The Bible Software
1 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

1 ဓမ္မရာဇဝင်ပထမစောင် 10

1ထိုနောက် အမ္မုန် ရှင် ဘုရင်သည် သေ ၍ သား တော်ဟာနုန် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။

2ဒါဝိဒ် ကလည်း ၊ ဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့် ၊ သူ၏သား ၌ ငါကျေးဇူး ပြု မည်ဟုဆို လျက် ၊ သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ ကျွန် တို့ကို စေလွှတ် ၍ ၊ ဒါဝိဒ် ၏ကျွန် တို့သည် အမ္မုန် ပြည် သို့ရောက် ကြ၏။

3အမ္မုန် အမျိုး မှူးမတ် တို့သည် မိမိ တို့အရှင် ဟာနုန် ထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေ သောသူတို့ ကိုစေလွှတ် ရာတွင် ခမည်းတော် ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့ တော်ကိုစစ်ဆေး စူးစမ်း ၍ ဖျက်ဆီး ခြင်းငှာ သာသူ ၏ကျွန် တို့ကိုစေလွှတ် သည် မ ဟုတ်လော ဟု လျှောက် ကြသော်၊

4ဟာနုန် သည် ဒါဝိဒ် ၏ကျွန် တို့ကို ယူ ပြီးလျှင် ၊ မုတ်ဆိတ် တခြမ်း ကိုရိတ် ၍ အဝတ် ကိုတင်ပါး တိုင်အောင် ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။

5ထိုသိတင်းကို ဒါဝိဒ် သည်ကြား သောအခါ ၊ ထိုလူ တို့သည် အလွန် ရှက် သောကြောင့် သူ တို့ကို ဆီးကြို စေခြင်းငှါ စေလွှတ် ၍ ၊ သင် တို့သည် မုတ်ဆိတ် မ ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက် မှပြန် လာကြလော့ဟု မှာ ထားတော်မူ၏။

6အမ္မုန် အမျိုးသား တို့က၊ ငါတို့သည်ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ လူကို စေလွှတ် ၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသောရှုရိ လူခြေသည် သူရဲနှစ် သောင်း၊ မာခ မင်းကြီး ၏ လူ တထောင် ၊ တောဘ မြို့သား တသောင်း နှစ်ထောင်တို့ကို ငှား ကြ၏။

7ထိုသိတင်းကို ဒါဝိဒ် သည်ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသောသူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။

8အမ္မုန် အမျိုးသား တို့သည် ထွက် ၍ မြို့တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ ဇောဘမြို့၊ ရဟောဘ မြို့၊ တောဘ မြို့မှလာသော ရှုရိ လူနှင့် မာခါ မင်းကြီး၏ လူတို့သည် လွင်ပြင် ၌ တခြားစီ နေကြ၏။

9ယွာဘ သည်လည်း ၊ ရှေ့ ၌၎င်း ၊ နောက် ၌ ၎င်း စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့ တဘက်၌စစ်ခင်းကျင်း ၏။

10ကြွင်း သောသူတို့ကို အမ္မုန် အမျိုးသား တို့တစ်ဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ ၊ ညီ အဘိရှဲ လက် သို့ အပ် လျက်၊

11ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။

12ရဲရင့် သောစိတ်ရှိ၍ ငါ တို့လူမျိုး ၊ ငါ တို့ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလိုတော်ရှိသည် အတိုင်းစီရင် တော်မူ စေသတည်းဟု ဆို ပြီးမှ၊

13သူ ၌ ပါသော လူများနှင့်တကွရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်း သွားသောအခါ ၊ ရှုရိလူတို့သည် ပြေး ကြ၏။

14ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင် ၊ သူတို့သည်လည်း အဘိရှဲ ရှေ့ မှာပြေး ၍ မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း အမ္မုန် ပြည်မှ ထွက် ၍ ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။

15ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် တဖန် စည်းဝေး ကြ၏။

16ဟာဒဒေဇာ မင်းသည်လည်း စေလွှတ် ၍ ၊ မြစ် တစ်ဘက် ၌ နေသော ရှုရိ လူတို့ကိုခေါ် သဖြင့် ၊ သူတို့သည် ဟေလံ မြို့သို့ရောက် လာကြ၏။ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။

17ထိုသိတင်းကိုကြား လျှင် ၊ ဒါဝိဒ်သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ ၊ ယော်ဒန် မြစ် ကို ကူး သဖြင့် ဟေလံ မြို့သို့ ရောက် လေ၏။ ရှုရိ လူတို့သည် ဒါဝိဒ် တစ်ဘက်၌ စစ်ခင်းကျင်း ၍ တိုက် သောအခါ၊

18ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင်၊ ခြေသည်သူရဲလေးသောင်း တို့ကိုသတ် ၍ ၊ ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း ထိခိုက် သဖြင့် သူသည် ထို အရပ်၌ သေ ၏။

19ဟာဒဒေဇာ ၌ ကျွန် ခံသောမင်းကြီး အပေါင်း တို့သည် ဣသရေလ အမျိုးရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင်၊ ဣသရေလ အမျိုးနှင့် မိဿဟာယ ဖွဲ့၍ ကျွန် ခံကြ၏။ ထိုသို့ ရှုရိ လူတို့သည် နောက် တဖန် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ဝံ့ကြ။

← 1 ဓမ္မရာဇဝင်ပထမစောင် 9Read In The App, Free →1 ဓမ္မရာဇဝင်ပထမစောင် 11 →

Study 1 ဓမ္မရာဇဝင်ပထမစောင် 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324