The Bible Software
Nehemiah · မြန်မာကျမ်းစာ

Nehemiah 1

1ဟာခလိ သား နေဟမိ စကား ဟူမူကား၊ အာတဇေရဇ်မင်းကြီးနန်းစံနှစ် ဆယ်၊ ခိသလု လ တွင် ၊ ငါ သည် ရှုရှန် နန်းတော် ၌ ရှိ နေ စဉ်၊

2ငါ့ ညီ ဟာနန် နှင့် ယုဒ လူ အချို့တို့သည် ရောက် လာ၍ ၊ ငါသည် သိမ်း သွားခြင်းကို ခံရသောယုဒ လူစုထဲက လွတ် သောသူတို့ ၏ အကြောင်း အရာနှင့် ၊ ယေရုရှလင် မြို့၏ အကြောင်း အရာကို မေးမြန်း လျှင်၊

3သူတို့က၊ သိမ်း သွားခြင်းကို ခံရသောလူစုထဲက လွတ် ၍ ၊ ထို ပြည် ၌ နေ သောသူတို့သည် ကြီးစွာ သော ဆင်းရဲ ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံရကြ၏။ ယေရုရှလင် မြို့ရိုး သည် ပြိုပျက် လျက်၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ပြီဟု ပြန်ပြော ကြ၏။

4ထို စကား ကိုကြား လျှင် ၊ ငါသည် ထိုင် ၍ အင်တန်ကာလ ပတ်လုံး ငိုကြွေး မြည်တမ်း လျက် ၊ အစာရှောင် လျက် နေ၍ ၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင့်ရှေ့ တော်၌ ဆုတောင်း သော ပဌာနာဟူမူကား ၊

5အို ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား ၊ ကြီးမြတ် ၍ ကြောက်မက် ဘွယ်သော ဘုရား ၊ ပညတ် တော်တို့ကို နှစ်သက် ၍ ကျင့် စောင့်သောသူတို့ နှင့် ဖွဲ့သော ကရုဏာ ပဋိညာဉ် ကို မဖျက်၊ တည် စေ တော်မူသောဘုရား၊

6ကိုယ်တော် ကျွန် ဣသရေလ အမျိုးသား တို့အဘို့ ၊ ရှေ့ တော်၌ နေ့ ညဉ့် မပြတ် အကျွန်ုပ် ဆုတောင်း ၍၊ ဣသရေလ အမျိုးသား ဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပြစ်မှား မိသော အပြစ် များကို ဘော်ပြ ၍ တောင်းပန်သော ကိုယ်တော် ကျွန် ၏ ပဌနာ စကားကို ကြား ခြင်းငှါ ၊ ယခု နားထောင်၍ စေ့စေ့ကြည့်ရှုတော်မူပါ။

7အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေ အမျိုးတို့သည် ပြစ်မှား ပါပြီ။ ကိုယ်တော် ကို ပြစ်မှား၍၊ အလွန်ဆိုးညစ် သော အမှုတို့ကို ပြုမိပါပြီ။ ကိုယ်တော် ကျွန် မောရှေ ၌ ထား တော်မူသော ပညတ် တရား၊ စီရင် ထုံးဖွဲ့တော်မူချက် တို့ကို မ စောင့် ဘဲနေပါပြီ။

8-

9ကိုယ်တော်က၊ သင် တို့သည် လွန်ကျူး လျှင်၊ သင် တို့ကို တပါး အမျိုးသားတို့တွင် ငါ ကွဲပြား စေမည်။ တဖန် ငါ့ ထံသို့ ပြန်လာ ၍၊ ငါ့ ပညတ် တို့ကိုကျင့်စောင့် ပြန်လျှင်၊ မိုဃ်းကောင်းကင် အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ် ခြင်းကိုခံရသော်လည်း၊ ထို အရပ်က ငါသိမ်းယူ ၍၊ ငါ့ နာမ တည် ရာဘို့ ငါရွေးချယ် သော အရပ် သို့ ဆောင် ခဲ့မည်ဟု ကိုယ်တော် ကျွန် မောရှေ ၌ထား တော်မူသော ဂတိ တော်ကိုအောက်မေ့ တော်မူပါ။

10ယခုမှာ၊ ဤသူ တို့သည် မဟာ တန်ခိုး တော်နှင့် အားကြီး သော လက် တော်ဖြင့် ရွေးနှုတ် တော်မူသော ကိုယ်တော် ကျွန် ၊ ကိုယ်တော် လူမျိုး ဖြစ်ကြပါ၏။

11အို ဘုရား ရှင်၊ ကိုယ်တော် ကျွန် ပြုသောပဌနာ စကားနှင့် နာမ တော်ကို ရိုသေ ချင်သော ကျွန်တော်များ ပြုသောပဌနာ စကားကို နားထောင် တော်မူပါ။ ကိုယ်တော် ကျွန် ကို ယနေ့ ကောင်းကြီးပေး တော်မူပါ။ ဤ လူ ရှေ့ မှာ မျက်နှာ ရပါမည်အကြောင်းကယ်မသနား တော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါ သည် ရှင်ဘုရင် ၏ ဖလားတော်ကိုင် ဖြစ် သတည်း။

← ဧဇရမှတ်စာ 10Read In The App, Free →Nehemiah 2 →

Study Nehemiah 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213