The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 21

1ရေ လွှမ်းမိုးသော တော နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တောင် လေမုန်တိုင်း တိုက်သကဲ့သို့ ကြောက်မက် ဘွယ်သော ပြည် ၊ တော ကြီးမှ လာ ၏။

2ကြောက်မက် ဘွယ်သော ရူပါရုံ ကို ငါ မြင် ရ၏။ လုယူ တတ်သောသူသည် လုယူ ၏။ ဖျက်ဆီး တတ်သောသူသည် ဖျက်ဆီး ၏။ ဧလံ ပြည်သားတို့၊ တက် သွားကြလော့။ မေဒိ ပြည်သားတို့၊ မြို့ကိုဝိုင်း ထားကြလော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွား ခြင်းရှိသမျှ ကို ငါငြိမ်း စေ၏။

3ထို့ကြောင့် ၊ ငါသည် ခါးနာလှ၏။ သားဘွား သော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံ ရ၏။ နားမကြား နိုင် အောင် ပြင်းထန်စွာခံရ ၏။ မျက်စိမမြင် နိုင်အောင် မှိုင်တွေ လျက်ရှိ၏။

4ငါ့ စိတ် နှလုံးသည် မူး လျက်ရှိ၏။ ကြောက်မက် ဘွယ်သော အရာဖြင့် ငါ သည်ထိတ်လန့် လျက်ရှိ၏။ ငါ ပျော်မွေ့ သောညဉ့် ကိုဘေး နှင့် ပြည့်စုံ စေတော်မူ၏။

5စားပွဲ ကိုပြင် ပြီ။ ကင်းစောင့် ကို ထား ပြီ။ စား သောက် လျက်နေကြ၏။ အိုမင်း များတို့၊ ထ ကြ၊ လွှား ကို ဆီ လောင်းကြ။

6အကြောင်း မူကား၊ ဘုရား ရှင်က၊ သင်သွား ၍ ကင်းစောင့် ကိုထား လော့။ မြင် သည့်အတိုင်း ပြော စေလော့ ဟု ငါ့ အား မိန့် တော်မူ၏။

7ကင်းစောင့်သည်လည်း၊ နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်း တပ် တတပ်၊ မြည်း တပ် တတပ်၊ ကုလားအုပ် တပ် တတပ်ကို မြင် ၍ ၊ သတိနှင့် စေ့စေ့ကြည့်ရှုနားထောင် ပြီးလျှင်၊

8သခင် ၊ ကျွန်တော် သည် နေ့အချိန်၌ ကင်းမျှော်စင် ပေါ် မှာ အစဉ် ရပ် ၍၊ တညဉ့် လုံး၌လည်း ကင်း စောင့် လျက်နေပါ၏။

9ယခု မှာ နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်း စီးသူရဲ တပ် ကို မြင် ပါသည်ဟု ခြင်္သေ့ ကဲ့သို့ကြွေးကြော် ၏။ သူ ကလည်း၊ ဗာဗုလုန် မြို့ပြိုလဲ ပြီ၊ ပြိုလဲ ပြီ၊ သူ ၏ဘုရား ရုပ်တု ဆင်းတုရှိသမျှ တို့သည် မြေ ပေါ် မှာ ကျိုးပဲ့ လျက် ရှိကြ ပါသည်ဟု ထပ်၍ဆို လေ၏။

10ငါ နင်း နယ်၍ ငါ့ တလင်း ပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ဣသရေလ အမျိုး၏ ဘုရား သခင် မိန့်တော်မူသည်ကို ငါကြား ရသည် အတိုင်း ၊ သင် တို့အား ငါဆင့်ဆို သတည်း။

11ဒုမာ ပြည်နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ အိုကင်းစောင့် ၊ ညဉ့် အမှုကား အဘယ်သို့ နည်း။ အိုကင်းစောင့် ၊ ညဉ့် အမှုကား အဘယ်သို့ နည်းဟု စိရ တောင် ပေါ်က ငါ့ ကို ဟစ် ခေါ်လေ၏။

12ကင်းစောင့် ကလည်း၊ နံနက် သည်လာ ၏။ ညဉ့် လည်း လာ၏။ သင်တို့သည် မေးမြန်း လိုလျှင် မေးမြန်း ကြ။ ပြန် သွားကြ။ တဖန် လာကြဟု ဆို လေ၏။

13အာရပ် ပြည်နှင့် ဆိုင် သော ဗျာဒိတ် တော်ကား၊ ခရီးသွားသော ဒေဒန် လူစု တို့၊ သင်တို့သည် အာရပ် တော မှာ ညဉ့်ကို လွန် စေရကြမည်။

14တေမ ပြည် သား တို့၊ ရေ ငတ်သောသူ အဘို့ ရေ ကို ယူ ခဲ့ကြ၏။ ပြေး သောသူကို မုန့် နှင့် ဆီး ၍ ကြိုကြ၏။

15အကြောင်း မူကား၊ သူတို့သည် ထား ဘေး မှ ၎င်း၊ ထုတ် သောထား ၊ တင် သောလေး ၊ အလွန်ခက် သော စစ်မှုမှ ၎င်း ပြေး ကြ၏။

16ထာဝရ ဘုရားသည် ငါ့ အား မိန့် တော်မူသည် ကား ၊ အခစား သောသူရေတွက်သည်အတိုင်း ၊ တနှစ် တွင် ကေဒါ မြို့၏ ဘုန်း အသရေရှိသမျှ ကွယ်ပျောက် ၍၊

17ကျန် ကြွင်းသော ကေဒါ အမျိုးသား ၊ လေး စွဲသူရဲ တို့သည် အလွန် နည်း ကြလိမ့်မည်ဟု၊ ဣသရေလ အမျိုး ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။

← Isaiah 20Read In The App, Free →Isaiah 22 →

Study Isaiah 21

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566