The Bible Software
1 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

1 ဓမ္မရာဇဝင်ပထမစောင် 8

1ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင် သဖြင့် ၊ မေသေဂမ္မာမြို့ကို သိမ်းယူ လေ၏။

2မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ ပြည်သားတို့ကို မြေ ပေါ် မှာ လှဲချ သဖြင့်၊ ကြိုး နှင့် တိုင်း လျက် သုံးစုတွင် နှစ် စုကိုသတ် ၏။ တစုကိုချမ်းသာ ပေး၏။ ထိုသို့ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ၏။

3ဇောဘ မင်းကြီး ရဟောဘ ၏သား ဟာဒဒေဇာ သည် ဥဖရတ် မြစ် နား မြေကိုသိမ်းယူခြင်းငှါ သွား သောအခါ ၊ ဒါဝိဒ် သည် တိုက်ဖျက် ၍၊

4ရထားတထောင် ၊ မြင်းစီး သူရဲခုနစ် ထောင်၊ ခြေသည် သူရဲနှစ် သောင်းကို ဘမ်းဆီး ၍ ရထား တရာ ကိုသိမ်းထား ပြီးမှ ၊ အခြားသောမြင်းရထား ရှိသမျှ တို့ကို ဖျက်ဆီး လေ၏။

5ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘ မင်းကြီး ဟာဒဒေဇာ ကို စစ်ကူ သောအခါ ၊ ဒါဝိဒ် သည် ရှုရိ လူ နှစ်သောင်း နှစ်ထောင်တို့ကိုသတ်ပြီးမှ၊

6ရှုရိပြည် ဒမာသက်မြို့၌ မြို့စောင့် တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည် ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ၏။

7ဟာဒဒေဇာ ၏ ကျွန် တို့စွဲကိုင် သော ရွှေ ဒိုင်းလွှား များကို ဒါဝိဒ် သည်သိမ်း ၍ ယေရုရှလင် မြို့သို့ ဆောင်သွား ၏။

8ဟာဒဒေဇာ အစိုးရသောဘေတ မြို့နှင့် ဗေရောသဲ မြို့မှ ဒါဝိဒ် မင်းကြီး သည် များစွာ သောကြေးဝါ ကို သိမ်းသွား ၏။

9ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကို၊ ဟာမတ် မင်းကြီး တောဣ သည် ကြား လျှင်၊

10မိမိ ရန်သူ ဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့ ၍ ကောင်းကြီး ပေးစေခြင်းငှါ ၊ မိမိ သား ယောရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍၊ ယောရံ သည် ငွေ ဖလား ၊ ရွှေ ဖလား ၊ ကြေးဝါ ဖလား တို့ကို ဆောင် လျက်လာ ၏။

11ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား အား ပူဇော် ၏။ ထိုအတူ အောင်မြင် သော ရှုရိ ပြည်၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဖိလိတ္တိ ပြည်၊ အာမလက် ပြည်၌ သိမ်းယူ သော ရွှေ ငွေ ကို၎င်း၊

12ဇောဘ မင်းကြီး ရဟောဘ သား ဟာဒဒေဇာ ၏ဘဏ္ဍာကို လုယူ၍ ရသောရွှေငွေကို၎င်း၊ ထာဝရဘုရားအား ပူဇော်၏။

13ဆားချိုင့်တွင် ဧဒုံလူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ ရာမှ ၊ ဒါဝိဒ် သည် ပြန် လာသောအခါ ဂုဏ် အသရေကြီး၏။

14ဧဒုံ ပြည်အရပ်ရပ် ၌ မြို့စောင့် တပ်တို့ကိုထား ၍၊ ဧဒုံ ပြည်သားအပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ၏။

15ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကို စိုးစံ ၍ ၊ နိုင်ငံ တော်သားတို့တွင် တရား မှုကို စီရင် ဆုံးဖြတ်တော်မူ၏။

16ဇေရုယာ ၏သား ယွာဘ သည် ဗိုလ်ချုပ်မင်းဖြစ်၏။ အဟိလုပ် ၏သား ယောရှဖတ် သည် အတွင်းဝန်ဖြစ်၏။

17အဟိတုပ် သား ဇာဒုတ် နှင့် အဗျာသာ ၏သား အဟိမလက် သည် ယဇ်ပုရောဟိတ် ဖြစ်၏။ စရာယ သည် စာရေးတော်ကြီး ဖြစ်၏။

18ယောယဒ ၏သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကိုအုပ်ရ၏။ ဒါဝိဒ် ၏သား တော်တို့သည်လည်း မင်းသား အရာနှင့်နေ ကြ၏။

← 1 ဓမ္မရာဇဝင်ပထမစောင် 7Read In The App, Free →1 ဓမ္မရာဇဝင်ပထမစောင် 9 →

Study 1 ဓမ္မရာဇဝင်ပထမစောင် 8

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324