The Bible Software
1 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

1 ဓမ္မရာဇဝင်ပထမစောင် 1

1ရှောလု သေ သောနောက် ၊ ဒါဝိဒ် သည် အာမလက် လူတို့ကို လုပ်ကြံ ရာမှ ပြန် လာ၍ ၊ ဇိကလတ် မြို့၌ နှစ် ရက် နေ ပြီးလျှင်၊

2သုံး ရက်မြောက်သောနေ့ တွင် လူ တယောက်သည် မိမိ အဝတ် ကိုဆုတ် လျက် ၊ မိမိ ခေါင်း ပေါ် မှာ မြေမှုန့် ကို တင်လျက်၊ ရှောလု တပ် က လာ ၍ ဒါဝိဒ် ထံသို့ ရောက် သော် ၊ မြေ ပေါ် မှာ ပြပ်ဝပ် လျက် ရှိခိုး ၏။

3ဒါဝိဒ် ကလည်း ၊ အဘယ် အရပ်ကလာ သနည်းဟုမေး လျှင် ၊ ထိုသူက ကျွန်တော်သည် ဣသရေလ တပ် က ပြေး ၍လာပါသည်ဟု လျှောက် လေ၏။

4ဒါဝိဒ် ကလည်း ၊ အမှု ကားအဘယ်သို့ နည်း။ ငါ့ အား ပြော ပါလော့ဟုမေး လျှင် ၊ သူက ဣသရေလလူ တို့ သည် စစ်တိုက် ရာတွင် ပြေး ၍အများ တို့သည် လဲ လျက် သေ ပါပြီ။ ရှောလု နှင့် သား တော်ယောနသန် လည်း သေ ပါပြီဟု ပြန်လျှောက် လေ၏။

5ထိုသိတင်းကိုကြားပြော သောလုလင် အား ဒါဝိဒ် က၊ ရှောလု နှင့် သား တော်ယောနသန် သေ ကြောင်း ကို သင်သည်အဘယ်သို့ သိ သနည်းဟုမေး ပြန်လျှင်၊

6ထိုလုလင် က၊ ကျွန်တော်သည် ဂိလဗော တောင် ပေါ် သို့ အလိုလိုရောက် သောအခါ၊ ရှောလု သည် လှံ တော်ကို ထောင်၍နေပါ၏။ ရထား စီးသူရဲ မြင်း စီးသူရဲတို့သည် ပြင်းထန်စွာလိုက် ကြ၏။

7ရှောလုသည် နောက် တော်သို့ ကြည့် သဖြင့် ကျွန်တော် ကိုမြင် ၍ ခေါ် ပါ၏။

8ကျွန်တော် ရှိ ပါသည်ဟု လျှောက် သောအခါ ၊ သင် သည် အဘယ်သူ နည်းဟုမေး လျှင် ၊ ကျွန်တော် သည် အာမလက် လူဖြစ်ပါသည်ဟု ပြန်လျှောက် ပါ၏။

9ရှောလုကလည်း၊ ငါ့ ထံသို့ လာ၍ ငါ့ ကိုသတ် ပါတော့။ ငါ့ အသက် မသေနိုင်သောကြောင့် ပြင်းစွာ သော ဝေဒနာကို ခံရ ၏ဟုဆို သည်အတိုင်း၊

10လဲ သောနောက် အသက် မ ရှင်နိုင်သည်ကို ကျွန်တော်သိ လျှင် သူ့ ထံသို့သွား၍သတ် ပါ၏။ ခေါင်း တော် ၌ ဆောင်းသောဦးရစ် နှင့် လက်ရုံး တော်၌ ဝတ်သော လက်ကောက် ကို ချွတ်ယူ ပြီးလျှင် ၊ ကျွန်တော် သခင့် ထံ တော်သို့ ဆောင် ခဲ့ပါသည်ဟု လျှောက်လေ၏။

11ထိုအခါ ဒါဝိဒ် သည် မိမိ အဝတ် ကိုဆွဲဆုတ် ၍ ၊ သူ ၏လူ အပေါင်း တို့သည် ထိုနည်းတူပြုကြ၏။

12ရှောလု မှစ၍သား တော်ယောနသန် ၊ ထာဝရဘုရား ၏လူ များ၊ ဣသရေလ အမျိုးသားတို့သည် ထား ဖြင့် လဲ သေသောကြောင့် ၊ သူတို့အတွက် ညဦး တိုင်အောင် ငိုကြွေး မြည်တမ်း ၍ အစာ ကိုရှောင်ကြ၏။

13ထိုသိတင်းကိုကြား ပြောသော လုလင် အား ဒါဝိဒ် က၊ သင် သည် အဘယ် အရပ်က လာသနည်းဟုမေးလျှင် ၊ ထိုသူက ကျွန်တော် သည် တပါး အမျိုးသားအာမလက် လူ ဖြစ်ပါ၏ဟုပြန်လျှောက် သော်၊

