The Bible Software
1 ဓမ္မရာဇဝင်တတိယစောင် · မြန်မာကျမ်းစာ

1 ဓမ္မရာဇဝင်တတိယစောင် 22

1ယောရှိ သည် အသက် ရှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ သုံးဆယ် တ နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဗောဇကတ် မြို့သားအဒါယ ၏သမီး ယေဒိဒ အမည် ရှိ၏

2ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၍ လက်ျာ ဘက်လက်ဝဲ ဘက်သို့မ လွှဲ ၊ အဘ ဒါဝိဒ် လိုက်သမျှ သောလမ်း သို့ လိုက် လေ၏

3ယောရှိ မင်းကြီး နန်းစံဆယ် ရှစ် နှစ် တွင် ၊ မေရှုလံ သား ဖြစ်သော အာဇလိ ၏သား စာရေး တော်ရှာဖန် ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိ ထံသို့ သွား လော့

4ဗိမာန် တော်သို့ဆောင် ခဲ့၍ လူ များလက်မှ တံခါး စောင့် ခံယူ သော ငွေ ကို ယဇ် ပုရောဟိတ်မင်း ရေတွက် သဖြင့်၊”

5ဗိမာန် တော်အုပ် ၊ အမှု တော်စောင့် တို့၌ အပ် ၍ ၊ ဗိမာန် တော်ပြိုပျက် ရာကို ပြုပြင် ခြင်းငှါ လုပ်ဆောင် သောသူ၊”

6လက်သမား နှင့် ပန်းရန် သမားလုပ်သည် အတွက် ၊ ဗိမာန် တော်ပြုပြင် စရာ ကျောက် နှင့် သစ်သား ကို ဝယ် သည်အတွက် ဝေပေး ရမည်အကြောင်း မှာထား၍ ဗိမာန် တော်သို့ စေလွှတ် တော်မူ၏

7သို့ရာတွင် ထိုငွေ ကို လက်ခံ သောသူ တို့ သည် သစ္စာ စောင့် သောသူဖြစ် သောကြောင့် စာရင်း မ ပေးရကြ

8ယဇ် ပုရောဟိတ်မင်းဟိလခိ ကလည်း ၊ ပညတ္တိ ကျမ်းစာစောင် ကို ဗိမာန် တော်၌ ငါတွေ့ ပြီဟု စာရေး တော်ရှာဖန် အား ဆို လျက်၊ ကျမ်းစာ ကို အပ် ၍ စာရေး တော်ဘတ် ၏

9တဖန် စာရေး တော်ရှာဖန် သည် ရှင်ဘုရင် ထံသို့ သွား ၍ ၊ ကိုယ်တော် ကျွန် တို့သည် ဗိမာန် တော်၌ တွေ့ သော ငွေ ကိုမှုတ်ပြီးမှ၊ ဗိမာန် တော်အုပ် ၊ အမှု တော်စောင့် တို့၌ အပ် ပါပြီဟူ၍၎င်း၊”

10ယဇ်ပုရောဟိတ် ဟိလခိ သည် ကျွန်တော် ၌ စာစောင် ကို အပ် ပါပြီဟူ၍၎င်း ကြား လျှောက်လျက် ၊ ရှင်ဘုရင် ရှေ့ တော်၌ ဘတ်ရွတ် လေ၏

11ရှင် ဘုရင်သည် ပညတ္တိ ကျမ်း စကား ကိုကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍၊ “

12ယဇ်ပုရောဟိတ် ဟိလခိ ၊ ရှာဖန် သား အဟိကံ ၊ မိက္ခါ သား အာခဗော် ၊ စာရေး တော်ရှာဖန် ၊ မိမိကျွန် အသဟိ ကိုခေါ် ၍၊ “

13ယခု တွေ့ သော ကျမ်း စကား ကြောင့် ငါ့ အတွက် ၊ လူ များအတွက် ၊ ယုဒ အမျိုးသားအပေါင်း တို့အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ငါ တို့အဘို့ ဤ ကျမ်းစာ ၌ ရေးထား သမျှ သောစကား တို့ကို ဘိုးဘေး တို့သည် နား မ ထောင်မကျင့် ဘဲနေသောကြောင့် ၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်း စွာအမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏

14ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား ၊ အချုပ်ဝန်ရှလ္လုံ ၏မယား ၊ ပရောဖက်မ ဟုလဒ သည် ယေရုရှလင် ပြင်မြို့၌ နေ သည်ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ ၊ အဟိကံ ၊ အာခဗော် ၊ ရှာဖန် ၊ အသဟိ တို့ သည်ထိုမိန်းမ ထံသို့ သွား ၍ ပြော ဆိုကြ၏

15မိန်းမကလည်း၊ ငါ့ ထံသို့ စေလွှတ် သောသူ ထံသို့ သင် တို့ပြန်၍ ဆင့်ဆို ရသော ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရ ဘုရား၏ အမိန့် တော်ဟူမူကား၊ “

16ယုဒ ရှင်ဘုရင် ဘတ် သော ကျမ်း စကား လာသမျှ အတိုင်း ငါ သည် ဤ အရပ် ၌ ၎င်း၊ ဤ အရပ်သားတို့၌ ၎င်း ၊ ဘေး ရောက် စေမည်

17အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာ တို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ၌ ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲ လောင် ရလိမ့်မည်ဟု မိန့်တော်မူ၏

18ထာဝရဘုရား ကို မေးလျှောက် စေခြင်းငှါ သင် တို့ကို စေလွှတ် သော ယုဒ ရှင်ဘုရင် ကြား သော ကျမ်းစကား ကို ရည်ဆောင်၍၊ ဣသရေလ အမျိုး ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူကြောင်း ကိုထိုရှင် ဘုရင်အား တဖန် ပြန် လျှောက်ရမည်ကား၊ “

19ဤအရပ်သားတို့သည် ဖျက်ဆီး ရာနှင့် ကျိန်ဆဲ ရာ ဖြစ် ရကြလိမ့်မည်ဟု ဤ အရပ် ကို ၎င်း ၊ ဤအရပ် သား တို့ကို၎င်း ၊ ငါခြိမ်းချောက် သော စကားကို သင် သည် ကြား သောအခါ ၊ နူးညံ့ သောစိတ်ရှိ၍ ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ ခြင်း၊ ကိုယ် အဝတ် ကိုဆုတ် ခြင်း၊ ငါ့ ရှေ့ မှာ ငိုကြွေး ခြင်းကို ပြုသောကြောင့် သင့်စကားကို ငါ နားထောင် ၏

20ငါ သည်သင့် ကို ဘိုးဘေး စုဝေး ရာသို့ ပို့ဆောင်၍ ၊ သင် သည် ငြိမ်ဝပ် စွာသင်္ချိုင်း သို့ ရောက် ရလိမ့်မည်။ ဤ အရပ် ၌ ငါ ရောက် စေအံ့သော ဘေး ကို သင့် ကိုယ်တိုင် မ တွေ့ မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင် အား ပြန် လျှောက်ကြ၏

← 1 ဓမ္မရာဇဝင်တတိယစောင် 21Read In The App, Free →1 ဓမ္မရာဇဝင်တတိယစောင် 23 →

Study 1 ဓမ္မရာဇဝင်တတိယစောင် 22

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425