The Bible Software
Ecclesiastes · မြန်မာကျမ်းစာ

Ecclesiastes 9

1အထက်ဆိုခဲ့ပြီးသော အမှု အရာအလုံးစုံ တို့ကို ငါ သည် စုံစမ်း ခြင်းငှါ ဆင်ခြင် ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိ သောသူတို့သည် သူ တို့ပြုသောအမှု များနှင့်တကွ ၊ ဘုရား သခင်၏ လက် တော်၌ ရှိကြ၏။ ချစ် တော်မူသောလက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့်အဘယ်သူ မျှမ သိနိုင်။

2ခပ်သိမ်း သောသူတို့ သည် ခပ်သိမ်း သောအမှုအရာတို့နှင့် ဆက်ဆံ ကြ၏။ တရား သောသူနှင့် မ တရား သောသူ၊ ကောင်း သောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မ စင်ကြယ်သောသူ၊ ယဇ် ပူဇော်သောသူနှင့် ယဇ် မ ပူဇော်သောသူ၊ အပြစ် မရှိသောသူနှင့် အပြစ် ရှိသောသူ၊ ကျိန်ဆို သောသူနှင့် ကျိန်ဆို ခြင်းကို ကြောက် သောသူတို့သည် တခု တည်းသောအမှုနှင့် တွေ့ကြုံကြတတ် ၏။

3နေ အောက် မှာ ပြု သမျှ သောအမှု၌ ပါသောဝမ်းနည်း စရာဟူမူကား ၊ ခပ်သိမ်း သောသူတို့သည် တခု တည်း သောအမှု နှင့် တွေ့ကြုံရကြ၏။ အကယ် စင်စစ်လူ သား တို့ ၏ စိတ် နှလုံးသည် ဒုစရိုက် သဘောနှင့်ပြည့် ၏။ အသက်ရှင် စဉ်အခါ ၊ သူ တို့သည် ရူး သောစိတ် ကို စွဲလမ်း၍ ၊ နောက် တဖန် သေ သွားတတ်ကြ၏။

4အသက်ရှင် သော လူစုအပေါင်း နှင့် ဆိုင် သေး သောသူသည် မြော်လင့် စရာရှိ ၏။ အသက်ရှင် သောခွေး သည် သေ သောခြင်္သေ့ ထက် သာ၍ကောင်းမြတ် ၏။

5အသက်ရှင် သောသူသည် မိမိသေ ရမည်ကို သိ ၏။ သေ သောသူမူကား၊ အဘယ် အရာကိုမျှမ သိ။ အကျိုး အပြစ်ကိုလည်း မ ခံရ။ သူ့ ကိုလည်း မေ့လျော့ တတ် ကြ၏။

6သူ ၏ချစ် ခြင်း၊ မုန်း ခြင်း၊ ငြူစူ ခြင်းလည်း ပျောက်ပျက် ၏။ နေ အောက် မှာ ပြု သမျှ သောအမှု၌ သူတပါး နှင့် ရောနှော ၍ မ ဆိုင်ရ။

7သွား လော့။ ဝမ်းမြောက် သောစိတ်နှင့် အစာစား လော့။ ရွှင်လန်း သောစိတ် နှင့် စပျစ်ရည် ကို သောက် လော့။ သင် ပြုသောအမှု တို့ကို ဘုရား သခင်ဝန်ခံ တော်မူ၏။

8သင့် အဝတ် လည်း ၊ အစဉ် ဖြူစင် ပါလေစေ။ သင့် ခေါင်း သည်လည်း နံ့သာ ဆီမ ခန်း မခြောက်စေနှင့်။

9နေ အောက် မှာ ပေး သနားတော်မူသောအနတ္တ အသက် ကာလပတ်လုံး ၊ သင်ချစ် သောမယား နှင့် ရွှင်လန်း စွာ အသက် ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင် ၍ နေ အောက် မှာကြိုးစား အားထုတ်ရာ၌ သင် ခံရသောအကျိုး ပေတည်း။

