The Bible Software
ကောရိန္တုဩဝါဒစာဒုတိယစောင် · မြန်မာကျမ်းစာ

ကောရိန္တုဩဝါဒစာဒုတိယစောင် 10

1သင် တို့၏မျက်မှောက် ၌ နှိမ့်ချ ခြင်း၊ မျက်ကွယ် ၌ သင် တို့ အမှုကိုစီရင်၍ ရဲရင့် ခြင်းရှိသော ငါ ပေါလု သည်၊ ခရစ်တော် ၏နူးညံ့ သိမ်မွေ့ဖြည်းညှင်း တော်မူခြင်းကို အကြောင်းပြ၍ သင် တို့ကိုတောင်းပန် ပါ၏။

2ငါ တို့သည်ဇာတိ ပကတိအလို သို့လိုက်၍ ကျင့် သောသူဖြစ်ကြသည်ဟု ထင်မှတ် သောသူ တို့အား၊ ငါကြံစည် သောရဲရင့် ခြင်းအတိုင်း သင်တို့ဆီသို့ ရောက်လာ သောအခါ ၊ ထိုမျှလောက်ရဲရင့် ခြင်းမ ရှိမည်အကြောင်း ငါတောင်းပန် ပါ၏။

3အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် လူဇာတိ ၌ ကျင်လည် သော်လည်း၊ ဇာတိ ပကတိအလို သို့ လိုက်၍ စစ်တိုက်ကြ သည်မ ဟုတ်။

4ငါ တို့စစ်တိုက် ၍သုံးစွဲ သောလက်နက် သည် ဇာတိ ပကတိလက်နက်မ ဟုတ်။ ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် မြို့ရိုး မြို့ပြတို့ကို ဖြိုဖျက် နိုင်သော လက်နက် ဖြစ်၏။

5ထိုလက်နက်အားဖြင့်လူတို့၏အကြံအစည်တို့ကို၎င်း၊ ဘုရားသခင် ကိုသိသောပညာ ကို တားဆီး သော မာန် မာနရှိသမျှ တို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်း သောစိတ် တို့ကို ဖမ်း သွားချုပ်ထားလျက် ၊ ခရစ်တော် ၏ စကားကို နားထောင် စေကြ၏။

6သင် တို့၏နားထောင်ခြင်း အမှုသည် ပြည့်စုံ ပြီးမှ ၊ နား မထောင်ဘဲနေသော သူအပေါင်း တို့ကို ဒဏ် ပေးခြင်းငှာ ငါတို့သည် အသင့် ရှိ ကြ၏။

7မျက်နှာ ကိုသာ ကြည့်မှတ် ကြသလော။ အကြင်သူ က၊ ငါသည်ခရစ်တော် ၏လူဖြစ် သည်ဟု မိမိ ၌ စွဲလမ်း ခြင်း ရှိ၏၊ ထိုသူ သည် ခရစ်တော် ၏လူဖြစ်သကဲ့သို့ ၊ ငါ တို့ သည်လည်း ခရစ်တော်၏လူဖြစ်ကြောင်း ကို တဖန် အလိုအလျောက် ဆင်ခြင်သိမှတ် စေ။

8သင် တို့ကို ပယ်ရှင်း ဖျက်ဆီးခြင်းအလိုငှာ မ ဟုတ်။ တည်ဆောက် ခြင်းအလိုငှာ သခင် ဘုရားသည် ငါတို့၌ အပ်ပေး တော်မူသော တန်ခိုး ကို ငါ သည်သာ၍ ဝါကြွား သော်လည်း ၊ ရှက်ကြောက် စရာအကြောင်းမ ရှိ၊

9ငါရေး ၍ ပေးလိုက်သောစာ အားဖြင့် သာ သင် တို့ကို ခြိမ်းချောက် သကဲ့သို့ ငါမပြု လို။

10အကြောင်းမူကား ၊ ထိုသူ၏ စာ သည် လေးလံ သောစာ၊ တန်ခိုးနှင့် ပြည့်စုံသော စာဖြစ် ၏။ ကိုယ်တိုင် ရှိ လျှင်မူကား ၊ သတ္တိမရှိ သောသူ၊ အချည်းနှီး သော စကား ကို ပြောသောသူဖြစ်သည်ဟုဆိုတတ် သောသူရှိ၏။

11ငါတို့သည်ကိုယ်တိုင်မရှိ ၍ စာ ၌ပါသော စကား အားဖြင့် ဖြစ် သကဲ့သို့ ၊ ကိုယ်တိုင် မျက်မှောက် ရှိသောအခါ အမှုအားဖြင့်ဖြစ် လိမ့်မည်ဟု ထို သူသည် ဆင်ခြင်သိမှတ် စေ။

12ကိုယ်ကိုကိုယ် ချီးမွမ်း သော သူ တို့နှင့် ရေတွက်ဝင်ခြင်း ကို၎င်း ၊ ပြိုင် နှိုင်းခြင်းကို၎င်း၊ ငါတို့မ ပြု ဝံ့။ ထိုသူ တို့သည် အချင်းချင်း တစ်ယောက် နှင့် တစ်ယောက်ခိုင်းနှိုင်း ခြင်း၊ ပြိုင် နှိုင်းခြင်းတို့ကိုပြု၍ ပညာ မဲ့ ဖြစ်ကြ၏။

13ထိုမှတစ်ပါး ၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး ၍ ပြုသောအမှုအရာ ကို ငါတို့ဝါကြွား ခြင်းမ ရှိဝံ့၊ ဘုရားသခင် ဝေငှ တော်မူသောအငန်းအတာ ၏ အတိုင်း အရှည် အတွင်း တွင်ပြုသော အရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်း အရှည်သည် သင် တို့တိုင်အောင် ပင် မှီ သတည်း။

14သင်တို့တိုင်အောင်မမှီလျှင်၊ ငါတို့သည် လွန်ကျူး၍ ပြုကြသည်မဟုတ်။ အကြောင်းမူကား ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားကိုဟောပြော၍ ၊ သင် တို့ရှိရာသို့ တိုင်အောင်ရောက် ကြပြီ။

15-

16ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး ၍ ၊ သူတစ်ပါး အလုပ် ထဲသို့ ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည် မ ဟုတ်။ ထိုသို့သူ့ငန်း သူ့တာအတွင်း တွင်ပြင်ဆင် ပြီးသော အမှုအရာ ကို ဝါကြွား ခြင်းမ ရှိဘဲ၊ သင် တို့ ပြည် တစ်ဘက် သို့ကူး၍ ဧဝံဂေလိ တရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှာ ၊ သင် တို့ယုံကြည် ခြင်းပါရမီရင့် ပြီးမှ၊ ငါ တို့၏အငန်းအတာ သည် အလွန် ကျယ်ဝန်းမည်ဟု မြော်လင့် ခြင်းရှိ ၏။

17သို့ဖြစ်၍ ဝါကြွား သောသူ မည်သည်ကား၊ သခင် ဘုရား၌ သာ ဝါကြွား စေ။

18အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမွမ်း သောသူ သည် ဝန်ခံတော်မူသော သူဖြစ်သည်မ ဟုတ်။ သခင် ဘုရားချီးမွမ်း တော်မူခြင်းကို ခံရသော သူသာလျှင် ဝန်ခံ တော်မူသောသူ ဖြစ် သတည်း။

← ကောရိန္တုဩဝါဒစာဒုတိယစောင် 9Read In The App, Free →ကောရိန္တုဩဝါဒစာဒုတိယစောင် 11 →

Study ကောရိန္တုဩဝါဒစာဒုတိယစောင် 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213