The Bible Software
1 ဓမ္မရာဇဝင်တတိယစောင် · မြန်မာကျမ်းစာ

1 ဓမ္မရာဇဝင်တတိယစောင် 5

1ရှုရိ ရှင်ဘုရင် ၏ ဗိုလ်ချုပ် မင်းနေမန် သည် မိမိ သခင် ထံ မှာမျက်နှာ ရ သောသူ၊ ဘုန်းကြီး သောသူ ဖြစ် ၏။ အကြောင်း မူကား၊ ရှုရိ ပြည်သည် ထိုသူ အားဖြင့် အောင် ရ သောအခွင့်ကို ထာဝရဘုရား ပေး တော်မူပြီ။ ထိုသူ သည် ခွန်အား ကြီးသော စစ်သူရဲ ဖြစ် ၏။ သို့ရာတွင်နူနာ စွဲ၏

2ရှုရိ လူတို့သည် အလိုအလျောက်တပ် ဖွဲ့၍ ချီ သွား စဉ်တွင်၊ ဣသရေလ ပြည် မှ ဘမ်း ခဲ့သော မိန်းမ ငယ် တယောက်သည် နေမန် ၏မယား ထံ ၌ ကျွန်ခံ ရ၏

3ထိုကျွန်မကလည်း၊ ကျွန်မ သခင် သည် ရှမာရိ မြို့ ၌ ရှိသောပရောဖက် ထံ သို့ရောက်ပါစေသော။ ထိုပရောဖက်သည် သခင် ၌ စွဲသော နူနာ ကို ပျောက် စေလိမ့်မည်ဟု မိမိ သခင်မ အား ဆို ၏

4နေမန်သည် မိမိ အရှင် ထံသို့ ဝင် ၍ ဣသရေလ အမျိုး မိန်းမ ငယ်စကား ကို ပြန် လျှောက်၏

5ရှုရိ ရှင်ဘုရင် ကလည်း သွား လော့။ သွား လော့။ ဣသရေလ ရှင်ဘုရင် ထံသို့ စာ ပေး လိုက်မည်ဟု အမိန့် တော်အတိုင်း၊ နေမန်သည် ငွေ အခွက် တ ရာ၊ ရွှေ အခွက် ခြောက်ဆယ်၊ အဝတ် ဆယ် စုံ ကို ယူ သွား၍၊ “

6ဣသရေလ ရှင်ဘုရင် ထံသို့ မိမိအရှင်၏စာ ကို သွင်း လေ၏။ စာ၌ပါသောအချက်ဟူမူကား၊ ကိုယ်တော် သည် ငါ့ ကျွန် နေမန် ၏နူနာ ကို ပျောက် စေခြင်းငှါ သူ့ ကို ဤ စာ နှင့်အတူ ငါစေလွှတ် သည်ဟု ပါသတည်း

7ဣသရေလ ရှင် ဘုရင်သည် ထိုစာ ကိုကြည့် ပြီးမှ ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ ငါ သည်အသက် ပေးပိုင်၊ နှုတ် ပိုင် သော ဘုရား ဖြစ်သောကြောင့် ၊ ဤသူ သည် လူနူ ကို ချမ်းသာ ပေးစေခြင်းငှါ ငါ့ ထံသို့ စေလွှတ် သလော။ ကြည့်ကြလော။ ဤသူသည် ငါ့ ကို အဘယ် မျှလောက်ရန် ရှာချင်သည်ကို ကြည့် ကြလော့ဟု ဆို ၏

8ဣသရေလ ရှင် ဘုရင်သည် မိမိ အဝတ် ကို ဆုတ် သည်ဟု ဘုရား သခင်၏ လူ ဧလိရှဲ သည်ကြား လျှင် ၊ ကိုယ်တော် သည် အဘယ် ကြောင့်အဝတ် ကို ဆုတ် သနည်း။ ထိုသူသည် ငါ့ ထံသို့ လာ ပါလေစေ။ ဣသရေလ ပြည်၌ ပရောဖက် ရှိ သည်ကို သိ လိမ့်မည်ဟု ရှင်ဘုရင် ကို မှာ လိုက်လေ၏

