The Bible Software
ကောရိန္တုဩဝါဒစာဒုတိယစောင် · မြန်မာကျမ်းစာ

ကောရိန္တုဩဝါဒစာဒုတိယစောင် 9

1သန့်ရှင်း သူတို့ကို လုပ်ကျွေး ခြင်း၏ အမူအရာများကို သင် တို့အား ငါ ရေး ၍ကြားလိုက်သော် အကျိုးမရှိ။

2အကြောင်းမူကား ၊ သင် တို့၏ စေတနာစိတ် ကိုငါသိ ၏။ သင် တို့၌ရှိ သောထိုစေတနာစိတ် ကို ငါဝါကြွား ၍ အခါယ ပြည်သူပြည်သားတို့သည် မနှစ် ကပင် အသင့်ရှိ ကြပြီဟုမာကေဒေါနိ လူတို့အား ငါဆို တတ်၏။ ထိုသို့သင် တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများ သောသူတို့ကို နှိုးဆော်တိုက်တွန်း လေပြီ။

3သို့သော်လည်း ငါ တို့သည် သင် တို့ကို ဝါကြွား သော စကားသည် ဤ အမှု၌ အချည်းနှီး မ ဖြစ်စေဘဲ၊ ထို စကား နှင့်အညီ သင်တို့သည်အသင့် ရှိ စေခြင်းငှာညီအစ်ကို အချို့ကို ငါစေလွှတ် ၏။

4သို့မဟုတ် မာကေဒေါနိ လူတို့သည် ငါ နှင့်အတူ လာ ၍ သင် တို့သည်အသင့်မရှိ ကြသည်ကိုတွေ့ လျှင်၊ သင် တို့ရှက် ကြလိမ့်မည်ဟု မ ဆို ဘဲ၊ ငါ တို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည်။

5ထိုကြောင့် အထက် က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက် လှူရသော ဥစ္စာ ကဲ့သို့ မ ဟုတ်။ အလှူ ကျေးဇူးကဲ့သို့ အသင့် ရှိ စေခြင်းငှာ၊ ညီအစ်ကို တို့သည် သင် တို့ဆီသို့ အရင်သွား စေ၍ ထို အလှူကျေးဇူး ကို အရင်ပြည့်စုံစေခြင်းငှာ၊ ငါသည် မတိုက်တွန်း ဘဲ မနေကောင်း ဟုသဘော ရှိ၏။

6အနည်းငယ် သောမျိုးစေ့ကိုကြဲ သောသူ သည်စပါးအနည်းငယ် သာ ရိတ် ရမည်။ များစွာ ကြဲ သောသူ သည် များစွာ ရိတ် ရမည်ဟု မှတ်ကြလော့။

7လူ တိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြော သောစိတ်နှင့် မ လှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား ၊ စေတနာ စိတ်နှင့်လှူသော သူ ကိုသာ ဘုရားသခင် နှစ်သက် တော်မူ၏။

8ကျမ်းစာ လာသည်ကား ၊ သူသည်စွန့်ကြဲ ပြီ၊ ဆင်းရဲ သောသူ တို့အား ပေးကမ်း ပြီ။

9သူ ၏ဖြောင့်မတ်ခြင်း သည် အစဉ်အမြဲ တည် တတ်၏ဟုလာသည်နှင့်အညီ၊ သင် တို့သည်အရာရာ ၌ သုံး လောက်သောဥစ္စာအမျိုးမျိုး နှင့် အစဉ် ရှိ ၍၊ ကောင်း သော အကျင့် အမျိုးမျိုး နှင့် ထူးသဖြင့်ပြည့်စုံမည် အကြောင်း၊ အမျိုးစုံ သောမင်္ဂလာ ကျေးဇူးနှင့် အထူးသဖြင့်ပြည့်စုံ စေခြင်းငှာ ဘုရားသခင် တတ်နိုင် တော်မူ၏။

10မျိုးစေ့ ကြဲ သော သူ အားမျိုးစေ့ ကို၎င်း ၊ အစာ အာဟာရကို၎င်း၊ ပေး တော်မူသောသူ သည်၊ သင် တို့အား မျိုးစေ့ ကို ပေး ၍ ပွားများ စေတော်မူမည်။ သင် တို့၏ ဖြောင့်မတ် ခြင်းကိုလည်း ကြွယ်ဝ စေတော်မူမည်။

11ထိုသို့သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုး သောစွန့်ကြဲ ပေးကမ်းခြင်းအလို့ငှာအရာရာ ၌ ကြွယ်ဝ ခြင်း ရှိသည်ဖြစ်၍၊ ငါ တို့အားဖြင့် ဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းစရာအကြောင်းရှိ လိမ့်မည်။

12အဘယ်သို့ နည်းဟူမူကား၊ ဤ လုပ်ကျွေး ခြင်းအမှု သည် သန့်ရှင်း သူတို့၏ ဆင်းရဲ ခြင်းကို မစ သည် သာမက ၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းစရာ အကြောင်းအများ နှင် ပြည့်စုံ လျက်ရှိ၏။

13သင် တို့သည်ခရစ်တော် ၏ ဧဝံဂေလိ တရားအလိုသို့ ထင်ရှားစွာလိုက်ခြင်း အလိုကို၎င်း ၊ ထိုသန့်ရှင်း သူတို့မှစသော လူအပေါင်း တို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန့်ကြဲ ပေးကမ်းခြင်း အရာကို၎င်း၊ သူတို့သည် အောက်မေ့ သောအခါ ၊ ဤ လုပ်ကျွေးခြင်း အမှု၏ လက္ခဏာ သက်သေ ကိုထောက် ၍ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်း တတ်ကြ၏။

14သင် တို့၌ ထူးမြတ် သောဘုရားသခင် ၏ ကျေးဇူး တော်ကိုလည်း သူ တို့သည်ထောက်လျှင် ၊ သင် တို့အဘို့ အလိုငှာဆုတောင်း ၍၊ အလွန် ချစ်ခင်မြတ်နိုးခြင်းစိတ် ရှိကြ၏။

15ပြော ၍မကုန်နိုင်သော ဘုရားသခင် ၏ ဆုကျေးဇူး တော်ကို အောက်မေ့၍ ချီးမွမ်း ခြင်းရှိစေသတည်း။

← ကောရိန္တုဩဝါဒစာဒုတိယစောင် 8Read In The App, Free →ကောရိန္တုဩဝါဒစာဒုတိယစောင် 10 →

Study ကောရိန္တုဩဝါဒစာဒုတိယစောင် 9

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213