Isaiah 21:12
ကင်းစောင့် ကလည်း၊ နံနက် သည်လာ ၏။ ညဉ့် လည်း လာ၏။ သင်တို့သည် မေးမြန်း လိုလျှင် မေးမြန်း ကြ။ ပြန် သွားကြ။ တဖန် လာကြဟု ဆို လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 17:14ညဦး ယံ ၌ ဘေး ရောက် ၍ ၊ နံနက် ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည်။ ငါ တို့ကို ညှဉ်းဆဲ သောသူတို့သည် ထိုသို့သော အကျိုး ၊ ငါ တို့ကို လုယူ ဖျက်ဆီးသောသူတို့ သည်၊ ထိုသို့ သော အမွေ ဥစ္စာကို ခံရကြလိမ့်မည်။
Jeremiah 42:19ကျန်ကြွင်း သောယုဒ အမျိုးသားတို့၊ အဲဂုတ္တု ပြည်သို့ မ သွား ကြနှင့်ဟု သင် တို့အား ထာဝရဘုရား အမိန့် တော်ရှိ၏။ ငါသည်သင် တို့ကို ယနေ့ သက်သေခံ ကြောင်း ကို သိမှတ် ကြလော့။
Ezekiel 7:5အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဘေး တခု နောက်တခု ရောက် လာ၏။
Ezekiel 7:12အချိန် စေ့ ပြီ။ နေ့ရက် နီး ပြီ။ ဝယ် သောသူသည် ဝမ်း မ မြောက်စေနှင့်။ ရောင်း သောသူသည် စိတ်မသာ၊ မ ညည်းတွား စေနှင့်။ အကြောင်း မူကား၊ ထိုလူ အစုအဝေးအပေါင်း တို့အပေါ် မှာ အမျက် တော်သည် တည်လျက် ရှိ၏။
Ezekiel 18:30သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး ၊ သင် တို့အသီးအသီး ကျင့် ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင် မည်။ သင်တို့သည် အဓမ္မ အမှုရှိသမျှ တို့ကို စွန့်ပစ် ၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက် အပြစ်ကြောင့် ထိမိ ၍ ဆုံးခြင်းသို့မ ရောက် ကြနှင့်။
Acts 2:37ထိုသူတို့သည်ကြား ရလျှင် စိတ် နှလုံးပူပန် ခြင်းရှိ၍၊ ညီအစ်ကို တို့၊ အဘယ်သို့ ပြု ရပါမည်နည်းဟု ပေတရု မှစ၍ အခြား သောတမန်တော် တို့အား မေးမြန်း ကြ၏။