Isaiah 17:7
ထိုနေ့ရက်ကာလကျရောက်လာသောအခါ၊ လူတို့သည်မိမိတို့အားကူမတော်မူရန် ဣသရေလအမျိုးသားတို့၏ သန့်ရှင်းတော် မူသောဘုရားသခင်တည်းဟူသောဖန်ဆင်း တော်မူရှင်ကိုဖူးမြော်ကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
2 Chronicles 30:10စေတမန်တို့သည်ဧဖရိမ်နှင့်မနာရှေအနွယ် များ၏နယ်မြေများမြို့ရှိသမျှနှင့် မြောက်ဘက် ဇာဗုလုန်နယ်မြေသို့သွားရောက်ကြသော်လည်း လူတို့သည်သူတို့အားပြက်ရယ်ပြုကာပြောင် လှောင်ကြလေသည်။-
2 Chronicles 31:1ပွဲတော်ပြီးဆုံးသွားသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည်ယုဒမြို့ရှိသမျှ သို့သွားလျက် ကျောက်တိုင်များကိုဖြိုဖျက်၍ အာရှရဘုရားမ၏တံခွန်တိုင်များကိုခုတ် လှဲကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းဖြိုဖျက်ကြ၏။ သူတို့ သည်ယုဒနယ်မြေ၊ ဗင်္ယာမိန်နယ်မြေနှင့်မနာရှေ နယ်မြေတို့တွင်လည်းဤနည်းအတိုင်းပြုလုပ် ကြပြီးလျှင်မိမိတို့နေရပ်အသီးသီးသို့ ပြန်သွားကြ၏။
Isaiah 10:20အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။-
Isaiah 22:11ရေကန်ဟောင်းမှစီးဆင်းလာသည့်ရေတို့ကို မြို့တွင်း၌သိုလှောင်ထားနိုင်ရန် ရေလှောင်ကန် တစ်ခုကိုလည်းတူးကြ၏။ သို့ရာတွင်သူ တို့သည်ဤအမှုကိုရှေးမဆွကပင် စီမံ ထားတော်မူသောအရှင်၊ ဖြစ်ပျက်စေတော် မူသောအရှင်ဘုရားသခင်ကိုမူအလေး ဂရုမပြုကြ။
Isaiah 29:18ထိုနေ့ရက်ကာလကျရောက်လာသော အခါနားဆွံ့သူများသည် စာဖတ်သည့် အသံကိုကြားလိမ့်မည်။ မှောင်မိုက်တွင်နေ ထိုင်ရသူမျက်မမြင်များသည်လည်း မျက်စိပွင့်၍မြင်ကြလိမ့်မည်။-
Jeremiah 3:12ကိုယ်တော်သည်ငါ့ကိုမြောက်ပိုင်းနိုင်ငံသို့စေ လွှတ်၍ထာဝရဘုရားက ``သစ္စာဖောက်ဣသ ရေလ၊ ငါ့ထံသို့ပြန်လာလော့။ ငါသည်ကရု ဏာထားတော်မူသည်ဖြစ်၍သင့်အားအမျက် ထွက်လိမ့်မည်မဟုတ်။ ငါသည်အစဉ်အမြဲ အမျက်ထွက်လျက်နေလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏။-