The Bible Software
1 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

1 ဓမ္မရာဇဝင်ပထမစောင် 5

1ထိုအခါ ဣသရေလ အမျိုးအနွယ် အပေါင်း တို့သည် ဒါဝိဒ် ရှိရာဟေဗြုန် မြို့သို့ လာ ၍ ၊ ကျွန်တော် တို့သည် ကိုယ်တော် အရိုး ၊ ကိုယ်တော် အသား ဖြစ်ကြပါ၏။

2အထက် က ရှောလု သည် ကျွန်တော် တို့၌ ရှင်ဘုရင် ဖြစ် သောအခါ ၊ ကိုယ်တော် သည် ဣသရေလ အမျိုးကို ဆောင် သွားလျက် ၊ သွင်း ပြန်လျက်နေ တော်မူပြီ။ ထာဝရဘုရား ကလည်း ၊ သင် သည်ငါ ၏လူ ဣသရေလ အမျိုးကို လုပ်ကျွေး အုပ်စိုး ရမည်ဟု ကိုယ်တော် အား မိန့် တော်မူပြီဟု လျှောက်ဆို ကြ၏။

3ထိုသို့ ဣသရေလ အမျိုးအသက်ကြီး သူအပေါင်း တို့သည် ရှင်ဘုရင် ရှိရာဟေဗြုန် မြို့သို့ ရောက်လာ လျှင် ၊ ဒါဝိဒ် မင်းကြီး သည် ဟေဗြုန် မြို့၌ ထာဝရဘုရား ရှေ့ တော်မှာ သူ တို့နှင့် မိဿဟာယ ဖွဲ့ သဖြင့်၊ သူတို့သည် ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။

4ဒါဝိဒ် သည် နန်း ထိုင်သောအခါ အသက် သုံး ဆယ်ရှိ၏။ အနှစ် လေး ဆယ်စိုးစံ လေ၏။

5ဟေဗြုန် မြို့၌ နေ၍ ယုဒ ပြည်ကို ခုနစ် နှစ် နှင့် ခြောက် လ မင်း ပြု၏။ ယေရုရှလင် မြို့၌ နေ၍ ယုဒ ပြည်နှင့် ဣသရေလ ပြည်တရှောက်လုံး ကို အနှစ်သုံး ဆယ်သုံး နှစ် မင်း ပြု၏။

6တဖန် ရှင် ဘုရင်သည် မိမိ လူ တို့ကိုခေါ်၍၊ ပြည်သား ရင်းယေဗုသိ လူတို့ရှိရာယေရုရှလင် မြို့သို့ ချီ သွားလျှင် ၊ သူတို့က သင်သည် ဤ မြို့ထဲသို့မ ဝင် ရ။ မျက်စိ ကန်းသောသူနှင့် ခြေဆွံ့ သောသူတို့ကလည်း၊ ဒါဝိဒ် သည်ဤ မြို့ထဲသို့ မ ဝင် ရဟု ဆို ကာမျှနှင့် သင့် ကို ဆီးတား လိမ့်မည်ဟု ဆို ကြ၏။

7သို့ရာတွင် ဒါဝိဒ် သည် ဒါဝိဒ် မြို့ တည်းဟူသော ဇိအုန် ရဲတိုက် ကို တိုက် ယူလေ၏။

8ထို နေ့၌ ဒါဝိဒ် က၊ အကြင်သူသည် ယေဗုသိ လူတို့ကို တိုက်ဖျက် ပြီးမှ ကျုံး ကိုလွန်၍၊ ဒါဝိဒ်သည် ဤနေရာ သို့ မ ဝင် ရဟု ဒါဝိဒ် အသက် ကို မုန်း လျက်ပြောဆို သောမျက်စိ ကန်းနှင့် ခြေဆွံ့ သောသူတို့ကို လုပ်ကြံ၏။ ထိုသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည်အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။

9ထိုနောက် ဒါဝိဒ် သည် ရဲတိုက် ၌ နေ ၍ ဒါဝိဒ် မြို့ ဟူသောအမည်ဖြင့် သမုတ် လေ၏။ မိလ္လော အရပ် ပတ်လည် ၌၎င်း ၊ အတွင်း ဘက်၌၎င်း တည်ဆောက် လေ၏။

