The Bible Software
ရှင်ယောဟန်ခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်ယောဟန်ခရစ်ဝင် 2

1သုံး ရက်မြောက်သောနေ့ ၌ ဂါလိလဲ ပြည်ကာန မြို့တွင် မင်္ဂလာဆောင် ပွဲကိုခံ ကြစဉ်၊ ထို ပွဲ၌ယေရှု ၏ မယ်တော် ရှိ ၏။

2ယေရှု နှင့် တပည့် တော်တို့ကိုလည်း ထိုပွဲ သို့ ခေါ်ပင့် ကြ၏။

3စပျစ်ရည် ကုန် သောအခါ ၊ ယေရှု ၏မယ်တော် က၊ စပျစ်ရည် မ ရှိ ဟုကြားပြော ၏။

4ယေရှု ကလည်း ၊ အချင်းမိန်းမ ၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ အချိန် မ ရောက် သေး ဟု မိန့် တော်မူ၏။

5မယ်တော် ကလည်း၊ သူ စေခိုင်း သမျှတို့ကိုပြု ကြလော့ဟု အစေခံ တို့အားဆို လေ၏။

6ယုဒ ဘာသာအလျောက် စင်ကြယ် ခြင်းအဘို့ အလိုငှာ၊ ထို အရပ်၌ နှစ် တင်းသုံး တင်းခန့် ဝင်သော ကျောက် အိုး စရည်းခြောက် လုံး ထား လျက်ရှိ၏။

7ယေရှု ကလည်း၊ ဤရေ အိုးတို့ကိုရေ ဖြည့် ကြ ဟု အစေခံ တို့အားမိန့် တော်မူလျှင်၊ ထိုသူ တို့သည် လျှံ မတတ်ဖြည့် ကြ၏။

8ယခု ခပ် ၍ ပွဲအုပ် ထံသို့သွင်း ကြလော့ဟု မိန့် တော်မူသည်အတိုင်း သွင်း ကြ၏။

9ပွဲအုပ် သည် စပျစ်ရည် ဖြစ် စေသောရေ ကို မြည်းစမ်း ၍ ၊ ထို ရေ ကို ခပ် သောအစေခံ တို့သည် စပျစ်ရည်ကို အဘယ်မှာ ရသည်ကိုသိ သော်လည်း ၊ ပွဲအုပ် သည် မ သိ သောကြောင့်၊ မင်္ဂလာဆောင် လုလင်အား အသံကို လွှင့် ၍၊

10အခြားသောသူ မည်သည်ကား ၊ ရှေးဦးစွာ ကောင်း သောစပျစ်ရည် ကို ထည့် ၍ ဝစွာသောက် ကြပြီးမှ ညံ့ သောစပျစ်ရည်ကိုထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်း သောစပျစ်ရည် ကို ယခု တိုင်အောင် သိုထား ပြီဟုဆို ၏။

11ထိုသို့ ယေရှု သည် ရှေးဦးစွာ သော ဤ နိမိတ်လက္ခဏာကိုဂါလိလဲ ပြည်၊ ကာန မြို့၌ ပြ ၍ မိမိ ဘုန်း တော် ကိုထင်ရှား စေတော်မူ၏။ တပည့် တော်တို့သည်လည်း ယုံကြည် ကြ၏။

12ထိုနောက် မယ်တော် မှစ၍ ညီ တော်၊ တပည့် တော်တို့နှင့်တကွ ၊ ကပေရနောင် မြို့သို့ ကြွ တော်မူ၏။ ထို မြို့မှာ ကြာမြင့် စွာမ နေ ဘဲ၊

13ယုဒ ပသခါ ပွဲခံချိန် နီး သည်ရှိ သော်၊ ယေရုရှလင် မြို့သို့ ကြွ တော်မူ၏။

14ဗိမာန် တော်၌ သိုး ၊ နွား ၊ ချိုးငှက် ရောင်း သောသူ တို့ကို ၎င်း၊ ပွဲစား များထိုင် လျက်ရှိသည်ကို ၎င်း တွေ့ တော်မူလျှင်၊

