The Bible Software
ရှင်လုကာခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်လုကာခရစ်ဝင် 15

1အခွန်ခံ သော သူတို့နှင့် ဆိုး သောသူ အပေါင်း တို့သည် နားထောင် ခြင်းငှာအထံ တော်သို့ ချဉ်းကပ် သည် ဖြစ် ၍ ၊

2ဖာရိရှဲ နှင့် ကျမ်းပြု ဆရာတို့က၊ ဤသူ သည် ဆိုး သောသူတို့ကိုလက်ခံ ၍ သူ တို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင် ကြ၏။

3ထိုအခါ ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူ၌ သိုး တစ်ရာ ရှိ ၍၊

4သိုးတစ် ကောင်ပျောက် လျှင်၊ ကိုးဆယ် ကိုးကောင်သော သိုးတို့ကို တော တွင် ထား ခဲ့ပြီးမှ၊ ပျောက် သောသိုး တစ် ကောင်ကို မ တွေ့ မှီတိုင်အောင်သွား ၍ မရှာဘဲနေမည်လော။

5တွေ့ ပြီးလျှင် ဝမ်းမြောက် သော စိတ်နှင့် ပခုံး ပေါ်မှာ တင် ထမ်း၍၊

6မိမိအိမ် သို့ ရောက် သောအခါ အဆွေ ခင်ပွန်းအိမ်နီးချင်း များကိုခေါ် ၍ ၊ ပျောက် သောသိုး ကို ငါတွေ့ ပြီ။ ငါ နှင့်အတူဝမ်းမြောက် ကြလော့ဟု ဆို တတ်သည် မဟုတ်လော။

7ထိုနည်းတူ ဖြောင့်မတ် ၍ နောင်တရ စရာအကြောင်းမ ရှိ သောသူ ကိုးဆယ် ကိုးယောက်တို့၌ ကောင်းကင် သားတို့သည် ဝမ်းမြောက် ခြင်းရှိသည်ထက်၊ နောင်တရ သောလူဆိုး တစ် ယောက်၌ သာ၍ ဝမ်းမြောက်ခြင်းရှိ ကြသည်ဟု ငါဆို ၏။

8တစ်နည်းကား ၊ တစ်စုံတစ်ယောက် သောမိန်းမ ၌ ငွေ ဆယ် ပြားရှိ ၍ တစ်ပြား ပျောက် လျှင် ၊ ဆီမီး ကိုထွန်း ၍ မ တွေ့ မှီတိုင်အောင်တစ်အိမ် လုံးကိုလှည်း ၍ စေ့စေ့ မ ရှာ ဘဲ နေမည်လော။

9တွေ့ ပြီးလျှင် အဆွေ ခင်ပွန်းအိမ်နီးချင်း များကိုခေါ် ၍ ၊ ပျောက် သော ငွေ ကို ငါတွေ့ ပြီ။ ငါ နှင့်အတူဝမ်းမြောက် ကြလော့ဟု ဆို တတ်သည်မဟုတ်လော။

10ထိုနည်းတူ ငါဆို သည်ကား၊ ဘုရားသခင် ၏ ကောင်းကင်တမန် တို့သည် နောင်တရ သောလူဆိုး တစ် ယောက်၌ ဝမ်းမြောက် ခြင်းရှိ ကြသည် ဟု မိန့် တော်မူ၏။

11တစ်ဖန် မိန့် တော်မူသည်ကား၊ တစ်စုံတစ်ယောက် သောသူ ၌ သား နှစ် ယောက်ရှိ ၏။

12သားအငယ် သည် အဘ ထံသို့သွား၍ ၊ အဘ ၊ အကျွန်ုပ် ရထိုက် သော အမွေ ဥစ္စာကိုဝေ ၍ ပေး ပါဟု တောင်းပန် လျှင်၊ အဘသည် ဥစ္စာ များကိုဝေ ၍ သား တို့အား ပေးလေ၏။

13ထိုနောက် များမကြာ ၊ သား အငယ် သည် မိမိ ဥစ္စာ များကို သိမ်းယူ ၍ ဝေး စွာသောပြည် သို့ သွား ပြီးလျှင်၊ ထို ပြည်မှာ ကာမဂုဏ်၌ လွန်ကျူး သောအားဖြင့်ဥစ္စာ ပြုန်းတီး ၍ ၊

14ရှိသမျှ ကုန် သောအခါ ၊ ထို ပြည် ၌ ကြီးစွာ သောအစာ ခေါင်းပါးခြင်းဖြစ် ၍ ၊ သူ သည် အလွန်ဆင်းရဲ ခြင်းသို့ ရောက်၏။

15ထိုအခါ ပြည်သား တစ် ယောက်ထံသို့သွား ၍ အစေခံလျှင် ၊ ဝက် တို့ကို ကျောင်း စေခြင်းငှာသူ့ သခင်သည် တော သို့ စေလွှတ် သဖြင့်၊

