The Bible Software
Nehemiah · မြန်မာကျမ်းစာ

Nehemiah 6

1ထိုအခါ မြို့တံခါး တို့ကို မ ထူ ထောင်သေးသော်လည်း ၊ မြို့ရိုး တည် ၍ လုံကြောင်းကို သမ္ဘာလတ် ၊ တောဘိ ၊ အာရပ် လူ ဂေရှင် မှစ၍ကြွင်း သော ရန်သူ တို့သည် သိတင်းကြား သောအခါ၊

2သမ္ဘာလတ် နှင့် ဂေရှင် တို့က လာ ပါ။ ဩနော ချိုင့် တွင် ခေဖိရိမ် ရွာ မှာ တွေ့ ကြကုန်အံ့ဟု မကောင်း သော အကြံ ရှိ၍ ငါ့ ကို မှာ လိုက်ကြ၏။

3ငါကလည်း၊ ငါ သည်ကြီး သောအမှု ကို ဆောင်ရွက် ရသောကြောင့်မ ဆင်း မလာနိုင်။။ ထိုအမှုကို မဆောင်ရွက် ဘဲ သင် တို့ရှိရာသို့ ဆင်း သွား၍ ၊ အဘယ် ကြောင့်အမှု ပြတ် ရမည်နည်းဟု တမန် တို့ကို စေလွှတ် ၍ ပြန်ပြော ၏။

4ထိုသို့ လေး ကြိမ် တိုင်အောင်မှာ လိုက်၍ ၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော ၏။

5နောက်ပဉ္စမ အကြိမ် ၌ သမ္ဘာလတ် သည် ယခင် ကဲ့သို့ မိမိ ကျွန် ကို စေလွှတ် ၍ ၊ ကျွန်တွင် တံဆိပ် မခတ် သောစာ ပါ၏။

6စာချက်ဟူမူကား၊ သင် နှင့် ယုဒ လူတို့သည် ပုန်ကန် မည်အကြံ ရှိသည်ဟု လူ အမျိုးမျိုးပြောဆိုကြ၏။ ဂေရှင် လည်း သက်သေခံ ၏။ ထို စကား နှင့်အညီ သင် သည် ယုဒရှင်ဘုရင် ဖြစ် လိုသောငှါ ၊ မြို့ရိုး ကို တည် ၏။

7ယုဒ ပြည်၌ ရှင်ဘုရင် ရှိသည်ဟု သင့် ကို ရည်ဆောင်၍ ယေရုရှလင် မြို့၌ ဟောပြော ရသော ပရောဖက် တို့ကို သင် ခန့်ထားပြီ။ ထို စကား အတိုင်း ရှင်ဘုရင် အား ကြား လျှောက်ရမည်။ သို့ဖြစ်၍ လာ ပါ။ တိုင်ပင် ကြကုန်အံ့ဟု စာ၌ပါသတည်း။

8ငါကလည်း၊ သင် ပြော သော စကား တခွန်းမျှ မ မှန် ၊ ကိုယ် စိတ် ထဲ မှာ အချည်းနှီးထင်တတ်သည်ချည်းဟု စေလွှတ် ၍ ပြန်ပြော ၏။

9အကြောင်း မူကား၊ သူတို့က ထိုအလုပ် ကို လက်စ မ သတ်နိုင်အောင် သူတို့သည် အားလျော့ ကြ လိမ့်မည်ဟု ဆို လျက် ငါ တို့ကို ခြိမ်းချောက် ကြ၏။ သို့ရာတွင် ထိုစကားကြောင့် ငါ သာ၍အားရှိ ၏။

