The Bible Software
Nehemiah · မြန်မာကျမ်းစာ

Nehemiah 11

1ထိုအခါ လူ များတို့တွင် မင်း လုပ်သောသူတို့ သည် ယေရုရှလင် မြို့၌ နေ ကြ၏။ ကြွင်း သောသူတို့သည် သန့်ရှင်း သောအရပ် ၊ ယေရုရှလင် မြို့၌ တကျိပ် တွင် တယောက် ၊ အခြား သောမြို့ တို့၌ ကိုး ယောက် နေ ရမည် အကြောင်း စာရေးတံ ပြုကြ၏။

2ယေရုရှလင် မြို့၌ နေ ခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်း တို့ကို ၊ လူ များတို့သည် ကောင်းကြီး ပေးကြ၏။

3ယုဒ မြို့ ရွာတို့တွင် ဣသရေလ လူ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ ဘုရား ကျွန်၊ ရှောလမုန် ၏ ကျွန် အမျိုးသား အသီး အသီးတို့သည် မိမိ တို့ ဆိုင် ရာအရပ် ၌ နေ ကြ၏။ ယေရုရှလင် မြို့၌ နေ သော ပြည်သူပြည်သားအကြီး အကဲ၊ မင်းအရာရှိဟူမူကား၊

4ယုဒ အမျိုး ၊ ဖာရက် ၊ မဟာလေလ ၊ ရှေဖတိ ၊ အာမရိ ၊ ဇာခရိ ၊ ဩဇိ တို့မှ ဆင်းသက်သော အသာယ တပါး၊

5ရှိလောနိ ၊ ဇာခရိ ၊ ယောယရိပ် ၊ အဒါယ ၊ ဟဇာယ ၊ ကောလဟောဇ ၊ ဗာရုတ် တို့မှ ဆင်းသက်သော မာသေယ တပါးနှင့်တကွ၊

6ယေရုရှလင် မြို့၌ နေ သောဖာရက် အမျိုးသား ၊ သူရဲ လေး ရာ ခြောက် ဆယ်ရှစ် ယောက်တည်း။

7ဗင်္ယာမိန် အမျိုး ၊ ယေရှာယ ၊ ဣသေလ ၊ မာသေယ ၊ ကောလာယ ၊ ပေဒါယ ၊ ယောဒ ၊ မေရှုလံ တို့မှ ဆင်းသက်သော သလ္လု ၊

8သူ့ နောက် ၊ ဂဗ္ဗဲ နှင့်သလ္လဲ အစရှိသော ကိုး ရာ နှစ် ဆယ်ရှစ် ယောက်တည်း။

9ဇိခရိ သား ယောလ သည် ဗင်္ယာမိန် အမျိုး အုပ် ဖြစ်၏။ သေနွာ သား ယုဒ သည် ပြင်မြို့ ကို အုပ်ရ၏။

10ယဇ်ပုရောဟိတ် မူကား ယေဒါယ ၊ ယောယရိပ် ၊ ယာခိန် နှင့်တကွ၊

11အဟိတုပ် ၊ မရာယုတ် ၊ ဇာဒုတ် ၊ မေရှုလံ ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရား သခင်၏ အိမ် တော်အုပ် စရာယ အစရှိသော၊

12အိမ် တော်အမှု ကို ဆောင်ရွက် သော အမျိုးသား ချင်း ရှစ် ရာ နှစ် ဆယ်နှစ် ယောက်တည်း။ ထိုမှတပါး၊ မာလခိ ၊ ပါရှုရ ၊ ဇာခရိ ၊ အာမဇိ ၊ ပေလလိ ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယ အစရှိသော၊

13အဆွေအမျိုးသူကြီး အမျိုးသား ချင်း နှစ် ရာလေး ဆယ် နှစ် ယောက်တည်း။ ဣမေရ ၊ မေရှိလမုတ် ၊ အဟာသဲ ၊ အာဇရေလ တို့မှ ဆင်းသက်သော အာမရှဲ အစရှိသော၊

14ခွန်အား ကြီးသော သူရဲ အမျိုးသား ချင်း တရာ နှစ် ဆယ်ရှစ် ယောက်တည်း။ ဟဂဒေါလိမ်သား ဇာဗဒေလ သည် သူ တို့ကို အုပ် ရ၏။

15လေဝိ သားမူကား၊ ဗုန္နိ ၊ ဟာရှဘိ ၊ အာဇရိကံ ၊ ဟာရှုပ် တို့မှ ဆင်းသက်သော ရှေမာယ တပါး၊

16လေဝိ သားအကြီး ရှဗ္ဗေသဲ နှင့် ယောဇဗဒ် တို့ သည် ဘုရား သခင်၏အိမ် တော်၌ ပြင် အမှု ကို ကြည့်ရှုစီရင်ရကြ၏။

