The Bible Software
1 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

1 ဓမ္မရာဇဝင်ပထမစောင် 7

1ထာဝရဘုရား သည် အရပ်ရပ် တို့၌ ရှိသောရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်တော်မူသောကျေးဇူးကို ရှင် ဘုရင်သည် ခံရ၍၊ နန်း တော်၌ ငြိမ်ဝပ် စွာ နေ ရသောအခါ။

2ပရောဖက် နာသန် ကို ခေါ်၍၊ ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့်နေ ၏။ ဘုရား သခင်၏ သေတ္တာ တော်မူကား၊ ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေ ရသည်ဟုဆို သော်၊

3နာသန် က၊ အကြံ တော်ရှိသမျှ အတွင်းပြု တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် နှင့်အတူ ရှိတော်မူသည်ဟု ပြန်လျှောက် ၏။

4ထို ညဉ့် တွင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် နာသန် သို့ ရောက် ၍၊

5ငါ့ ကျွန် ဒါဝိဒ် ထံသို့ သွား လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ နေ စရာဘို့ အိမ် ကို ဆောက် ရမည်လော။

6ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် သောနေ့ ကစ၍ ယနေ့ တိုင်အောင် အိမ် နှင့် ငါမ နေ။ တဲ အမျိုးမျိုးနှင့် ငါလှည့်လည် ပြီ။

7ဣသရေလ အမျိုးသားတို့နှင့် ငါလှည့်လည် ရာ အရပ်ရပ် တို့၌ ၊ ငါ ၏လူ ဣသရေလ အမျိုးကို ကျွေးမွေး စေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလ တရားသူကြီး တစုံတယောက် အား၊ သင်သည် ငါ့ အဘို့ အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မ ဆောက် သနည်းဟု ငါဆို ဘူးသလော။

8ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သိုး ထိန်းရာသိုးခြံ ထဲက သင့် ကိုငါ နှုတ်ယူ ၍၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသောမင်း အရာ၌ ငါခန့်ထားပြီ။

9သင်သွား လေရာရာ ၌ ငါလိုက် ၍ သင် ၏ ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှ ပယ်ရှား သဖြင့် ၊ မြေကြီး သား တို့တွင် လူကြီး ၏ဂုဏ် အသရေကဲ့သို့ သင် ၌ ကြီးစွာ သော ဂုဏ် အသရေကို ငါပေး ပြီ။

10ထိုမှတပါး ငါ ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင် ပြီ။ သူတို့သည် နောက်တဖန် မ ပြောင်း မလဲ မိမိ တို့နေရာ ၌ နေ စေခြင်းငှါ ငါမြဲမြံ စေမည်။ မ တရားသောသူတို့သည် ရှေး ကာလ၌ ၎င်း၊

11ငါ ၏လူ ဣသရေလ အမျိုးတွင် တရားသူကြီး တို့ကို ခန့်ထား သော ကာလ ၌၎င်း ၊ ညှဉ်းဆဲ သကဲ့သို့ နောက် တဖန်မ ညှဉ်းဆဲရ။ သင့် ကိုလည်း ရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးပြီ။ သင် ၏အမျိုးအနွယ် ကိုလည်း ငါတည် စေမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။

12သင် သည် အသက် ကာလစေ့ ၍ ဘိုးဘေး တို့နှင့်အတူ အိပ်ပျော် သောအခါ သင် ၏ရင်သွေး ၊ သင် မှ ဆင်းသက် သော သားကိုငါချီးမြှောက် ၍ သူ ၏နိုင်ငံ ကို တည်ထောင် မည်။

13ထိုသားသည် ငါ ၏နာမ အဘို့ အိမ် ကို ဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်။

14ငါ သည် သူ ၏အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သူသည် ဒုစရိုက် ကိုပြုလျှင် လူ သုံးတတ်သော ကြိမ်လုံး နှင့် ငါဆုံးမ မည်။ လူ သား ရိုက် တတ်သကဲ့သို့ ငါရိုက်မည်။

15သို့ရာတွင် သင့် ရှေ့ မှာ ငါပယ်ရှား သော ရှောလု ၌ ငါ ၏ကရုဏာ ကို နှုတ် သကဲ့သို့ သင်၏သား၌ ငါမ နှုတ်။

16သင် ၏အမျိုးအနွယ် နှင့် ၊ သင် ၏နိုင်ငံ သည် ငါ့ရှေ့ မှာ အစဉ်အမြဲ တည် လိမ့်မည်။ သင် ၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ၏။

17ထို ဗျာဒိတ် တော်စကား အလုံးစုံ တို့ကို နာသန် သည် ဒါဝိဒ် အား ပြန်ပြော လေ၏။

18ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ ထိုင် နေလျက် ၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို ဤမျှ လောက်ချီးမြှောက် တော်မူ မည်အကြောင်း ၊ အကျွန်ုပ် သည် အဘယ်သို့ သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သောအမျိုး ဖြစ်ပါသနည်း။