10ထိုအခါ မဟေတဗေလ သား ဖြစ်သော ဒေလာယ ၏သား ရှေမာယ သည်၊ ပုန်းရှောင် လျက်နေသောအိမ် သို့ ငါ သွား လျှင်၊ သူကဘုရား သခင်၏ အိမ် တော် အတွင်း ခန်းထဲ မှာ ငါတို့သည် စုဝေး ၍ ၊ ဗိမာန် တော် တံခါး တို့ကို ပိတ် ထားကြကုန်အံ့။ ကိုယ်တော် ကိုသတ် အံ့သောငှါ လာ ကြလိမ့်မည်။ ယနေ့ညဉ့် ၌ပင် လာ ကြလိမ့်မည်ဟု ဆို ၏။

11ငါကလည်း၊ ငါ ကဲ့သို့ သောသူ သည် ပြေး ရမည် လော။ ငါ နှင့် တူသောသူသည် အသက် ချမ်းသာခြင်းငှါ ဗိမာန် တော်ထဲ သို့ ဝင် ရမည်လော။ ငါမ ဝင် ဟု ပြန်ပြော ၏။

12ထိုသူ ကို ဘုရား သခင်စေလွှတ် တော်မ မူ။ တောဘိ နှင့် သမ္ဘာလတ် ငှါး သောကြောင့် ၊ ထိုသို့ ငါ့ တစ်ဘက် ၌ ဟောပြော သည်ကို ငါရိပ်မိ ၏။

13သူတို့သည်ငါ့ ကို ကဲ့ရဲ့ စရာအကြောင်း ရှိစေ လျက်၊ ငါကြောက် ၍ ထိုသို့ ပြု သဖြင့်၊ ပြစ်မှား စေခြင်းငှါ ထိုသူ ကို ငှါး ကြ၏။

14အို အကျွန်ုပ် ဘုရား သခင်၊ ထိုသို့ ပြု တတ်သော တောဘိ နှင့် သမ္ဘာလတ် ကို ၎င်း၊ နောဒိ အမည်ရှိသောပရောဖက် မမှစ၍အကျွန်ုပ် ကို ခြိမ်းချောက် သော ပရောဖက် တို့ကို၎င်းမှတ် တော်မူပါ။

15အရက် ငါး ဆယ်နှစ် ရက် ကြာမှ ဧလုလလ နှစ် ဆယ်ငါး ရက်နေ့တွင် မြို့ရိုး ကို လက်စသတ် ကြ၏။

16ထိုသိတင်းကို ရန်သူ တို့သည်ကြား ၍ ၊ ပတ်လည် ဝန်းကျင်၌နေသော တပါးအမျိုးသား အပေါင်း တို့သည် မြို့ရိုးကို မြင် သောအခါ ၊ ရှက် ကြောက်ခြင်းသို့ ရောက်ကြ ၏။ အကြောင်း မူကား၊ ထို အမှု သည် ငါ တို့၏ ဘုရား သခင့် အခွင့်နှင့်ပြီး ကြောင်း ကို ရိပ်မိ ကြ၏။

17ထို ကာလ တွင် ၊ ယုဒ မှူးမတ် တို့သည် များစွာ သော မေတ္တာစာ ကို တောဘိ ထံ သို့ ပေးလိုက်၍၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ၏။

18တောဘိသည် အာရာ သား ရှေကနိ ၏ သမက် ဖြစ်သောကြောင့် ၎င်း၊ သူ ၏သား ယောဟနန် သည် ဗေရခိ သား မေရှုလံ သမီး နှင့် စုံဘက် သောကြောင့်၎င်း၊ ယုဒ လူ အများ တို့သည် တောဘိထံ ၌ သစ္စာ ကိုခံကြပြီ။

19သူတို့သည် တောဘိပြုသောအမှုကောင်း တို့ကို ငါ့ အား ပြန်ပြော ကြ၏။ ငါ့ စကား ကိုလည်း သူ့ အား ပြန် ပြောကြ၏။ သူသည်လည်း ငါ ကြောက် စေခြင်းငှါ စာ ပေး လိုက်လေ၏။

← Nehemiah 5Read In The App, Free →Nehemiah 7 →

Study Nehemiah 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213