14ဒါဝိဒ် က၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို သတ် ခြင်းငှါ သင့် လက် ကိုအဘယ်သို့ ဆန့် ဝံ့သနည်းဟုဆို လျက်၊

15လုလင် တယောက် ကိုခေါ် ၍ ၊ သူ့ ကို သွား သတ် တော့ဟုဆို သည်အတိုင်း ၊ လုလင်သည် လုပ်ကြံ ၍ သတ် လေ၏။

16ဒါဝိဒ် ကလည်း ၊ သင် ၏အသွေး သည် သင့် ခေါင်း ပေါ် မှာတည်စေ။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို ကျွန်တော် သတ် ပါပြီဟု သင့် နှုတ် သည် သင့် တဘက် ၌ သက်သေခံ လေပြီဟုဆို ၏။

17ဒါဝိဒ် သည် ရှောလု နှင့် သား တော် ယောနသန် ကြောင့် ငိုကြွေး မြည်တမ်း၍၊

18ယုဒ အမျိုးသား တို့အား သင် စေသော လေး သီချင်းတည်းဟူသောယာရှာ စာ ၌ ပါသောသီချင်းစကား ဟူမူကား၊

19အိုဣသရေလ ဂုဏ် အသရေ၊ သင် ၏မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီ။ သူရဲ တို့သည် လဲ သေကြပြီတကား။

20ထိုသိတင်းကို ဂါသ မြို့၌ မ ပြော ကြနှင့်။ အာရှကေလုန် မြို့လမ်း တို့၌ မ ကြား မပြောကြနှင့်။ ဖိလိတ္တိ အမျိုးသမီး တို့သည် ဝမ်းမြောက် ၍ အရေဖျား လှီးခြင်းကို မခံသော အမျိုးသမီး တို့သည် ရွှင်လန်း ကြလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။

21အိုဂိလဗော တောင် တို့၊ သင် တို့အပေါ် မှာ နှင်း မ ကျစေနှင့်။ မိုဃ်း မ ရွာစေနှင့်။ ပူဇော် စရာအသီးကိုသီးသော လယ်ကွက် မရှိစေနှင့်။ အကြောင်း မူကား၊ ထို အရပ်၌ သူရဲ ဆောင်သော ဒိုင်း တည်းဟူသောရှောလု ဆောင်သောဒိုင်း လွှား၊ ဆီ နှင့် လိမ်း ပြီးသော လက်နက်တော်ကို ရှုတ်ချ လေပြီတကား။

22သူရဲတို့၏အသွေး ၊ ခွန်အား ကြီးသောသူတို့ ၏ ဆီဥ မှ ယောနသန် ၏လေး သည် နောက် သို့မ လှန်။ ရှောလု၏ထား တော်သည် ကိုယ်ချည်း ပြန် ၍ မ လာတတ်။

23ရှောလု နှင့် ယောနသန် သည် ချစ် တတ်သောသဘောရှိ၍ အသက် ရှင်စဉ် အခါ မိတ်ဆွေဖြစ်လျက် ၊ အသက်သေ သောအခါ တယောက်နှင့် တယောက်မ ကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတ ထက် မြန် ၍ ခြင်္သေ့ ထက် ခွန်အား ကြီးကြ၏။

24အိုဣသရေလ အမျိုးသမီး တို့၊ ရှောလု ကို ငိုကြွေး ကြလော့။ သင် တို့ကို လှသော ကမ္ဗလာ နီ နှင့် ဝတ် စေ၍၊ သင် တို့အဝတ် ၌ လည်း ရွှေ တန်ဆာ နှင့် ဆင်စေတော်မူ ၏။

25စစ်တိုက် ပွဲ၌ သူရဲ တို့သည် လဲ သေကြပြီ။ အို ယောနသန် ၊ သင် ၏ မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီတကား။

26ငါ့ ညီ ယောနသန် ၊ သင့် ကြောင့် ငါ ညှိုးငယ် ခြင်းရှိ၏။ သင်သည် ငါ့ မိတ်ဆွေကြီးဖြစ်၍၊ ငါ့ ကို ချစ်သော မေတ္တာ သည် အံ့ဩဘွယ် သောမေတ္တာ၊ မိန်းမ ကို ချစ်တတ်သော မေတ္တာ ထက် သာ၍အားကြီးသောမေတ္တာဖြစ်၏။

27သူရဲ တို့သည်လဲ သေကြပြီတကား။ စစ်တိုက် လက်နက် တို့သည် ဆုံး ကြပြီတကားဟု ပါသတည်း။

← 2 ဓမ္မရာဇဝင်ပထမစောင် 31Read In The App, Free →1 ဓမ္မရာဇဝင်ပထမစောင် 2 →

Study 1 ဓမ္မရာဇဝင်ပထမစောင် 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324