The Bible Software
ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

ရာဇဝင်ချုပ်ပထမစောင် 12

1ရောဗောင် မင်း သည် မိမိ နိုင်ငံကို တည် စေ၍ အား ကြီးသောအခါ ၊ ဣသရေလ အမျိုး ရှိသမျှ နှင့်တကွ ထာဝရဘုရား ၏ တရား တော်ကို စွန့် ၍၊

2ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ရောဗောင် မင်းကြီး နန်းစံငါး နှစ် တွင်၊

3အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ရထား တထောင် နှစ်ရာ ၊ မြင်း စီးသူရဲခြောက် သောင်း၊ မ ရေတွက် နိုင်သော အဲဂုတ္တ ပြည်သားများ၊ လိဗု ပြည်သား၊ သုကိ ပြည်သား၊ အဲသယောပိ ပြည်သားတို့နှင့်တကွ ၊ ယေရုရှလင် မြို့သို့ စစ်ချီ ၍၊

4ယုဒ ပြည်၌ ခိုင်ခံ့ သော မြို့ တို့ကိုတိုက် ယူပြီးမှ ၊ ယေရုရှလင် မြို့သို့ ရောက် လေ၏။

5ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင် မြို့၌ စုဝေး သော ယုဒ မင်း များထံ၊ ရောဗောင် မင်းထံ တော်သို့ ပရောဖက် ရှေမာယ သည်လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ သင် တို့သည် ငါ့ ကိုစွန့် သောကြောင့် ၊ ငါသည် သင်တို့ကို ရှိရှက် မင်းလက် သို့ အပ် လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင်၊

6ရှင်ဘုရင် နှင့် ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ် တော်မူသည် ဟုဆို ၍ ၊ မိမိတို့ကို နှိမ့်ချ ကြ၏။

7ထိုသို့ နှိမ့်ချ ကြောင်း ကို ထာဝရဘုရား မြင် လျှင် ၊ နှုတ်ကပတ် တော်သည် ရှေမာယ သို့ ရောက် ၍ ၊ သူတို့သည် နှိမ့်ချ ကြပြီ။ ထိုကြောင့်သူ တို့ကို ငါမ ဖျက်ဆီး ၊ အနည်းငယ် သော ချမ်းသာ ကိုပေး မည်။ ရှိရှက် လက် ဖြင့် ယေရုရှလင် မြို့အပေါ် သို့ ငါ့ အမျက် ကို မ သွန်းလောင်း ရ။

8သို့ရာတွင် ငါ့ ထံ၌ အမှုထမ်း ခြင်း၊ တပါး အမျိုးသားရှင်ဘုရင်ထံ၌ အမှု ထမ်းခြင်းကို ပိုင်းခြား၍ သိ စေခြင်းငှါ၊ ရှိရှက်မင်းထံ၌ ကျွန် ခံရ ကြမည်ဟု မိန့်တော်မူ ၏။

9အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ဗိမာန် တော်ဘဏ္ဍာ နှင့် နန်းတော် ဘဏ္ဍာ ရှိသမျှ ကို သိမ်း သွား၏။ ရှောလမုန် လုပ် သော ရွှေ ဒိုင်း ရှိသမျှကို လည်း ယူ သွား၏။

10ရောဗောင် မင်းကြီး သည် ရွှေဒိုင်းအစား၊ ကြေးဝါ ဒိုင်း တို့ကိုလုပ် ၍ ၊ နန်းတော် တံခါး စောင့် ၊ ကိုယ်ရံတော်မှူး ၌ အပ် လေ၏။

11ရှင် ဘုရင်သည် ဗိမာန် တော်သို့ သွား သောအခါ ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက်တဖန် မိမိ တို့စောင့် ရာ အခန်း မှာ ပြန် ထားကြ၏။

12ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချ သောအခါ ၊ ထာဝရဘုရား သည် သူ့ ကို ရှင်းရှင်း မ ဖျက်ဆီး မည် အကြောင်း ၊ အမျက် တော်ကို လွှဲ တော်မူ၏။ ယုဒ ပြည်၌ လည်း ၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊

13ရောဗောင် မင်းကြီး သည် ယေရုရှလင် မြို့၌ ကိုယ်ကိုခိုင်ခံ့ စေ၍ စိုးစံ သေး၏။ရောဗောင် သည်နန်းထိုင် သောအခါ၊ အသက် လေးဆယ် တနှစ် ရှိ၏။ထာဝရဘုရား သည်နာမ တော်တည် စရာဘို့၊ ဣသရေလ ခရိုင် များတို့အထဲ ကရွေးကောက် သော ယေရုရှလင် မြို့၌၊ ဆယ် ခုနှစ် နှစ် စိုးစံ လေ၏။မယ်တော် ကားအမ္မုန် အမျိုးသားနေမ အမည် ရှိ၏။

14ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ မိမိ သဘော မ ချ သောကြောင့် ၊ ဒုစရိုက် အမှုကိုပြု ၏။

15ရောဗောင် ပြုမူသော အမှု အရာအစ အဆုံး တို့ သည်၊ ပရောဖက် ရှေမာယ ၏ကျမ်း နှင့် ၊ ပရောဖက် ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း ၌ ရေးထား လျက် ရှိ၏။ ရောဗောင် နှင့် ယေရောဗောင် တို့သည်၊ အသက် ရှည်သမျှကာလပတ်လုံးရန်ဘက် ပြုကြ၏။

16ရောဗောင် သည်လည်း ၊ ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော် အဘိယ သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏။

← ရာဇဝင်ချုပ်ပထမစောင် 11Read In The App, Free →ရာဇဝင်ချုပ်ပထမစောင် 13 →

Study ရာဇဝင်ချုပ်ပထမစောင် 12

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536