Nehemiah 7
1မြို့ရိုး ကို လက်စသတ် သောအခါ ၊ ငါသည် တံခါး တို့ကို ထူ ထောင်၍ တံခါး စောင့်၊ သီချင်း သည်၊ လေဝိ သားတို့ကို ခန့် ထားပြီးမှ၊
2သစ္စာ ရှိ၍ ဘုရား သခင်ကို အထူး သဖြင့်ရိုသေ သော ရဲတိုက် မှူး ဟာနနိ နှင့် ငါ့ ညီ ဟာနန် တို့၌ ယေရုရှလင် မြို့ကို အပ် လျက်၊
3နေ မ ထွက် မှီ ယေရုရှလင် မြို့တံခါး တို့ကို မ ဖွင့် စေနှင့်။ တံခါးစောင့် ရှိ စဉ်၊ တံခါး တို့ကို ပိတ် ၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီးမိမိတို့အရပ် မိမိ တို့အိမ် တစ်ဘက်တချက် ၌ ကင်း စောင့်စေဟု စီရင် ၏။
4အကြောင်း မူကား၊ မြို့ သည် ကျယ်ဝန်း သော်လည်း နေသောသူနည်း ၍ အိမ် များတို့ကို မ တည် မဆောက်ကြသေး။
5ထိုအခါ မှူးမတ် ၊ မင်း အရာရှိ၊ ဆင်းရဲသားတို့ကို အဆွေ အမျိုးအလိုက် စာရင်းယူခြင်းငှါ စုဝေး စေမည် အကြံကို ငါ ၏ဘုရား သခင်သည် ငါ့ စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူ၏။
6-
7တဖန် ငါတွေ့ သောစာရင်း တည်းဟူသော၊ ရှေ့ဦးစွာ ရောက်လာ သောသူတို့၏အဆွေအမျိုး စာရင်းချက်ဟူမူကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗာဗုလုန်မြို့သို့သိမ်းသွား ခြင်းကိုခံရသောလူစုထဲက ထွက် ၍ ဇေရုဗဗေလ ၊ ယောရှု ၊ နေဟမိ ၊ အာဇရိ ၊ ရာမိ ၊ နာဟမာနိ ၊ မော်ဒကဲ ၊ ဗိလရှန် ၊ မိဇပေရက် ၊ ဗိဂဝဲ ၊ နေဟုံ ၊ ဗာနာ တို့နှင့်အတူ လိုက်လာ ၍ ယေရုရှလင် မြို့အစရှိသောယုဒ ပြည်၌ အသီးအသီး ဆိုင်သောမြို့ရွာ သို့ ရောက် သောနိုင်ငံတော်သား ၊ ဣသရေလ လူ စာရင်း ဟူမူကား၊
8ပါရုတ် အမျိုးသား နှစ် ထောင်တရာ ခုနစ် ဆယ် နှစ် ယောက်၊
9ရှေဖတိ အမျိုးသား သုံး ရာ ခုနစ် ဆယ်နှစ် ယောက်၊
10အာရာ အမျိုးသား ခြောက် ရာ ငါး ဆယ်နှစ် ယောက်၊
11ပါဟတ်မောဘ အမျိုး ၊ ယောရှု နှင့် ယွာဘ အမျိုးသား နှစ် ထောင်ရှစ် ရာ တဆယ် ရှစ် ယောက်၊
12ဧလံ အမျိုးသား တ ထောင်နှစ် ရာငါး ဆယ်လေး ယောက်၊
13ဇတ္တု အမျိုးသား ရှစ် ရာ လေး ဆယ်ငါး ယောက်၊
14ဇက္ခဲ အမျိုးသား ခုနစ် ရာ ခြောက် ဆယ်၊
15ဗိနွိ အမျိုးသား ခြောက် ရာ လေး ဆယ်ရှစ် ယောက်၊
16ဗေဗဲ အမျိုးသား ခြောက် ရာ နှစ် ဆယ်သုံးယောက်၊
17အာဇဂဒ် အမျိုးသား တ ထောင်သုံး ရာ နှစ် ဆယ် နှစ် ယောက်၊
18အဒေါနိကံ အမျိုးသား ခြောက် ရာ ခြောက် ဆယ်ခုနစ် ယောက်၊
19ဗိဂဝဲ အမျိုးသား နှစ် ထောင်ငါးဆယ်ခုနစ် ယောက်၊
20အာဒိန် အမျိုးသား ခြောက် ရာ ငါး ဆယ်ငါး ယောက်၊
21ဟေဇကိ နှင့် အာတာ အမျိုးသား ကိုး ဆယ်ရှစ် ယောက်၊
22ဟာရှုံ အမျိုးသား သုံး ရာ နှစ် ဆယ်ရှစ် ယောက်၊
23ဗေဇဲ အမျိုးသား သုံး ရာ နှစ် ဆယ်လေး ယောက်၊
24ဟာရိပ် အမျိုးသား တရာ တဆယ် နှစ် ယောက်၊