10ဆောင်ရွက် စရာအမှုရှိသမျှ ကိုကြိုးစား အားထုတ် ၍ ဆောင်ရွက် လော့။ အကြောင်း မူကား၊ သင် ယခု သွား ၍ ရောက်ရလတံ့သောအရပ် တည်းဟူသော မရဏာ နိုင်ငံလုပ်ဆောင် ခြင်းမ ရှိ။ ကြံစည် ခြင်းမရှိ။ သိပ္ပံ အတတ် မရှိ။ ပညာ မရှိပါတကား။

11တဖန် နေ အောက် မှာရှိသော အမှုအရာတို့ကို ငါပြန် ၍ ကြည့်ရှု သောအခါ၊ လျင်မြန် သောသူသည် ပြိုင် ၍ ပြေးသော်လည်း မ နိုင်တတ်။ ခွန်အား ကြီးသောသူသည် စစ်တိုက် ၍ မ အောင်တတ်။ ပညာရှိ သောသူသည် ဝစွာ မ စား တတ်။ ဉာဏ် ကောင်းသောသူသည် စည်းစိမ် ကို မ ရတတ်။ လိမ္မာ သောသူသည် သူတပါးရှေ့၌ မျက်နှာ မ ရတတ်။ ခပ်သိမ်း သောသူ တို့၌ ကာလ အချိန်စေ့ခြင်း၊ အဆင်သင့် ခြင်းရှိသည်အတိုင်း ဖြစ် တတ်သည်ကို ငါမြင် ၏။

12လူ သည် မိမိ ကာလ အချိန်ကိုမ သိ တတ်။ ဘေး ပြု ရာ ပိုက်ကွန် အုပ်မိ သော ငါး ကဲ့သို့ ၎င်း၊ ကျော့ကွင်း ၌ ကျော့မိ သော ငှက် ကဲ့သို့ ၎င်း၊ လူ သား တို့သည် ဘေး ပြုရာ ကာလ ထဲသို့ အမှတ်တမဲ့ ရောက် ၍ ကျော့မိ တတ်ကြ၏။

13နေ အောက် မှာ ငါတွေ့မြင် ၍ ချီးမွမ်း ဘွယ်သော ပညာ ဟူမူကား၊

14မြို့သား နည်း သောမြို့ ငယ် တမြို့ရှိ၏။ ကြီး သော ရှင် ဘုရင်တပါးသည်လာ ၍ ၊ ထိုမြို့ ပြင် မှာ ကြီးစွာ သော တပ် တို့ကို တည် ၍ ဝိုင်း ထား၏။

15ထိုမြို့ ၌ နေ သောဆင်းရဲသား ပညာရှိ တယောက်သည် မိမိ ပညာ အားဖြင့် ထိုမြို့ ကို ကယ်တင် ၏။ သို့သော်လည်း ၊ ထို ဆင်းရဲသား ကို အဘယ်သူ မျှမ အောက်မေ့။

16ထိုအခါ ငါဆို သည်ကား၊ ပညာ သည် ခွန်အား ထက် သာ၍ကောင်းမြတ် ၏။ သို့သော်လည်း ၊ ဆင်းရဲ သောသူ၏ ပညာ ကို မထီမဲ့မြင် ပြုတတ်ကြ၏။ သူ ၏စကား ကို နား မ ထောင်တတ်ကြ။

17အုပ်စိုး သောသူသည် မိုက် သောသူတို့တွင် ကြွေးကြော် သောအသံကို နားထောင်ကြသည်ထက် ၊ ငြိမ်ဝပ် ရာ၌ ပညာရှိ ပြောသောစကား ကို သာ၍နားထောင် တတ် ကြ၏။

18ပညာ သည် စစ် လက်နက် ထက် သာ၍ကောင်း မြတ် ၏။ ဒုစရိုက် ကိုပြုသောသူသည်လည်း ၊ ကောင်း သော အမှုအများ ကို ဖျက်ဆီး တတ်၏။

← Ecclesiastes 8Read In The App, Free →Ecclesiastes 10 →

Study Ecclesiastes 9

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112