The Bible Software
မာလခိအနာဂတ္တိကျမ်း · 1835 Judson Burmese Bible

မာလခိအနာဂတ္တိကျမ်း 2

1အို ယဇ်ပုရောဟိတ်တို့၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသော ပညတ်စကားဟူမူကား၊

2ငါ၏နာမတော်ကို ချီးမွမ်းလိုသောငှါ သင်တို့ သည် နားမထောင်၊ နှလုံးမသွင်းဘဲနေလျှင်၊ ကျိန်ခြင်း ဘေးကို သင်တို့အပေါ်သို့ ငါလွှတ်လိုက်မည်။ သင်တို့၏ မင်္ဂလာကို အမင်္ဂလာဖြစ်စေမည်။ ထိုမျှမက၊ နှလုံးမသွင်း ဘဲနေသောကြောင့် ယခုပင် အမင်္ဂလာဖြစ်စေပြီ။

3သင်တို့မျိုးစေ့ကို ငါဖျက်မည်။ တိရစ္ဆာန်ချေး တည်းဟူသော သင်တို့ ဓမ္မပွဲ၏တိရစ္ဆာန်ချေးကို သင်တို့ မျက်နှာပေါ်၌ ငါကြဲမည်။ သူတပါးတို့သည် သင်တို့ကို ထိုတိရစ္ဆာန်ချေးနှင့်အတူ ယူသွားကြလိမ့်မည်။

4ငါ၏ပဋိညာဉ်ကို လေဝိအမျိုး၌ တည်စေခြင်းငှါ၊ ဤပညတ်စကားကို သင်တို့ဆီသို့ ငါပေးလိုက်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။

5ငါဖွဲ့သော အသက်ပဋိညာဉ်၊ ငြိမ်ဝပ်ခြင်း ပဋိညာဉ်သည် ထိုအမျိုး၌ ရှိ၏။ ငါ့ကို ကြောက်ရွံ့၍ ငါ၏နာမတော်ရှေ့၌ ထိတ်လန့်သောကြောင့် ငါဖွဲ့၍ ပေး၏။

6ထိုအမျိုးသည် သစ္စာတရားစကားကို ပြောတတ် ၏။ သူ့နှုတ်၌ အပြစ်ကိုရှာ၍မတွေ့။ ငြိမ်ဝပ်ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ငါနှင့်အတူ သွားလာ၍၊ များစွာသော သူတို့ကို ဒုစရိုက်အပြစ်မှလွှဲရှောင်စေတတ် ၏။

7ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် ပညာကို စောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကို ရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။

8သင်တို့မူကား၊ လမ်းလွှဲကြပြီ။ လူများတို့သည် တရားတော်ကို ထိမိ၍ လဲစေခြင်းငှါ ပြုကြပြီ။ လေဝိ အမျိုးနှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်ကြပြီဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။

9သို့ဖြစ်၍၊ သင်တို့သည် ငါ့လမ်းတို့ကို မလိုက်၊ တရားအမှုတွင် လူမျက်နှာကို ထောက်သောကြောင့်၊ လူ ခပ်သိမ်းတို့သည် သင်တို့ကို မထီမဲ့မြင်ပြု၍ ရှုတ်ချစေခြင်း ငှါ ငါစီရင်မည်။

10ခပ်သိမ်းသော ငါတို့၌ တပါးတည်းသော အဘ ရှိသည်မဟုတ်လော။ တပါးတည်းသော ဘုရားသခင် သည် ငါတို့ကို ဖန်ဆင်းတော်မူသည်မဟုတ်လော။ ဘိုး ဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကို ရှုတ်ချ၍၊ ငါတို့ သည် အဘယ်ကြောင့် တယောက်ကိုတယောက် သစ္စာ ဖျက်ကြသနည်း။

11ယုဒအမျိုးသည် သစ္စာပျက်၏။ ဣသရေလပြည် သူ၊ ယေရုရှလင်မြို့သားတို့သည် ရွံ့ရှာဘွယ်သော အမှုကို ပြုကြ၏။ ယုဒအမျိုးသည် ထာဝရဘုရားချစ်တော်မူသော သန့်ရှင်းခြင်းတရားတော်ကို ရှုတ်ချ၍၊ တပါးအမျိုးဘုရား ၏သမီးနှင့် လက်ထပ်ပါသည်တကား။

12ထိုသို့ပြုသော ဆရာနှင့်တပည့်ကို၎င်း၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထံတော်သို့ ပူဇော် သက္ကာကို ဆောင်ခဲ့သောသူကို၎င်း၊ ယာကုပ်တဲတို့မှ ပယ် ဖြတ်တော်မူမည်။

13တဖန် သင်တို့ပြုသော အမှုဟူမူကား၊ ထာဝရ ဘုရား၏ ယဇ်ပလ္လင်ကို မျက်ရည်ကျခြင်း၊ ငိုကြွေးမြည် တမ်းခြင်းနှင့် ဖုံးအုပ်ကြပြီ။ ထိုကြောင့်၊ ပူဇော်သက္ကာကို မှတ်တော်မမူ။ သင်တို့လက်မှ နှစ်သက်သော စိတ်နှင့် ခံတော်မမူ။

14အဘယ်ကြောင့်နည်းဟု သင်တို့မေးလျှင်၊ သင့် အသက်ပျိုစဉ်အခါ လက်ထပ်၍ နောက်တဖန် သစ္စာ မစောင့်၊ ပြစ်မှားသော မယားတဘက်နှင့် သင့်တဘက် ၌ ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ထိုမယား သည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင်၏ အဆွေခင်ပွန်း၊ သင်ဖွဲ့သော ပဋိညာဉ်နှင့်ဆိုင်သော မယားဖြစ်သတည်း။

15တဦးတည်းသော်လည်း၊ ကိုယ်တော်၌ ဝိညာဉ် တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တဦးတည်း ကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သော မယားကို သစ္စာဖျက် ၍ မပြစ်မှားကြနှင့်။

16မယားကိုစွန့်ခြင်းအမှု၊ မိမိခင်ပွန်း၌ ပြစ်မှား သောအပြစ်ကို ဖုံးအုပ်ခြင်းအမှုကို ငါမုန်းသည်ဟု၊ ဣသ ရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ ထိုကြောင့်၊ ကိုယ်စိတ် သဘောကို ချုပ်တည်းကြလော့။ သစ္စာကို မပျက်ကြနှင့်။

17သင်တို့သည် ထာဝရဘုရား၏ နားတော်ငြီး သည်တိုင်အောင် စကားများကြ၏။ နားတော်ငြီးသည် တိုင်အောင် အဘယ်သို့ ပြုမိသနည်းဟု မေးသော်၊ ဒုစရိုက်ကိုပြုသောသူတိုင်း ထာဝရဘုရားရှေ့တော်၌ ကောင်း၏။ ထိုသို့သော သူတို့ကို နှစ်သက်တော်မူ၏ဟူ၍၎င်း၊ စစ်ကြောစီရင်တော်မူသော ဘုရားသခင်ကား၊ အဘယ်မှာ ရှိသနည်းဟူ၍၎င်း ဆိုတတ်ကြသည်တကား။

← မာလခိအနာဂတ္တိကျမ်း 1Read In The App, Free →မာလခိအနာဂတ္တိကျမ်း 3 →

Study မာလခိအနာဂတ္တိကျမ်း 2

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234