9ထိုကြောင့် ၊ နေမန် သည် မြင်း ရထား ကို စီးသွား ၍ ဧလိရှဲ အိမ် ရှေ့ မှာ ရပ် နေ၏

10ဧလိရှဲ က၊ သင် သည်သွား ၍ ယော်ဒန် မြစ်၌ ခုနစ် ကြိမ် တိုင်အောင် ရေချိုး လော့။ အသား ပြောင်း ၍ သန့်ရှင်း လိမ့်မည်ဟု လူ ကိုစေလွှတ် ၍ ပြော စေ၏

11နေမန် ကလည်း၊ အကယ်၍ပရောဖက်သည် ထွက် လာမည်။ ငါ့ အနား မှာ ရပ် လျက် မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ ကို ခေါ် ၍ မိမိ လက် နှင့် သုံးသပ် သဖြင့် နူနာ ကို ပျောက် စေမည်ဟု ငါထင် ၏

12ဒမာသက် ပြည်၌အာဗန မြစ်၊ ဖာဖာ မြစ်တို့သည် ဣသရေလ မြစ် အလုံးစုံ ထက် သာ၍ ကောင်းသည် မ ဟုတ် လော ။ ထို” မြစ်၌ ငါရေချိုး ၍ မ သန့်ရှင်း ရသလော ဟု ဆို လျက် အမျက် ထွက်၍ ပြန် သွား ၏

13ကျွန် တို့သည် ချဉ်း လာ၍ အဘ ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက် စီရင်လျှင် ပြု တော်မူမည် မ ဟုတ်လော။ ရေချိုး” ၍ သာ သန့်ရှင်း ခြင်းသို့ ရောက် လော့ဟု စီရင် လျှင် အဘယ်မျှ လောက်သာ၍ပြုတော်မူသင့်ပါသည်တကားဟု လျှောက် ကြသော်၊ “

14နေမန်သည် သွား ၍ ဘုရား သခင်၏ လူ စီရင် သည်အတိုင်း ၊ ယော်ဒန် မြစ်၌ ကိုယ်ကိုခုနစ် ကြိမ် နှစ် သဖြင့် ၊ သူ ၏အသား သည် သူငယ် ၏အသား ကဲ့သို့ ပြောင်း ၍ သန့်ရှင်း ခြင်းသို့ ရောက်၏

15သို့ပြီးမှ လိုက် သော သူအပေါင်း တို့နှင့်တကွ ဘုရားသခင် ၏ လူ ထံ သို့ပြန်လာ ၍ သူ့ ရှေ့ ၌ရပ် လျက် ၊ ဣသရေလ ပြည်မှတပါး အဘယ် ပြည် ၌ မျှ ဘုရားသခင် မရှိ သည် ကို ယခု အကျွန်ုပ်သိ ပါ၏။ သို့ဖြစ်၍ ကိုယ်တော် ၏ကျွန် လှူသော အလှူလက်ဆောင်ကို ခံယူ တော်မူပါဟု တောင်း လျှောက်လေ၏

16ဧလိရှဲကလည်း၊ ငါကိုးကွယ် သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း မ ခံ မယူရဟုဆို လျှင်၊ ခံယူ စေခြင်းငှါ တဖန် တိုက်တွန်း သော်လည်း ငြင်းပယ် လျက်နေ၏

17နေမန် ကလည်း ၊ သို့ဖြစ်လျှင်ကိုယ်တော် ကျွန် သည် မြည်း နှစ် စီးနှင့် တင် ၍မြေ အနည်းငယ်ကို ယူ ပါရ စေ။ ကိုယ်တော် ကျွန် သည် မီးရှို့ ရာ ယဇ်အစ ရှိသော အဘယ်ယဇ် ကိုမျှ ထာဝရဘုရား မှတပါး အခြား သော ဘုရား အား နောက်တဖန် မ ပူဇော် ပါ

18သို့သော်လည်းအကျွန်ုပ် သခင် သည် ကိုးကွယ်အံ့ဟု ရိမ္မုန် ဘုရား၏ကျောင်း သို့ သွား၍ အကျွန်ုပ် ကို မှီ လျက် ရိမ္မုန် ကျောင်း ၌ ကိုယ်ကို ညွှတ် သောအခါ၊ အကျွန်ုပ်ကိုယ်သည်လည်းညွတ် လျှင် ၊ ထာဝရဘုရား သည် ကိုယ်တော် ကျွန် ကို အပြစ် လွှတ်တော်မူပါစေသောဟု ဆိုလျှင်၊”