25ဂိဗောင် အမျိုးသား ကိုး ဆယ်ငါး ယောက်၊
26ဗက်လင် မြို့၊ နေတောဖ မြို့သား တရာ ရှစ် ဆယ် ရှစ် ယောက်၊
27အာနသုတ် မြို့သား တရာ နှစ် ဆယ်ရှစ် ယောက်၊
28ဗေသာဇမာဝက် မြို့သား လေး ဆယ်နှစ် ယောက်၊
29ကိရယတ်ယာရိမ် မြို့၊ ခေဖိရ မြို့၊ ဗေရုတ် မြို့သား ခုနစ် ရာ လေး ဆယ်သုံး ယောက်၊
30ရာမ မြို့၊ ဂါဗ မြို့သား ခြောက် ရာ နှစ် ဆယ် တ ယောက်၊
31မိတ်မတ် မြို့သား တရာ နှစ် ဆယ်နှစ် ယောက်၊
32ဗေသလ မြို့၊ အာဣ မြို့သား တရာ နှစ် ဆယ်သုံး ယောက်၊
33အခြား သော နေဗော မြို့သား ငါး ဆယ်နှစ် ယောက်၊
34အခြား သော ဧလံ မြို့သား တ ထောင်နှစ် ရာငါး ဆယ်လေး ယောက်၊
35ဟာရိမ် မြို့သား သုံး ရာ နှစ် ဆယ်၊
36ယေရိခေါ မြို့သား သုံး ရာ လေး ဆယ်ငါး ယောက်၊
37လောဒ မြို့၊ ဟာဒိဒ် မြို့၊ ဩနော မြို့သား ခုနစ် ရာ နှစ် ဆယ်တ ယောက်၊
38သောနာ မြို့သား သုံး ထောင် ကိုး ရာ သုံး ဆယ် တည်း။
39ယဇ်ပုရောဟိတ် စာရင်းဟူမူကား၊ ယောရှု အမျိုး ထဲက ယေဒါယ အမျိုးသား ကိုး ရာ ခုနစ် ဆယ်သုံး ယောက်၊
40ဣမေရ အမျိုးသား တ ထောင်ငါး ဆယ်နှစ် ယောက်၊
41ပါရှုရ အမျိုးသား တ ထောင်နှစ် ရာလေး ဆယ်ခုနစ် ယောက်၊
42ဟာရိမ် အမျိုးသား တ ထောင် တဆယ် ခုနစ် ယောက်တည်း။
43လေဝိ သားစာရင်းဟူမူကား၊ ဟောဒေဝ အမျိုး ထဲက ယောရှု အမျိုး နှင့် ကာဒမေလ အမျိုးသားခုနစ် ဆယ် လေး ယောက်၊
44သီချင်း သည်၊ အာသပ် အမျိုးသား တရာ လေး ဆယ် ရှစ် ယောက်၊
45တံခါး စောင့် ရှလ္လုံ အမျိုးသား ၊ အာတာ အမျိုးသား ၊ တာလမုန် အမျိုးသား ၊ အက္ကုပ် အမျိုးသား ၊ ဟတိတ အမျိုးသား ၊ ရှောဗဲ အမျိုးသား ပေါင်း တရာ သုံး ဆယ်ရှစ် ယောက်တည်း။
46ဘုရား ကျွန်ခံသူ၊ ဇိဟ အမျိုးသား ၊ ဟသုဖ အမျိုးသား ၊ တဗ္ဗောက် အမျိုးသား၊
47ကေရုတ် အမျိုးသား ၊ သယ အမျိုးသား ၊ ပါဒုန် အမျိုးသား၊
48လေဗန အမျိုးသား ၊ ဟာဂဗ အမျိုးသား ၊ ရှာလမဲ အမျိုးသား၊
49ဟာနန် အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား ၊ ဂါဟာ အမျိုးသား၊
50ရာယ အမျိုးသား ၊ ရေဇိန် အမျိုးသား ၊ နေကောဒ အမျိုးသား၊
51ဂဇ္ဇမ် အမျိုးသား ၊ ဩဇ အမျိုးသား ၊ ပါသာ အမျိုးသား၊
52ဗေသဲ အမျိုးသား ၊ မုနိမ် အမျိုးသား ၊ နေဖိရှေသိမ် အမျိုးသား၊
53ဗာကဗုတ် အမျိုးသား ၊ ဟာကုဖ အမျိုးသား ၊ ဟာရဟုရ အမျိုးသား၊
54ဗာဇလိတ် အမျိုးသား ၊ မေဟိဒ အမျိုးသား ၊ ဟာရရှ အမျိုးသား၊
55ဗာရကုတ် အမျိုးသား ၊ သိသရ အမျိုးသား ၊ တာမ အမျိုးသား၊
56နေဇိ အမျိုးသား ၊ ဟတိဖ အမျိုးသား တည်း။
57ရှောလမုန် ၏ အစေခံ ကျွန်၊ သောတဲ အမျိုးသား ၊ သောဖရက် အမျိုးသား ၊ ပေရိဒ အမျိုးသား