16သူသည် ဝက် စား တတ်သော ပဲတောင့် ကိုပင် စား ချင် မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူ မျှ အစာကို မကျွေး ။

17ထိုအခါ သတိရ လျှင်၊ ငါ့ အဘ ၏အိမ်၌ အခ စားသောသူများ တို့သည် ဝစွာစားရကြ၏။ ငါ မူကား ပြည် ၌သေအောင် အငတ် ခံရ၏။

18ငါ ထ ၍ အဘ ထံသို့ သွားမည်။ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။

19ယခုမှစ၍ကိုယ်တော် ၏သား ဟူ၍ခေါ် ခြင်းကိုမ ခံထိုက် ပါ။ သူငှား အရာ၌ အကျွန်ုပ် ကို ထား တော်မူပါဟု ငါပြော မည်ဟူ၍အကြံရှိသည်နှင့်၊

20ထ ၍ အဘ ထံသို့ သွား လေ၏။ သွား၍ ဝေး သေး သောအခါ အဘ သည် သူ့ ကိုမြင် လျှင် ၊ သနား သော စိတ်ရှိသည်နှင့် ပြေးသွား ၍ သား ၏လည်ပင်း ကို ပိုက် ဖက်လျက် နမ်းရှုပ် လေ၏။

21သား ကလည်း ၊ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။ ယခုမှစ၍ကိုယ်တော် ၏သား ဟူ၍ခေါ် ခြင်းကို မ ခံထိုက် ပါဟုဆို လျှင်၊

22အဘ က၊ မြတ် သောဝတ်လုံ ကို ယူခဲ့ ၍ သူ့ ကို ခြုံ ကြ၊ သူ ၏လက် ၌ လက်စွပ် တန်ဆာကို ဆင် ကြ။

23ခြေနင်း ကိုလည်း စီးစေကြ။ ဆူ အောင်ကျွေးသော နွားကလေး ကို ယူ ၍ သတ် ကြ။ သို့ပြီးမှ ငါတို့သည် စား ကြကုန်အံ့။ ပျော်မွေ့ ခြင်းကို ပြုကြကုန်အံ့။

24ငါ့ သား သည်အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ယခုတွေ့ပြန် ၏ဟုအစေအပါး တို့ကို ဆို ပြီးမှ ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြု ကြ၏။

25သား အကြီး သည် တောင်ယာ က လာ ၍ အိမ် အနီး သို့ရောက်သောအခါ ၊ က ခြင်း၊ တီးမှုတ် ခြင်းအသံကို ကြား လျှင် ၊

26ငယ်သား တစ် ယောက်ကိုခေါ် ၍ အဘယ်သို့ သောအခြင်းအရာ နည်းဟု မေး ၏။

27ငယ်သားက၊ သခင် ၏ညီ သည် ရောက်လာ ပါပြီ။ ဘေးနှင့်ကင်းလွတ် လျက်ရှိ သည်ကို အဘ တွေ့ သောကြောင့် ၊ ဆူ အောင်ကျွေးသော နွားကလေး ကိုသတ် ပါပြီဟုပြောဆို ၏။ သားအကြီးသည် အမျက်ထွက် ၍ အိမ် သို့ မ ဝင်ဘဲနေ ၏။

28အဘ သည် သူ့ ဆီသို့သွား ၍ ချော့မော့ ရ၏။

29သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလ တာရှည် စွာ အဘ ၏ အစေ ကိုခံပါပြီ။ အဘ ၏အလို ကို တစ်ခါမျှ မလွန်ကျူး ပါ။ သို့သော်လည်း အကျွန်ုပ် သည် အဆွေ တို့နှင့်အတူ ပျော်မွေ့ ခြင်းကို ပြုစေခြင်းငှာ ၊ အဘသည် ဆိတ်ကလေး တစ်ကောင်ကို တစ်ခါမျှ မပေး ။

30ပြည်တန်ဆာ မိန်းမတို့နှင့် ပေါင်းဖေါ်၍ မိမိ ဥစ္စာ ကိုဖြုန်း သော ဤ သား ငယ်ရောက်လာ သောအခါ မူကား ၊ အဘ သည် ဆူ အောင်ကျွေးသော နွားကလေး ကို သတ် လေပြီတကားဟု ဆို ၏။

31အဘကလည်း ၊ ငါ့သား ၊ သင် သည် ငါ့ ထံမှာ အစဉ် နေ ၏။ ငါ ၏ဥစ္စာရှိသမျှ သည် သင် ၏ဥစ္စာဖြစ် ၏။

32သင် ၏ညီ မူကား အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ ယခု တွေ့ပြန် ၏။ ထိုကြောင့် ပျော်မွေ့ ဝမ်းမြောက် စရာအကြောင်းရှိ ၏။ အဘဆို သည် ဟု မိန့်တော်မူ၏။

← ရှင်လုကာခရစ်ဝင် 14Read In The App, Free →ရှင်လုကာခရစ်ဝင် 16 →

Study ရှင်လုကာခရစ်ဝင် 15

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324