17အာသပ် ၊ ဇာဗဒိ ၊ မိက္ခါ တို့မှ ဆင်းသက်သောမဿနိ သည် ကျေးဇူးတော်ကို ချီးမွမ်း ခြင်းနှင့် ဆုတောင်း ခြင်းအမှုမှာ အကြီး လုပ်သောသူဖြစ် ၏။ ဗာကဗုကိ သည် အပေါင်း အဘော်တို့တွင် ဒုတိယ သူဖြစ်၏။ ထို မှတပါး၊ ယေဒုသုန် ၊ ဂလာလ ၊ ရှမွာ တို့မှ ဆင်းသက်သော ဩဗဒိ ရှိ၏။

18သန့်ရှင်း သောမြို့ ၌ နေသောလေဝိ သားပေါင်း ကား နှစ် ရာနှစ်ဆယ်လေး ယောက်တည်း။

19တံခါး စောင့်အက္ကုပ် ၊ တာလမုန် အစရှိသော တံခါး ကို စောင့် သော အမျိုးသား ချင်း ပေါင်းကားတရာ ခုနစ် ဆယ်နှစ် ယောက်တည်း။

20ကြွင်း သော ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ယုဒ မြို့ ရွာတို့တွင် ၊ မိမိ တို့ ပိုင် ရင်းအရပ်၌ နေကြ၏။

21ဘုရား ကျွန်တို့သည် ဩဖေလ အရပ်၌ နေ ၍၊ ဇိဟ နှင့် ဂိသပ တို့ သည် ဘုရား ကျွန်အုပ် ဖြစ်ကြ၏။

22မိက္ခါ ၊ မဿနိ ၊ ဟာရှဘိ ၊ ဗာနိ တို့မှ ဆင်းသက်သော ဩဇိ သည် ယေရုရှလင် မြို့၌ နေသောလေဝိ သားတို့ ကို အုပ် ရ၏။ အာသပ် အမျိုးသား သီချင်း သည်တို့သည် လည်း ဘုရား သခင်၏ အိမ် တော်အမှု ကို ကြည့်ရှု စီရင် ရကြ၏။

23အကြောင်း မူကား၊ သီချင်း သည်တို့သည် နေ့ ရက်အစဉ်အတိုင်းစားစရာရိက္ခါကို ခံရမည်အကြောင်းရှင်ဘုရင် အမိန့် တော်ရှိ၏။

24ယုဒ အမျိုး ဇာရ အနွယ် မေရှဇဗေလ သား ပေသဟိ သည်လည်း ရှင်ဘုရင် အခွင့်နှင့် ပြည်သား တို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။

25ယုဒ လူ အချို့တို့သည် မြို့ရွာ ကျေးလက်တည်း ဟူသောကိရယသာဘ မြို့ရွာ ၊ ဒိဘုန် မြို့ ရွာ၊ ယေကပ်ဇေလ မြို့ရွာ၊

26ယေရွှ ၊ မောလဒ ၊ ဗက်ပါလက်၊

27ဟာဇာရွှာလ ၊ ဗေရရှေဘ မြို့ ရွာများ၊

28ဇိကလတ် ၊ မေကောန မြို့ ရွာများ၊

29အင်ရိမ္မုန် ၊ ဇာရ ၊ ယာမုတ်၊

30ဇာနော ၊ အဒုလံ မြို့ရွာ များ၊ လာခိရှ မြို့နှင့် ကျေးလက် များ၊ အဇေကာ မြို့ ရွာများ၊ ဗေရရှေဘ မြို့မှစ၍ ဟိန္နုံ ချိုင့်တိုင်အောင် အနှံ့အပြားနေ ကြ၏။

31ဗင်္ယာမိန် အမျိုးသား တို့သည်လည်း ဂေဗ ၊ မိတ်မတ် ၊ အာဣ ၊ ဗေသလ မြို့ ရွာတို့၌၎င်း ၊

32အာနသုတ် ၊ နောဗ ၊ အာနနိ၊

33ဟာဇော် ၊ ရာမ ၊ ဂိတ္တိမ်၊

34ဟာဒိဒ် ၊ ဇေဘိုင် ၊ နေဗလ္လတ်၊

35လောဒ ၊ ဩနော မြို့များ၌၎င်း ၊ ဆရာသမားချိုင့် ၌၎င်း နေကြ၏။

36လေဝိ သား အသင်း အပေါင်းအချို့တို့သည် ယုဒ ပြည်၊ အချို့တို့သည် ဗင်္ယာမိန် ပြည်၌ နေကြ၏။

← Nehemiah 10Read In The App, Free →Nehemiah 12 →

Study Nehemiah 11

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213