19ဧလိရှဲက၊ ငြိမ်ဝပ် စွာသွား လော့ဟု ဆို ၏။ နေမန် သည် သွား ၍ အဝေးသို့မရောက်မှီ၊”

20ဘုရား သခင်၏လူ ဧလိရှဲ ၏ကျွန် ဂေဟာဇိ က၊ ဤ ရှုရိ လူနေမန် ဆောင် ခဲ့သော ဥစ္စာကို ငါ့ သခင် သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း ၊ သူ့ နောက် သို့ ငါလိုက် ၍ တစုံ တခုကို ယူ မည်ဟု အကြံရှိလျက်၊”

21နေမန် နောက် သို့ လိုက် လေ၏။ လိုက် ကြောင်း ကို နေမန် သည် မြင် လျှင် ၊ ကြိုဆို အံ့သောငှါ ရထား မှ ဆင်း ၍ ၊ ရှိသမျှကောင်း သလော ဟုမေး သော်၊”

22ဂေဟာဇိကကောင်း ပါ၏။ ယခု တွင် ပရောဖက် အမျိုးသား လုလင် နှစ် ယောက်သည် ဧဖရိမ် တောင် မှ ရောက် လာပြီ။ ငွေ အခွက် တဆယ်နှင့် အဝတ် နှစ် စုံ ကို သူ တို့အဘို့ ပေး ပါလော့ဟု တောင်းစေခြင်းငှါ၊ ကျွန်တော် သခင် သည် ကျွန်တော် ကိုစေလွှတ် ပါပြီဟု ဆို လျှင်၊ “

23နေမန် က၊ အခွက် နှစ်ဆယ်ကို မ ငြင်းယူ ပါလော့ ဟု တိုက်တွန်း လျက် ၊ ငွေ အခွက် နှစ်ဆယ်ကို အိတ် နှစ် လုံး၌ အဝတ် နှစ် စုံ နှင့်တကွ စည်း ၍ မိမိ ကျွန် နှစ် ယောက်အပေါ် မှာ တင် သဖြင့် ၊ သူတို့သည်ဂေဟာဇိ ရှေ့ ၌ ထမ်း သွားရ၏

24မြို့ရိုး သို့ ရောက် သောအခါ ၊ ထို ဥစ္စာကို ဂေဟာဇိ သည် ယူ ၍ အိမ် ၌ သိုထား သဖြင့် ၊ ထမ်းသောသူ တို့ကို လွှတ် လိုက်ပြီးမှ၊ “

25ကိုယ်တိုင် ဝင် ၍ မိမိ သခင့် ရှေ့ ၌ ရပ် နေ၏။ ဧလိရှဲ ကလည်း ၊ ဂေဟာဇိ ၊ အဘယ် အရပ်သို့ သွားဘိ သနည်းဟုမေး လျှင်၊ ကိုယ်တော် ကျွန် သည် အဘယ် အရပ် ကိုမျှ မ သွား ပါဟုပြန်ပြော သော်၊ “

26ဧလိရှဲက၊ ထိုလူသည်သင့် ကို ကြို ဆိုအံ့သောငှါ ၊ ရထား ပေါ် မှ လှည့် သောအခါ ၊ ငါ့ စိတ် ဝိညာဉ်သည် သင်နှင့်အတူ မ လိုက် သလော။ ငွေ ကိုခံယူ ချိန် ရှိသလော။ အဝတ် ၊ သံလွင် ဥယျာဉ်၊ စပျစ် ဥယျာဉ်၊ သိုး နွား ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမကို သိမ်းယူ ချိန်ရှိသလော

27သို့ဖြစ်၍နေမန် ၏ နူနာ သည်သင် ၌ ၎င်း ၊ သင် ၏ သား မြေး၌ ၎င်း၊ အစဉ်အမြဲ စွဲ စေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလျက်၊ သခင် ထံ မှ ထွက် သွား၏

← 1 ဓမ္မရာဇဝင်တတိယစောင် 4Read In The App, Free →1 ဓမ္မရာဇဝင်တတိယစောင် 6 →

Study 1 ဓမ္မရာဇဝင်တတိယစောင် 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425