The Bible Software
bible.software › ရှင်ယောဟန်ခရစ်ဝင် › ရှင်ယောဟန်ခရစ်ဝင် 16 › ရှင်ယောဟန်ခရစ်ဝင် 16:21

ရှင်ယောဟန်ခရစ်ဝင် 16:21

မိန်းမ သည်သားကို ဘွား စဉ်အခါ ဘွားရသောအချိန် စေ့ သောကြောင့် ဝမ်းနည်း ခြင်းရှိ ၏။ ဘွားမြင် ပြီးမှဤလောက ၌ လူ တစ်ယောက်ကိုဘွားမြင် သောကြောင့် ဝမ်းမြောက် ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာ ကို မေ့လျော့ တတ်၏။

မြန်မာကျမ်းစာ

In The King James Version

A woman when she is in travail hath sorrow, because her hour is come: but as soon as she is delivered of the child, she remembereth no more the anguish, for joy that a man is born into the world.

In Context

20ငါအမှန်အကန် ဆို သည်ကား၊ သင် တို့သည် ငိုကြွေး မြည်တမ်း ခြင်းရှိကြလိမ့်မည်။ လောကီသား တို့သည် ဝမ်းမြောက် ခြင်းရှိကြလိမ့်မည်။ သင် တို့မူကား ဝမ်းနည်း ခြင်းရှိသော်လည်း ထိုဝမ်းနည်း ခြင်းသည် တဖန် ဝမ်းမြောက် ခြင်းဖြစ် လိမ့်မည်။

22ထိုနည်းတူ၊ ယခု တွင် သင် တို့သည် ဝမ်းနည်း ခြင်းရှိ ကြသော်လည်း ၊ နောက် တဖန်သင် တို့ကို ငါတွေ့မြင် သဖြင့် သင် တို့သည်စိတ် နှလုံးဝမ်းမြောက် ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက် ခြင်းကို အဘယ်သူ မျှလုယူဖျက်ဆီးခြင်းငှာမတတ်နိုင်။

Read all of ရှင်ယောဟန်ခရစ်ဝင် 16

Cross References

Genesis 3:16မိန်းမ ကို လည်း၊ သင် ၌ ကိုယ်ဝန်ဆောင် ခြင်း ဝေဒနာ ကို ငါအလွန် များပြား စေရမည်။ ပင်ပန်းစွာ ဝေဒနာ ကို ခံ ၍ သား ဘွား ရမည်။ ကိုယ် ခင်ပွန်း ၏ အလို သို့ လိုက်၍ သူ ၏အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။

Genesis 30:23သူသည် ပဋိသန္ဓေ ယူ၍ သား ကိုဘွားမြင် လျှင် ၊ ငါ ခံရသောကဲ့ရဲ့ ခြင်းအကြောင်းကို ဘုရားသခင် သည် ပယ် တော်မူပြီဟူ၍၎င်း၊

Job 11:16ခံပြီးသောဒုက္ခ ဆင်းရဲကို မေ့လျော့ လိမ့်မည်။ လွန် သွားပြီးသော ရေ ကိုကဲ့သို့ အောက်မေ့ လိမ့်မည်။

Isaiah 13:8နာ ခြင်းဝေဒနာ အမျိုးမျိုးကိုခံရ ကြလိမ့်မည်။ သားဘွား သော မိန်းမကဲ့သို့ ဝေဒနာ ကို ခံရလျက်၊ တယောက် ကိုတယောက်ကြည့်ရှု ၍မှိုင်တွေသဖြင့်၊ သူ တို့ မျက်နှာ သည် မီးလျှံ အဆင်း ရှိလိမ့်မည်။

Jeremiah 30:6ယောက်ျား သည် သားဘွား တတ်သလောဟုမေးမြန်း ကြည့်ရှု ကြလော့။ မိန်းမသည် သားဘွား ခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိ ခါး ၌ လက် တင်သကဲ့သို့ ယောက်ျား တိုင်း ပြု၍ ၊ ခပ်သိမ်း သောသူတို့ သည် မျက်နှာ ပျက် လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါ မြင်ရသနည်း။

Micah 4:10အိုဇိအုန် သတို့သမီး ၊ သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါအားထုတ်လော့။ ယခု ပင် သင်သည် မြို့ ထဲက ထွက် ၍ လယ်ပြင် ၌ နေ ရ မည်။ ဗာဗုလုန် မြို့တိုင်အောင် သွား ရမည်။ ထို မြို့၌ လွတ် လိမ့်မည်။ ထို မြို့၌ ထာဝရဘုရား သည် သင့် ကို ရန်သူ တို့ လက် မှ ရွေးနှုတ် တော်မူလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်ယောဟန်ခရစ်ဝင် 16:21

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)
← ရှင်ယောဟန်ခရစ်ဝင် 16:20ရှင်ယောဟန်ခရစ်ဝင် 16ရှင်ယောဟန်ခရစ်ဝင် 16:22 →