The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 39 › ယေရမိအနာဂတ္တိကျမ်း 39:4

ယေရမိအနာဂတ္တိကျမ်း 39:4

ဤ​အ​ဖြစ်​အ​ပျက်​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ နှင့် စစ်​သူ​ရဲ​ကောင်း​တို့​မြင်​လေ​လျှင်​ညဥ့်​အ​ခါ မြို့​ထဲ​မှ​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​၏။ သူ တို့​သည်​ဥ​ယျာဉ်​တော်​လမ်း​ဖြင့်​မြို့​ရိုး​နှစ်​ခု ကြား​ရှိ​တံ​ခါး​မှ​ထွက်​၍ ယော်​ဒန်​ချိုင့်​ဝှမ်း သို့​ရှေ့​ရှု​ထွက်​ပြေး​ကြ​လေ​သည်။-

Common Language Bible

In The King James Version

And it came to pass, that when Zedekiah the king of Judah saw them, and all the men of war, then they fled, and went forth out of the city by night, by the way of the king’s garden, by the gate betwixt the two walls: and he went out the way of the plain.

In Context

3(ယေ​ရု​ရှ​လင်​မြို့​ကို​သိမ်း​ယူ​ရ​ရှိ​သော​အ​ခါ နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ၊ သံ​ဂါ​နေ​ဗော၊ စာ​သ​ခိမ် နှင့်​အ​ခြား​နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ​တို့​အ​ပါ အ​ဝင်​ဗာ​ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​သည် အ​လယ်​တံ​ခါး​သို့​လာ​၍​ထိုင်​ကြ​၏။)

5သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သည် သူ တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ရာ​ယေ​ရိ​ခေါ လွင်​ပြင်​အ​နီး​တွင်​ဇေ​ဒ​ကိ​ကို​ရ​မိ​ကြ​၏။ ထို​နောက်​သူ့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​ရှိ​ရာ​ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့ သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ဗု ခဒ်​နေ​ဇာ​သည်​ဇေ​ဒ​ကိ​အ​ပေါ်​၌​စီ​ရင် ချက်​ချ​တော်​မူ​၏။-

Read all of ယေရမိအနာဂတ္တိကျမ်း 39

Cross References

Leviticus 26:17ငါ​သည်​သင်​တို့​တစ်​ဘက်​၌​ရှိ​သ​ဖြင့် သင်​တို့ သည်​စစ်​ရှုံး​၍​ရန်​သူ​၏​အုပ်​စိုး​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ သင်​တို့​သည်​အ​လွန်​ထိတ်​လန့်​သ​ဖြင့် လိုက်​သူ​မ​ရှိ​ဘဲ​နှင့်​ပြေး​ရ​ကြ​လိမ့်​မည်။

Deuteronomy 28:25``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ များ​အား​အောင်​ပွဲ​ခံ​စေ​မည်။ သင်​တို့​သည် ရန်​သူ​အား​လမ်း​တစ်​လမ်း​တည်း​ဖြင့်​တိုက် ခိုက်​ကြ​လျက် စစ်​ရှုံး​သ​ဖြင့်​လမ်း​အ​သွယ် သွယ်​ဖြင့်​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

2 Kings 25:4ထို​အ​ခါ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​မြို့​ကို ဗာ​ဗု​လုန်​တပ်​သား​များ​ဝိုင်း​ရံ​လျက်​ရှိ​သော် လည်း မြို့​ရိုး​ကို​ဖောက်​၍​ညဥ့်​အ​ခါ​ထွက်​ပြေး ကြ​၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​လမ်း အ​တိုင်း​သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား ရှိ​တံ​ခါး​ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း ဘက်​သို့​ပြေး​ကြ​၏။-

Isaiah 22:3မြား​တစ်​စင်း​ကို​မျှ​မ​ပစ်​မ​လွှတ်​ရ​မီ သင် ၏​ခေါင်း​ဆောင်​အ​ပေါင်း​သည်​ထွက်​ပြေး​သ​ဖြင့် သုံ့​ပန်း​အ​ဖြစ်​အ​ဖမ်း​ခံ​ရ​ကြ​၏။-

Isaiah 30:15ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့် မြတ်​သည့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က လူ​တို့​အား``သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကာ​တည်​ငြိမ်​စွာ ငါ့​အား​ယုံ​ကြည်​ကိုး​စား​၍ နေ​ကြ​လော့။ သို့​ပြု​လျှင်​သင်​တို့​သည်​ခွန်​အား စွမ်း​ရည်​ကို​ရ​၍​ကယ်​တင်​ခြင်း​ကို​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​ကြ။-

Jeremiah 38:18သို့​ရာ​တွင်​အ​ကယ်​၍​သင်​လက်​နက်​မ​ချ ပါ​မူ ဤ​မြို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်။ သူ​တို့ သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 39:4

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 39:3ယေရမိအနာဂတ္တိကျမ်း 39ယေရမိအနာဂတ္တိကျမ်း 39:5 →