Proverbs 4:2
ကောင်း သောဩဝါဒ ကို ငါပေး ၏။ ငါ့ ပညတ် တရားကို မ ပယ် ကြနှင့်။
မြန်မာကျမ်းစာ
In The King James Version
For I give you good doctrine, forsake ye not my law.
In Context
1ငါ့သား တို့၊ အဘ ၏နည်း ဥပဒေသကို နားထောင် ၍ ၊ ဉာဏ် သဘောကို နားလည် ခြင်းငှါ စေ့စေ့မှတ် ကြလော့။
3ငါ မူကား ၊ အဘ ၏ရင် နှစ်၊ အမိ ရှေ့ မှာနူးညံ့ ၍ အချစ် ဆုံးသော သားဖြစ်၏။
Cross References
Deuteronomy 32:2ငါ့ ဒေသနာ သည် မိုဃ်း ရေကဲ့သို့ စက်စက် ကျ၍၊ ငါ့ စကား သည် နှင်း ကဲ့သို့ ဖြည်းညှင်း စွာ သက်ရောက်လိမ့်မည်။ နုသောပျိုးပင် ပေါ် မှာ ရွာသောမိုဃ်း ကဲ့သို့ ၎င်း၊ မြက်ပင် ပေါ် မှာ များပြားသော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
2 Chronicles 7:19သို့မဟုတ် သင် တို့သည် လမ်းလွဲ ၍ ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို စွန့်ပယ် သဖြင့် ၊ အခြား တပါးသော ဘုရား ထံသို့ သွား ၍ ဝတ်ပြု ကိုးကွယ် လျင်၊
Job 33:3ငါ သဘော ဖြောင့် သည်နှင့်အညီငါ့ စကား ဖြောင့်လိမ့်မည်။ ငါ့ နှုတ် သည်ရှင်းလင်း သော ပညာ စကား ကို မြွက်ဆို လိမ့်မည်။
Psalms 89:30သူ ၏သား မြေးတို့သည် ငါ့ တရား ကို စွန့်ပယ် ၍ ၊ ငါ ၏စီရင် ချက်တို့ကို မ ကျင့် ၊
Proverbs 8:8ငါ ဟောပြော သမျှ သော စကား တို့သည် ဖြောင့်မတ် ၍ ၊ ကောက် သောသဘော၊ ဖောက်ပြန် သောသဘော နှင့် ကင်းစင် ကြ၏။
John 7:16ယေရှု ကလည်း၊ ငါ ဟောသောဒေသနာ သည် ငါ ၏ဒေသနာမ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ ဒေသနာဖြစ်၏။