The Bible Software
ဇေဖနိအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ဇေဖနိအနာဂတ္တိကျမ်း 2

1အရှက် မ ရှိသော အမျိုးသား တို့၊ ကိုယ်ကို စစ်ကြော ကြလော့။

2အမိန့် တော်အတိုင်း မစီရင် ၊ သင်တို့အချိန် သည် ဖွဲ ကဲ့သို့ မလွန် ၊ ထာဝရဘုရား ၏ပြင်းစွာ သော အမျက် တော်သည် သင် တို့အပေါ် သို့မ ရောက် ၊ ထာဝရဘုရား ၏ အမျက် တော်နေ့ သည် သင် တို့အပေါ် သို့ မ ရောက် မီ ကိုယ် ကို စစ်ကြောကြလော့။

3တရား တော်အတိုင်း ကျင့် ၍ စိတ်နှိမ့်ချ သော ပြည် သူပြည်သားအပေါင်း တို့၊ ထာဝရဘုရား ကို ရှာ ကြ လော့။ ဖြောင့်မတ် ခြင်းနှင့် စိတ်နှိမ့်ချ ခြင်းကိုလည်း ရှာ ကြလော့။ ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သင်တို့သည် ပုန်းရှောင် ရာကို တွေ့ကောင်းတွေ့ကြ လိမ့်မည်။

4အကယ် စင်စစ်ဂါဇ မြို့သည် စွန့်ပစ် ရာ၊ အာရှကေလုန် မြို့သည် သုတ်သင် ပယ်ရှင်းရာ ဖြစ် လိမ့်မည်။ အာဇုတ် မြို့သားတို့ကို မွန်းတည့် အချိန်၌ နှင်ထုတ် ၍ ၊ ဧကြုန် မြို့ကိုလည်း ဖြိုဖျက် ကြလိမ့်မည်။

5အို ပင်လယ် ကမ်းနား မှာ နေ သောခေရသိ အမျိုးသား တို့၊ သင် တို့တဘက် ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရှိ၏။ အို ဖိလိတ္တိ လူနေရာ ခါနာန် ပြည်၊ သင် ၌ အဘယ်သူ မျှမနေ စေခြင်းငှါငါသုတ်သင် မည်။

6ပင်လယ် ကမ်းနား အရပ်သည် ကျက်စား ရာ၊ သိုးထိန်း မှီခို ရာ၊ သိုး ခြံ လုပ်စရာဘို့ ဖြစ် လိမ့်မည်။

7ပင်လယ်ကမ်း သည်လည်း ကျန် ကြွင်းသော ယုဒ အမျိုးသား တို့အဘို့ ဖြစ် ၍၊ သူတို့သည် ထိုအရပ် ၌ ကျက်စား ကြလိမ့်မည်။ ည အချိန်၌ လည်း အာရှကေလုန် မြို့ရာအိမ် တို့၌ အိပ် ကြလိမ့်မည်။ သူ တို့၏ ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို အကြည့် အရှုကြွလာ၍ ၊ သိမ်း သွားခြင်းဘေးကို ပယ်ရှင်း တော်မူလိမ့်မည်။

8မောဘ အမျိုးသားနှင့် အမ္မုန် အမျိုးသား တို့သည် ငါ ၏လူမျိုး ကို ကဲ့ရဲ့ အပြစ်တင်၍ ၊ ငါ၏လူနေရာ တဘက် ၌ ဝါကြွား သော စကားကို ငါကြား ပြီ။

9သို့ဖြစ်၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည် ကား၊ မောဘ ပြည် နှင့် အမ္မုန် ပြည် သည်၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ ကဲ့သို့ ဆူး ပင်ပေါက်သောအရပ် ၊ ဆား ချက်ဘို့ မြေတူးရာအရပ် ၊ အစဉ် အမြဲပျက်စီး ရာအရပ် ဖြစ် ၍ ၊ ကျန် ကြွင်းသော ငါ ၏လူ ၊ ငါ ၏အမျိုးသား တို့သည် လုယူ သိမ်းစား ကြလိမ့်မည်။

10ထိုသူတို့သည် မာနကြီး သောသူဖြစ် ၍၊ ကဲ့ရဲ့ လျက် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ လူမျိုး တဘက် ၌ ဝါကြွား သောကြောင့်ထိုသို့သော အပြစ်ကိုခံရကြလိမ့်မည်။

11ထာဝရဘုရား သည် သူ တို့တဘက် ၌ ကြောက်မက် ဘွယ်ဖြစ်၍၊ လောကီ ဘုရား ရှိသမျှ တို့ကို အငတ် ထား တော်မူလိမ့်မည်။ တပါးအမျိုးသား နေရာ ကျွန်း ရှိသမျှ တို့ သည် အသီး အသီးမိမိ တို့အရပ် ၌ ရှိခိုး ကြလိမ့်မည်။

12အို ကုရှ ပြည်သားတို့၊ သင် တို့သည်လည်း ငါ့ ထား ဖြင့် အသေ ခံရကြလိမ့်မည်။

13မြောက် မျက်နှာကို လည်း တိုက် ၍ အာရှုရိ ပြည် ကို ဖျက်ဆီး တော်မူမည်။ နိနေဝေ မြို့ကို လူဆိတ်ညံ ရာအရပ် ၊ လွင်ပြင် ကဲ့သို့ သွေ့ခြောက် သော အရပ်ဖြစ် စေတော်မူမည်။

14မြို့ အလယ် ၌ သိုး စုများနှင့် တပါး အမျိုး သားရဲ အပေါင်း တို့ သည် အိပ် ကြလိမ့်မည်။ ဝံပို နှင့် ဖြူ တို့သည် တံခါး ထုပ်၌ နေရာ ကျ၍ ပြတင်းပေါက် ၌ မြည် ကြ လိမ့်မည်။ တံခါး ခုံတို့သည် လူဆိတ်ညံ လျက်၊ အာရဇ် သစ်သား၌ အပြောက် ပယ်ရှင်း လျက် ရှိလိမ့်မည်။

15ထို မြို့ က၊ ငါ ရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ ဟု ဆို လျက်၊ သောက နှင့် ကင်းလွတ်၍ ဝမ်းမြောက် လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲ အိပ် ရာအရပ်ဖြစ် ပါသည်တကား။ ရှောက် သွားသော သူအပေါင်း တို့သည် ကဲ့ရဲ့ သံ ကို ပြု၍ လက် ဖျားခါ ကြလိမ့်မည်။

← ဇေဖနိအနာဂတ္တိကျမ်း 1Read In The App, Free →ဇေဖနိအနာဂတ္တိကျမ်း 3 →

Study ဇေဖနိအနာဂတ္တိကျမ်း 2

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123