The Bible Software
ဟောရှေအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ဟောရှေအနာဂတ္တိကျမ်း 14

1အိုဣသရေလ ၊ သင် သည် ကိုယ်ပြုသောဒုစရိုက်အပြစ် အားဖြင့် အကျိုးနည်း ရှိသောကြောင့် သင် ၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန် လော့။

2ပဌနာစကား ကို ပြင်ဆင် ၍ ထာဝရဘုရား ထံ တော်သို့ ပြန် လျက် ၊ အကျွန်ုပ်တို့၌ ရှိသမျှ သောအပြစ် တို့ ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူး ပြု၍ လက်ခံ တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ် နှုတ်ခမ်း တည်းဟူသော နွား သငယ် တို့ကို ပူဇော် ပါမည်။

3အာရှုရိ မင်းသည် အကျွန်ုပ် တို့ကို မ ကယ်တင် ရ။ အကျွန်ုပ်တို့သည် မြင်းစီး သူရဲမ လုပ်ပါ။ ကိုယ် လက် ဖြင့် လုပ် သောအရာတို့အား ၊ ကိုယ်တော်တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ဖြစ်ပါ၏ဟု နောက် တဖန် မ ဆို ပါ။ အကြောင်း မူကား၊ မိဘ မရှိသောသူတို့သည် ကိုယ်တော် ထံ၌ ကရုဏာ ကျေးဇူးကိုခံ တတ်ကြပါ၏ဟု လျှောက်ကြလော့။

4ငါ သည် အမျက် ပြေ သောကြောင့် သူ တို့ဖောက်ပြန် ခြင်းကို ပြုပြင် မည်။ ကိုယ် အလို အလျောက်စုံမက် မည်။

5ငါသည် နှင်း ကဲ့သို့ ဣသရေလ အပေါ် မှာ နေ မည်။ သူသည် နှင်းပွင့် ကဲ့သို့ ပွင့် လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ် စွဲ လိမ့်မည်။

6အညွှန့် တို့သည် ပြန့်ပွါး ၍ ၊ သံလွင် ပင်ကဲ့သို့ အသရေ တင့်တယ် လိမ့်မည်။ လေဗနုန် တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။

7ထိုအပင် ၏ အရိပ် အောက်၌ နေ သောသူတို့သည် အသစ် ပြုပြင်ခြင်းရှိ၍ စပါး ကိုပြုစု ကြလိမ့်မည်။ စပျစ်နွယ် ပင်ကဲ့သို့ တိုးပွါး ၍ လေဗနုန် စပျစ်ရည် ကဲ့သို့ ကျော်စော ကြလိမ့်မည်။

8ငါ သည် နောက် တဖန် ရုပ်တု ဆင်းတုတို့နှင့် အဘယ်သို့ ဆိုင်ရသနည်းဟု ဧဖရိမ် သည် ပြောလိမ့်မည်။ သူ၏စကားကိုလည်း ငါနားထောင် ၍ သူ့ ကိုကြည့်ရှု မည်။ စိမ်း သောထင်းရှုး ပင်ကဲ့သို့ ဖြစ်၍၊ သင် သည် ငါ့ ကျေးဇူးကြောင့် အသီး နှင့်ပြည့်စုံ လိမ့်မည်။

9အဘယ်သူ သည်ပညာရှိ သနည်း။ ထိုသူသည် ဤ အရာတို့ကို နားလည် လိမ့်မည်။ အဘယ်သူသည် ဉာဏ် ကောင်းသနည်း။ ထိုသူသည် ဤ အရာတို့ကို သိ ရလိမ့်မည်။ ထာဝရဘုရား ၏လမ်း တော်တို့သည် ဖြောင့် ကြ၏။ ဖြောင့်မတ် သောသူတို့ သည် လိုက် ကြလိမ့်မည်။ အဓမ္မ လူတို့မူကား ၊ ထို လမ်းတို့၌ ထိမိ၍ လဲ ကြလိမ့်မည်။

← ဟောရှေအနာဂတ္တိကျမ်း 13Read In The App, Free →Joel 1 →

Study ဟောရှေအနာဂတ္တိကျမ်း 14

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314