58ယာလ အမျိုးသား ၊ ဒါကုန် အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား၊
59ရှေဖတိ အမျိုးသား ၊ ဟတ္တိလ အမျိုးသား ၊ ပေါခရက် အမျိုးသား ၊ ဇေဗိမ်အမျိုးသား၊ အာမုန် အမျိုးသား တည်း။
60ဘုရား ကျွန်နှင့် ရှောလမုန် ၏ ကျွန် ပေါင်း ကား၊ သုံး ရာ ကိုး ဆယ်နှစ် ယောက်တည်း။
61ထိုမှတပါး၊ ဣသရေလ အမျိုးမှန် သည် မမှန် သည်ကို၎င်း၊ မိမိ တို့အဆွေ အမျိုးကို၎င်းမ ပြ နိုင် ဘဲ တေလမေလ မြို့၊ တေလဟာရရှ မြို့၊ ခေရုပ် မြို့၊ အဒ္ဒုန် မြို့၊ ဣမေရ မြို့မှ ထွက်သွား သော သူဟူမူကား ၊
62ဒေလာယ အမျိုးသား ၊ တောဘိ အမျိုးသား ၊ နေကောဒ အမျိုးသား ၊ ပေါင်းခြောက် ရာ လေး ဆယ်နှစ် ယောက်တည်း။
63ယဇ်ပုရောဟိတ် အမျိုးထဲက ဟဗာယ အမျိုးသား ၊ ကောဇ အမျိုးသား ၊ ဂိလဒ် ပြည်သား၊ ဗာဇိလဲ သမီး တယောက်နှင့် စုံဘက် ၍ ယောက္ခမအမည် ကို ရသောဗာဇိလဲ အမျိုးသား တို့သည်၊
64စာရင်း ဝင်သောလူစုတွင် မိမိ တို့စာရင်း ကိုရှာ ၍ မ တွေ့ သောကြောင့် ၊ အမျိုး မစစ်၊ ယဇ် ပုရောဟိတ်အရာကို မခံရကြ။
65ဥရိမ် နှင့် သုမိမ် ပါသောယဇ်ပုရောဟိတ် မပေါ် မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်း သောအရာတို့ကို မ စား ရဟု ပြည်အုပ် မင်းစီရင် ၏။
66ပရိသတ် ပေါင်း ကား၊ လေး သောင်း နှစ် ထောင်သုံး ရာ ခြောက် ဆယ်တည်း။
67ထို မှတပါး၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမပေါင်း ခုနစ် ထောင် သုံး ရာ သုံး ဆယ်ခုနစ် ယောက်၊ သီချင်း သည် ယောက်ျား မိန်းမ ပေါင်းနှစ် ရာလေး ဆယ်ငါး ယောက်၊
68မြင်းပေါင်းခုနစ်ရာသုံးဆယ်ခြောက်စီး၊ လား ပေါင်းနှစ်ရာလေးဆယ်ငါးစီး၊
69ကုလားအုပ် ပေါင်း လေး ရာ သုံး ဆယ်ငါး စီး၊ မြည်း ပေါင်း ခြောက် ထောင် ခုနစ် ရာ နှစ် ဆယ်တည်း။
70အဆွေအမျိုးသူကြီး အချို့ တို့သည် အမှု တော်ကို ဆောင်ရွက်စရာ လှူ ကြ၏။ ပြည်အုပ် မင်းသည်လည်း ရွှေ ဒင်္ဂါး တ ထောင်၊ အင်တုံ ငါး ဆယ်၊ ယဇ်ပုရောဟိတ် အဝတ် စုံ ငါး ရာ သုံး ဆယ်ကို ဘဏ္ဍာ တော်ထဲ သို့ သွင်း လေ ၏။
71အဆွေအမျိုးသူကြီး သွင်း သော ရွှေငွေပေါင်းကား၊ ရွှေ ဒင်္ဂါး နှစ် သောင်း ၊ ငွေ အခွက် နှစ်သောင်းနှစ်ထောင်တည်း။
72ကြွင်း သောသူ တို့ သည်လည်း ရွှေ ဒင်္ဂါး နှစ် သောင်း ၊ ငွေ အခွက် နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ် စုံခြောက် ဆယ်ခုနစ် စုံကို သွင်း ကြ၏။
73ထိုသို့ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ တံခါး စောင့်၊ သီချင်း သည်၊ သာမညလူ အချို့၊ ဘုရား ကျွန်အစရှိသော ဣသရေလ ပြည်သူပြည်သားအပေါင်း တို့သည်၊ မိမိ တို့ နေရာ မြို့ ရွာတို့၌ နေရာ ကျကြ၏။