19သို့ရာတွင် အိုအရှင် ထာဝရဘုရား ၊ ထို ကျေးဇူးတော်ကို သာမည ကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့် ၊ ကိုယ်တော် ကျွန် ၏ အမျိုးအနွယ် ကို ကြာမြင့် စွာသောကာလနှင့် ယှဉ်လျက်မိန့် တော်မူပါသည်တကား။ အိုအရှင် ထာဝရဘုရား ၊ လူ တို့သည် ထိုသို့ စီရင်လေ့ရှိပါ သလော။

20ဒါဝိဒ် သည် အဘယ်သို့ တိုးတက် ၍ လျှောက် ရပါမည်နည်း။ အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကိုယ်တော် ၏ကျွန် ကို သိ တော်မူ၏။

21နှုတ်ကပတ် တော်ကိုထောက်၍ ၊ အလို တော်ရှိသည်အတိုင်း ကိုယ်တော် ၏ကျွန် သိ ရမည်အကြောင်း၊ ဤ ကြီးစွာ သော အမှုအလုံးစုံ တို့ကို ပြု တော်မူပြီ။

22သို့ဖြစ်၍ အိုထာဝရအရှင် ဘုရား သခင်၊ ကိုယ်တော်သည် ကြီးမြတ် တော်မူ၏။ အကျွန်ုပ် တို့ ကြား သမျှ အတိုင်း ကိုယ်တော် နှင့် တူသောဘုရား ၊ ကိုယ်တော် မှတပါး အခြားသော ဘုရားမည်မျှမ ရှိပါ။

23နာမ တော်ကို ထင်ရှားစေ၍ အဲဂုတ္တု ပြည်အစရှိသော အခြား သောပြည်များ၊ သူ တို့ဘုရား များတို့မှ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏ လူမျိုး ရှေ့ တွင် လူမျိုးတော်အဘို့နှင့်ပြည် တော်အဘို့ ကြောက်မက် ဘွယ်သော အမှုကြီး တို့ကို ပြု ခြင်းငှါ ၊ ဘုရား သခင်ကြွ ၍ ကိုယ်တော် အဘို့ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုးနှင့် တူသော လူမျိုး တစုံတမျိုး သည် မြေကြီး ပေါ် မှာ ရှိပါသလော။

24အကြောင်းမူကား၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို အစဉ်အမြဲ ကိုယ်တော် ၏လူ ဖြစ်စေခြင်းငှါ၊ သူတို့ကို ကိုယ်တော် အဘို့ ခိုင်ခံ့ မြဲမြံစေ၍ ၊ ကိုယ်တော် ထာဝရဘုရား သည် သူ တို့၏ဘုရား သခင်ဖြစ် တော်မူ၏။

25ယခု မှာ အိုထာဝရ အရှင်ဘုရား သခင်၊ ကိုယ်တော် ကျွန် ၌ ၎င်း ၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ် ၌ ၎င်း၊ မိန့် တော်မူသော စကား တော်ကို အစဉ်အမြဲ တည် စေတော်မူပါ။ မိန့် တော်မူသည်အတိုင်း ပြု တော်မူပါ။

26ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဣသရေလ အမျိုးကို အစိုးရသောဘုရား သခင်ဖြစ်တော်မူသည်ဟူ၍ နာမ တော်သည် အစဉ်အမြဲ ချီးမြှောက် ခြင်းရှိပါစေသော။ ကိုယ်တော် ကျွန် ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌တည် ပါစေသော။

27အကြောင်း မူကား၊ ဣသရေလ အမျိုး၏ ဘုရား သခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် က၊ သင်၏အမျိုးအနွယ် ကို ငါတည် စေမည်ဟု ကိုယ်တော် ကျွန် အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော် ကျွန် သည် ဤ ပဌနာ ကို ရှေ့တော်၌ ပြုချင်သောစိတ် ရှိ ပါ၏။

28ယခု လည်း အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်မှန်တော်မူ၏။ စကား တော်လည်း မှန် ပါ၏။ ဤ ကျေးဇူး ကိုကိုယ်တော် ကျွန် ၌ ဂတိ ထားတော်မူပြီ။

29သို့ဖြစ်၍ ကိုယ်တော် ကျွန် ၏အမျိုးအနွယ် သည် ရှေ့ တော်၌ အစဉ်အမြဲ တည် ပါမည်အကြောင်း ၊ ကောင်းကြီး ပေးခြင်းငှါ နူးညွတ် သောစိတ်ရှိတော်မူပါ။ အိုအရှင် ထာဝရဘုရား ၊ အမိန့် တော်ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူသောမင်္ဂလာ ကို၊ ကိုယ်တော် ကျွန် ၏အမျိုးအနွယ် သည် အစဉ်အမြဲ ခံရပါစေသောဟု ဆုတောင်းသတည်း။

← 1 ဓမ္မရာဇဝင်ပထမစောင် 6Read In The App, Free →1 ဓမ္မရာဇဝင်ပထမစောင် 8 →

Study 1 ဓမ္မရာဇဝင်ပထမစောင် 7

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324