The Bible Software
ဟောရှေအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ဟောရှေအနာဂတ္တိကျမ်း 7

1ဣသရေလ ၏ အနာ ကို ပျောက်စေခြင်းငှါ ငါ ပြု သောအခါ ၊ ဧဖရိမ် ၏အပြစ် နှင့် ရှမာရိ ပြုသော အဓမ္မ အမှုသည် ထင်ရှား ပြန်၏။ သူတို့သည် သစ္စာ ပျက်ကြပြီ။ အထဲသို့ သူခိုး ဝင် တတ်၏။ ပြင် ၌ လည်း ထားပြ အလုံးအရင်းတို့သည် တိုက် တတ်ကြ၏။

2သူ တို့ပြုသမျှ သော အဓမ္မ အမှုကို ငါမှတ်မိ သည် ဟု မိမိ တို့ စိတ်နှလုံး ထဲမှာ မ အောက်မေ့ ကြ။ ယခုပင် ထို အမှု တို့သည် သူ တို့ကို ဝိုင်း ကြပြီ။ ငါ့ မျက်မှောက် တွင် ရှိ ကြ၏။

3ဆိုးညစ် သော အမှုအားဖြင့် ရှင် ဘုရင်ကို၎င်း၊ မုသာ စကားအားဖြင့် မင်း များကို၎င်းဝမ်းမြောက် စေကြ ၏။

4ထိုသူ အပေါင်း တို့သည် မ တရားသောမေထုန် ဖြင့် မှားယွင်းသောသူဖြစ်၍၊ မီး ထည့်သော မုန့်သည် ၏ မီးဖို နှင့် တူကြ၏။ မုန့်စိမ်း ကိုနယ် ပြီးမှ မ ဖေါင်းကြွ မှီတိုင်အောင်၊ မီး ကိုမဆော် ဘဲ ငြိမ်ဝပ် စွာ နေရ၏။

5ငါ တို့ရှင်ဘုရင် ၏ နှစ်စဉ်ပွဲနေ့ ၌ မင်း တို့သည် စပျစ်ရည် အရှိန် နှင့် ယစ်မူး ၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသောသူတို့ ကို လက်ခံ တတ်၏။

6အကယ် စင်စစ်သူ တို့သည် ချောင်း ၍ ကြည့် လျက် နေကြစဉ် မိမိ တို့နှလုံး ကိုမီးဖို ကဲ့သို့ ပြင်ဆင် ကြပြီ။ သူ တို့မုန့်သည် တညဉ့်လုံး အိပ် သော်လည်း၊ နံနက် အချိန်၌ တောက် သော မီး ကဲ့သို့ လောင် လျက်ရှိ၏။

7ထိုသူ အပေါင်း တို့သည် မီးဖို ကဲ့သို့ ပူ ကြ၏။ မိမိ တို့ တရားသူကြီး များကို လောင် ကြပြီ။ သူ တို့ရှင် ဘုရင်အပေါင်း တို့သည် လဲ ကြပြီ။ ငါ့ ကို ဟစ်ခေါ် သော သူတယောက် မျှမရှိ။

8ဧဖရိမ် သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ၏။ တမျက်နှာသာဖုတ်၍ မ လှန် သော မုန့်ပြား ဖြစ် ၏။

9သူ မ သိ မမှတ်ဘဲ တကျွန်း တနိုင်ငံသားတို့သည် သူ ၏ ခွန်အား ကို စား ကြပြီ။ ကိုယ်မ သိ မမှတ်ဘဲ ခေါင်း ပေါ် မှာ ဖြူ သောဆံပင်အနှံ့အပြား ရှိပြီ။

10ဣသရေလ အမျိုး၏ မာန သည် သူ့ မျက်မှောက် ၌ နှိမ့်ချ ခြင်းသို့ ရောက်သော်လည်း ၊ အမျိုးသားတို့သည် ကိုယ် ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ မ ပြန် မလာ ကြ။ အမှု ရောက်သော်လည်း ဘုရား ကို မ ရှာ ကြ။

11ဧဖရိမ် သည် ဉာဏ် မ ရှိ၊ မိုက် သော ချိုး နှင့် တူ၏။ အဲဂုတ္တု ပြည်ကို ဟစ်ခေါ် တတ်၏။ အာရှုရိ ပြည်သို့ ပြေး တတ်၏။

12သွား လေရာရာတွင် ငါ့ ပိုက် နှင့်သူ တို့ကို ငါအုပ်မိ မည်။ မိုဃ်း ကောင်းကင်ငှက် ကိုကဲ့သို့ မြေသို့နှိမ့်ချ မည်။ သူ တို့စည်းဝေး ရာ၌ ကြား သည်အတိုင်း ငါဆုံးမ မည်။

13သူတို့သည် ငါ့ ထံ မှ ထွက်၍ လည်သောကြောင့်အမင်္ဂလာ ရှိကြ၏။ ငါ့ ကို ပြစ်မှား သောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ၏။ သူ တို့ကို ငါရွေးနှုတ် သော်လည်း ၊ ငါ့ တဘက် ၌ မုသာ စကားကို ပြော ကြ၏။

14သူတို့သည် အိပ်ရာ ပေါ် မှာ မြည်တမ်း သော်လည်း ၊ စေတနာစိတ်နှင့် ငါ့ကို မ အော်ဟစ် ကြ။ ဆန် စပါး၊ စပျစ်ရည် ကို ရခြင်းငှါစည်းဝေး၍ ငါ့ ကို ပုန်ကန်ကြ၏။

15ငါ သည် ဆုံးမ သော်၎င်း ၊ သူ တို့ကို ခိုင်ခံ့ စေသော်၎င်း၊ ငါ့ တဘက် ၌ မ ကောင်းသော အကြံကိုကြံစည် ကြ၏။

16အကျိုးနည်းရှိကြ၏။ လိမ် တတ်သောလေး ကဲ့သို့ ဖြစ် ကြ၏။ မင်း တို့သည် စော်ကား သောကြောင့် ထား ဖြင့် သေ ၍၊ အဲဂုတ္တု ပြည်သား တို့၏ ကဲ့ရဲ့ ခြင်းကိုခံရကြ လိမ့်မည်။

← ဟောရှေအနာဂတ္တိကျမ်း 6Read In The App, Free →ဟောရှေအနာဂတ္တိကျမ်း 8 →

Study ဟောရှေအနာဂတ္တိကျမ်း 7

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314