The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 31

1ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို စစ်တိုက် ၍ ၊ ဣသရေလ လူ တို့သည် ရန်သူရှေ့ မှာ ပြေး သဖြင့်၊ ဂိလဗော တောင် ပေါ် မှာ အထိအခိုက် နှင့် လဲ ၍သေကြ၏။

2ဖိလိတ္တိ လူတို့သည် ရှောလု မင်းနှင့် သူ ၏သား တို့ကို ပြင်းထန် စွာ လိုက်၍ ၊ ရှောလု ၏သား ယောနသန် ၊ အဘိနဒပ် ၊ မေလခိရွှ တို့ကိုသတ် ကြ၏။

3စစ်တိုက် ရာတွင် ရှောလု သည် အလွန်ခံရ၏။ လေး သမားတို့ ပစ် သော မြှားမှန်၍ အလွန် နာ သောကြောင့်၊

4လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင်သင့် ထား ကို ထုတ် ၍ ငါ့ ကို ထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ၍ ငါ့ ကိုထိုး ပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆို သော်လည်း ၊ လက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့် ၊ ရှောလု သည် ထိုထား ကို ယူ ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ် မှာ လှဲ ၍ သေလေ၏။

5ရှောလု သေ သည်ကို လက်နက် ဆောင် လုလင် မြင် လျှင် ၊ သူ သည်လည်း ထိုထားကိုထောင်၍ ရှောလုနှင့်အတူ ထား ဖျားပေါ် မှာ လှဲ ၍ သေ ၏။

6ထိုသို့ ရှောလု မှစ၍သူ ၏ သား သုံး ယောက်၊ သူ ၏ လက်နက် ဆောင် လုလင်၊ သူ ၏ လူ အပေါင်း တို့သည် ထို နေ့ခြင်းတွင် အတူ သေ ကြ၏။

7ဣသရေလ လူ ပြေး ကြောင်း ၊ ရှောလု နှင့် သူ ၏သား များသေ ကြောင်း ကို ချိုင့် တစ်ဘက် ၊ ယော်ဒန် မြစ်တစ်ဘက် ၌ နေသော ဣသရေလ လူ တို့သည် သိမြင် လျှင် ၊ မြို့ ရွာတို့ကို စွန့် ပြေး သဖြင့် ၊ ဖိလိတ္တိ လူတို့သည် လာ ၍ နေ ကြ၏။

8နက်ဖြန် နေ့၌ ဖိလိတ္တိ လူတို့သည် အသေကောင် တို့၌ အဝတ်တန်ဆာကို ချွတ် ခြင်းငှါ လာ သောအခါ ၊ ဂိလဗော တောင် ပေါ် မှာ၊ ရှောလု နှင့် သူ ၏သား သုံး ယောက်တို့သည် လဲ သေလျက် ရှိသည်ကို တွေ့မြင် ကြ၏။

9ရှောလု၏ ခေါင်း ကို ဖြတ် ၍ လက်နက် တော်ကို ချွတ် ပြီးမှ သူ တို့ ရုပ်တု ကျောင်း များ၌၎င်း၊ လူ များတို့၌၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။

10လက်နက် တော်ကိုလည်း အာရှတရက် ကျောင်း ၌ ထား ၍ အလောင်း တော်ကို ဗက်ရှန် မြို့ရိုး ၌ ဆွဲ ထားကြ၏။

11ရှောလု ၌ ဖိလိတ္တိ လူတို့ ပြု သော အမှုကိုဂိလဒ် ပြည် ယာဗက်မြို့သား များကြား လျှင်၊

12သူရဲ အပေါင်း တို့သည် ညဉ့် အခါ ထ သွား ၍ ၊ ရှောလု ၏အလောင်း နှင့် သူ ၏သား အလောင်း တို့ကို ဗက်ရှန် မြို့ရိုး မှ ချ ပြီးလျှင် ၊ ယာဗက် မြို့သို့ ဆောင် ခဲ့၍ မီး ရှို့ကြ၏။

13အရိုး တို့ကိုလည်း ယူ ၍ ယာဗက် မြို့မှာ သစ်ပင် အောက် ၌ သင်္ဂြိုဟ် ပြီးမှ ခုနစ် ရက် ပတ်လုံးအစာရှောင် ကြ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 30Read In The App, Free →2 Samuel 1 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 31

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031