15ရိုက် စရာဘို့ ကြိုး သေးများကို ပြုပြင် ပြီးမှ၊ ထိုသူအပေါင်း တို့ကို၎င်း၊ သိုး ၊ နွား များကို၎င်း၊ ဗိမာန် တော်မှ နှင်ထုတ် တော်မူ၍ ၊ ပွဲစား တို့၏ ငွေ တင်ခုံ များကို တွန်းပစ် မှောက် ထားတော်မူ၏၊

16ချိုးငှက် ရောင်း သောသူ တို့အားလည်း ၊ ဤ ဥစ္စာ ကို ယူသွား ကြ။ ငါ့ အဘ ၏ အိမ် တော်ကို ပွဲ တဲမ လုပ် ကြ နှင့် ဟု မိန့် တော်မူ၏။

17ကိုယ်တော် ၏အိမ် တော်၌ စွဲလမ်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကိုးစား ပါ၏ဟူ၍ကျမ်းစာလာ သည်ကို၊ ထိုအခါတပည့် တော်တို့သည် မှတ်မိ ကြ၏။

18ယုဒ လူတို့ကလည်း ၊ သင်သည် ဤသို့ ပြု လျှင် အဘယ် နိမိတ် လက္ခဏာကို ငါ တို့အား ပြ မည်နည်းဟု ဆို ကြ၏။

19ယေရှု ကလည်း ၊ ဤ ဗိမာန် တော်ကို ဖြိုဖျက် ကြလော့။ သုံး ရက် အတွင်း တွင် ငါတည်ဆောက် မည် ဟု မိန့် တော်မူ၏။

20ယုဒ လူတို့က၊ အနှစ် လေးဆယ် ခြောက် နှစ်ပတ်လုံးဤ ဗိမာန် တော်ကို တည်ဆောက် ကြ၏။ သင် မူကား ၊ သုံး ရက် တည်း နှင့် တည်ဆောက် မည်လောဟု ဆို ကြ၏။

21ထိုသို့ မိန့် တော်မူရာ၌ မိမိ ကိုယ် တည်းဟူသောဗိမာန် ကိုအမှတ် ပြု၍မိန့်တော်မူ၏။

22ထိုကြောင့် သေ ခြင်းမှ ထမြောက် တော်မူသည် နောက်။ ထို စကား တော်ကို တပည့် တော်တို့သည် မှတ်မိ ကြသဖြင့်၊ ကျမ်းစာ ကို၎င်း ၊ ယေရှု ၏ နှုတ်ကပတ် တော်ကို၎င်း ယုံ ကြ၏။

23ပသခါ ပွဲ အတွင်း တွင် ယေရှုသည် ယေရုရှလင် မြို့၌ ရှိ ၍ ၊ ပြ တော်မူသော နိမိတ် လက္ခဏာတို့ကို များစွာ သောသူတို့သည် မြင် ရသဖြင့် ကိုယ်တော် ကို ယုံကြည် ခြင်းသို့ ရောက်ကြ၏။

24သို့သော်လည်း ယေရှု သည် ထိုသူ တို့၌ ကိုယ် ကိုအပ် တော်မ မူ။ အကြောင်းမူကား ၊ ခပ်သိမ်း သောသူတို့ကို သိ တော်မူ၏။

25လူ ၏အထဲ ၌ရှိ သမျှ ကို သိ တော်မူသောကြောင့် ၊ လူ ၏အကြောင်း ကို သက်သေခံ စေခြင်းငှာ အဘယ်သူ ကိုမျှအလို တော်မ ရှိ။

← ရှင်ယောဟန်ခရစ်ဝင် 1Read In The App, Free →ရှင်ယောဟန်ခရစ်ဝင် 3 →

Study ရှင်ယောဟန်ခရစ်ဝင် 2

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021