10ဒါဝိဒ် သည် တိုးပွား ၍ အားကြီး သဖြင့် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။

11တုရု မင်းကြီး ဟိရံ သည် သံတမန် နှင့်တကွ အာရဇ် သစ်သား ၊ လက်သမား ၊ ပန်းရန်သမား တို့ကို ဒါဝိဒ် ထံသို့ စေလွှတ် ၍ သူတို့သည် နန်း တော်ကိုတည်ဆောက် ကြ၏။

12ထာဝရဘုရား သည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူကြောင်း နှင့် မိမိ လူ ဣသရေလ အမျိုးအဘို့ အလိုငှါ၊ နိုင်ငံ ကို ချီးမြှောက် တော်မူကြောင်း ကို ဒါဝိဒ် သိမြင် ၏။

13ဒါဝိဒ် သည် ဟေဗြုန် မြို့မှ ပြောင်း သောနောက် ၊ ယေရုရှလင် မြို့သူမယားကြီး မယားငယ် တို့ကို ထပ်၍သိမ်းယူ သဖြင့် သား သမီး များတို့ကို မြင် လေ၏။

14ယေရုရှလင် မြို့၌ ဒါဝိဒ်မြင် သော သားတို့ အမည် ကား၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန်၊

15ဣဗဟာ ၊ ဧလိရွှ ၊ နေဖက် ၊ ယာဖျာ၊

16ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် တည်း။

17ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ခန့်ထားကြောင်း ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ထိုလူအပေါင်း တို့သည် ဒါဝိဒ် ကို ရှာ ၍လာ ကြ၏။ ထိုသိတင်းကိုဒါဝိဒ် သည် ကြား သောအခါ ရဲတိုက် သို့ သွား ၏။

18ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။

19ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ ရှိရာသို့ သွား ရပါမည်လော။ အကျွန်ုပ် လက် ၌ အပ် တော်မူ မည်လောဟု ထာဝရဘုရား ကို မေး လျှောက် လျှင် ၊ ထာဝရဘုရား ကသွား လော့။ ငါသည် ဖိလိတ္တိ လူတို့ကို သင့် လက် သို့ ဆက်ဆက်အပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊

20ဒါဝိဒ် သည် ဗာလပေရဇိမ် မြို့သို့ သွား ၍ သူ တို့ကိုလုပ်ကြံ ပြီးမှ ၊ ထာဝရဘုရား သည် ရေ ထ၍ ဖြိုဖျက် သကဲ့သို့ ၊ ငါ့ ရန်သူ တို့ကို ငါ့ ရှေ့ မှာ ဖြိုဖျက် တော်မူပြီဟုဆို လျက်၊ ထို အရပ် ကို ဗာလပေရဇိမ် အမည် ဖြင့် တွင်စေသတည်း။

21ထို အရပ်၌ ဖိလိတ္တိလူများ ပစ်ထား သောရုပ်တု များကို၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ရှင်းရှင်းဖျက်ဆီး ကြ၏။

22တဖန် ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။

23ဒါဝိဒ် သည်လည်း မေးလျှောက် သော်၊ ထာဝရဘုရား က၊ တည့်တည့်မ တက် ရ။ သူ တို့နောက် သို့ ဝိုင်း ၍ ပိုးစာ တောတဘက် ၌ ချီ ရမည်။

24ပိုးစာ ပင်ဖျား ၌ စစ်ချီ သံ ကိုကြား သောအခါ ကြိုးစားလော့။ ထိုအခါ ထာဝရဘုရား သည် ဖိလိတ္တိ တပ် ကို လုပ်ကြံ ခြင်းငှါ သင့် ရှေ့ မှာ ကြွသွား လိမ့်မည်ဟု မိန့် တော်မူသည်အတိုင်း၊

25ဒါဝိဒ် သည်ပြု ၍ ဖိလိတ္တိ လူတို့ကိုဂေဗ မြို့မှ သည် ဂါဇေရ မြို့တိုင်အောင် လုပ်ကြံ လေ၏။

← 1 ဓမ္မရာဇဝင်ပထမစောင် 4Read In The App, Free →1 ဓမ္မရာဇဝင်ပထမစောင် 6 →

Study 1 ဓမ္မရာဇဝင်ပထမစောင် 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324