ယေရမိအနာဂတ္တိကျမ်း 23:20
ထိုအမျက်တော်သည်ကိုယ်တော်ကြံစည်တော် မူသမျှသောအမှုများမပြီးမချင်းပြေ ငြိမ်းလိမ့်မည်မဟုတ်။ ဤအချက်ကိုကိုယ် တော်၏လူမျိုးတော်သည် လာလတ္တံ့သောနေ့ ရက်များ၌သိရှိနားလည်လာကြလိမ့်မည်'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 23
Cross References
Deuteronomy 31:29ငါသေလွန်ပြီးနောက်ဤလူတို့သည်အကျင့် ဖောက်ပြား၍ ငါသွန်သင်ခဲ့သမျှတို့ကိုပစ် ပယ်မည်ဖြစ်ကြောင်းငါသိ၏။ နောင်အခါ၌ သူတို့သည်ထာဝရဘုရားတားမြစ်သော ဒုစရိုက်ကိုပြုသောကြောင့် အမျက်တော် ထွက်သဖြင့်သူတို့သည်ဘေးဒဏ်နှင့်တွေ့ ကြုံရကြလိမ့်မည်'' ဟုသတိပေးလေ၏။
2 Kings 23:26သို့သော်မနာရှေမင်းပြုခဲ့သည့်အပြစ်များ ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို ပြင်းစွာအမျက်ထွက်လျက်ရှိရာယခုတိုင် အောင်ပင်အမျက်တော်မပြေချေ။-
Proverbs 21:30ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။
Isaiah 55:11ငါမြွက်ဆိုသည့်နှုတ်ကပတ်စကားသည်လည်း ဤနည်းအတိုင်းဖြစ်လိမ့်မည်။ ထိုနှုတ်ကပတ်တော်သည်ငါ၏အကြံအစည် တော်ကို ပြည့်စုံစေလိမ့်မည်။ ငါစေခိုင်းသမျှသောအမှုတို့ကိုပြုလိမ့်မည်။
Ezekiel 21:10သတ်ဖြတ်ရန်အတွက်ဋ္ဌားကိုထက်အောင် သွေးထားပြီး။ လျှပ်ပြက်သကဲ့သို့ပြောင်လက်စေရန် တိုက်ချွတ်ထား၏။ ငါ၏သားယုဒအုပ်စိုးသောရာဇလှံတံကြောင့် ရွှင်လန်းဝမ်းမြောက်နိုင်မည်မဟုတ်။ ထိုရာဇလှံတံသည်ဋ္ဌားဖြင့်ဒဏ်ခတ်ခြင်းခံရမည်။
Zechariah 1:6ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။