရှင်းမည်။ မြေ တပြင်လုံး ၌ ရှိသောလူ သတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

4ယုဒ ပြည်သူ၊ ယေရုရှလင် မြို့ သားအပေါင်း တို့ကို ငါတိုက် ၍ ၊ ဤ အရပ် ၌ ကျန် ကြွင်းသော ဗာလ ဘုရား၏ တပည့်တို့နှင့် ယဇ် ပုရောဟိတ်အမျိုးမျိုးတို့ကို၎င်း ၊

5ကောင်းကင် တန်ဆာ များကို အိမ်မိုး ပေါ် မှာ ကိုးကွယ် သောသူ၊ ထာဝရဘုရား နှင့် မာလခံ ဘုရားကို တိုင်တည် လျက် ကျိန်ဆိုကိုးကွယ် သောသူတို့ ကို၎င်း ၊

6ထာဝရဘုရား ၏နောက် တော်သို့ မလိုက်၊ ဆုတ် သွားသောသူ၊ ထာဝရဘုရား ကို မ ရှာဖွေ ၊ မ မေးမြန်း သောသူတို့ ကို၎င်း ငါပယ်ရှင်း မည်။

7အရှင် ထာဝရဘုရား ၏ရှေ့ တော်၌ ငြိမ်ဝပ် စွာ နေကြလော့။ ထာဝရဘုရား ၏နေ့ နီး ပြီ။ ထာဝရဘုရား သည် မိမိယဇ် ပွဲတော်ကို ပြင်ဆင် ၍၊ ပွဲဝင် သောသူတို့ ကို သန့်ရှင်းစေတော်မူပြီ။

8ထာဝရဘုရား ပွဲခံတော်မူသောနေ့ ၌ မင်း များ၊ ဆွေ တော် မျိုးတော်များနှင့် ထူးခြားစွာ ဝတ် သောသူများ အပေါင်း တို့ကို ငါစစ်ကြော မည်။

9သူတပါး၏အိမ်တံခါးခုံ ကို ကျော် ၍ အနိုင်အထက် ပြုခြင်း၊ လှည့်စား ခြင်းအားဖြင့်ရသောဥစ္စာနှင့် မိမိ သခင် ၏ အိမ် ကို ပြည့် စေသောသူအပေါင်း တို့ကိုလည်း ထို နေ့ ၌ ငါစစ်ကြော မည်။

10ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ၌ ငါး တံခါးဝ မှာ အော်ဟစ် သံ ကို၎င်း ၊ ဒုတိယ မြို့၌ ငိုကြွေး မြည်တမ်းသံကို၎င်း ၊ တောင်ရိုး ၌ ပြင်း စွာချိုးဖျက် သံကို၎င်း ကြားရ၏။

11မတ္တေရှ အရပ် သားတို့၊ ငိုကြွေး မြည်တမ်းကြလော့ ။ ကုန်သည် အပေါင်း တို့သည် ပြတ် ကြပြီ။ ငွေ ကို ဆောင် သောသူအပေါင်း တို့သည် ဆုံး ကြပြီ။

12ထို ကာလ ၌ ငါသည် မီးခွက် ကို ကိုင်၍ ယေရုရှလင် မြို့ကို စစ်ကြောမည်။ ထာဝရဘုရား သည် ကျေးဇူး ကိုလည်း မ ပြု၊ အပြစ် ကိုလည်း မ ပေးဟု အောက်မေ့ လျက်၊ မိမိ တို့အနည် အဖတ်ပေါ် ၌ နေရာ ကျသောသူ တို့ ကို ငါစစ်ကြော မည်။

13ထိုသူ တို့၏ဥစ္စာ ကို သူတပါးလုယူ ၍ ၊ သူ တို့၏ နေရာ သည် လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ အိမ် ကို ဆောက် သော်လည်း မ နေ ရကြ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည် ကို မ သောက် ရကြ။

14ထာဝရဘုရား ၏နေ့ ကြီး နီး ပြီ။ နီး ပြီ။ အလျင်အမြန် လာ၏။ ထာဝရဘုရား ၏ နေ့ သိတင်း သည် နား၌ ခါး ၏။ ထိုနေ့၌ သူရဲ သည် အော်ဟစ် လိမ့်မည်။

15ထို နေ့ သည် အမျက် ထွက်သောနေ့ ၊ ဆင်းရဲ ပူပန် ခြင်းကို ခံရသောနေ့ ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ရာနေ့ ၊ အလင်း ကွယ်၍ မှောင်မိုက် သောနေ့ ၊ မိုဃ်းအုံ့ ၍ ထူထပ် သောမှောင်မိုက် ဖုံးလွှမ်းသောနေ့ ၊

16ခိုင်ခံ့ သောမြို့ ၊ မြင့် သောရဲတိုက် တို့တဘက် ၌ တံပိုး မှုတ်၍ ကြွေးကြော် ရာနေ့ ဖြစ်၏။

17သူတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ သူ တို့ကို ငါညှဉ်းဆဲ သဖြင့် မျက်စိ မမြင်သော သူကဲ့သို့ သွား ကြလိမ့်မည်။ သူ တို့အသွေး ကို မြေမှုန့် ကဲ့သို့ သွန်း ၍ အသား ကိုလည်း မစင် ကဲ့သို့ မှတ်ကြလိမ့်မည်။

18ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သူ တို့ရွှေ ငွေ သည် သူ တို့ကို မ ကယ်တင် နိုင် ရာ။ ဒေါသ အမျက်တော်မီး သည် တပြည်လုံး ကို လောင် လိမ့်မည်။ ပြည်သူ ပြည်သားအပေါင်း တို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။

← ဟဗက္ကုတ်အနာဂတ္တိကျမ်း 3Read In The App, Free →ဇေဖနိအနာဂတ္တိကျမ်း 2 →

Study ဇေဖနိအနာဂတ္တိကျမ်း 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123