The Bible Software
ယောရှုမှတ်စာ · မြန်မာကျမ်းစာ

ယောရှုမှတ်စာ 11

1ထိုသိတင်းကို ဟာဇော် မင်းကြီး ယာဘိန် သည် ကြား သောအခါ ၊ မာဒုန် မင်းကြီး ယောဗပ် ၊ ရှိမြုန် မင်းကြီး အာခရှပ် မင်းကြီး တို့ထံ သို့၎င်း၊

2တောင် ရိုး မြောက် ဘက်အရပ်၊ ဂင်္နေသရက် မြို့ တောင် ဘက်လွင်ပြင် အရပ်၊ ချိုင့် ထဲ အရပ်၊ အနောက် မျက်နှာ ဒေါရ ပြည်နယ် ၌ ရှိသောမင်းကြီး များထံ သို့၎င်း၊

3အရှေ့ အနောက် ၌ နေသောခါနနိ လူ၊ တောင် ပေါ်မှာ နေသောအာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ယေဗုသိ လူ၊ မိဇပါ ပြည် ၊ ဟေရမုန် တောင်ခြေရင်း ၌ နေသောဟိဝိ လူတို့ရှိရာသို့၎င်း စေလွှတ် ၍၊

4ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့်သမုဒ္ဒရာ သဲလုံး နှင့်အမျှ အလွန် များစွာ သော ဗိုလ်ပါအပေါင်း၊ မြင်း များ၊ ရထား များအပေါင်းတို့နှင့်တကွထွက်လာ ကြ၏။

5ထို မင်းကြီး အပေါင်း တို့သည် စည်းဝေး လျက် ၊ ဣသရေလ အမျိုးကို တိုက် ခြင်းငှါ ချီ လာ၍ ၊ မေရုံ အိုင် နား မှာ တစုတည်း တပ်ချ လျက် နေကြ၏။

6ထာဝရဘုရား ကလည်း ၊ သူ တို့ကို မ ကြောက် နှင့်။ ငါ သည် နက်ဖြန် နေ့ ယခု အချိန် ၌ ဣသရေလ အမျိုးရှေ့ မှာ၊ ထိုသူ အပေါင်း တို့ကို အသေ အပ် မည်။ မြင်း တို့၏ ခြေ ကြောကို ဖြတ်ရမည်။ ရထား တို့ကို မီး ရှို့ရမည်ဟု ယောရှု အား မိန့် တော်မူ၏။

7ယောရှု သည်လည်း ၊ မိမိ စစ်သူရဲ အပေါင်း တို့နှင့်တကွ မေရုံ အိုင် နား သို့ အမှတ်တမဲ့ စစ်ချီ ၍ တိုက် လေ၏။

8ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသား တို့လက် ၌ အပ် တော်မူသဖြင့် ၊ သူ တို့ကို လုပ်ကြံ ၍ ဇိဒုန်ရဗ္ဗာ မြို့၊ မိသရဖေါသမိမ် မြို့ အရှေ့ မျက်နှာမိဇပါ ချိုင့် တိုင်အောင် လိုက် ၍ တယောက်ကိုမျှ မ ကျန် ကြွင်းစေခြင်းငှါလုပ်ကြံ ကြ၏။

9ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် မြင်း တို့၏ ခြေ ကြောကို ဖြတ်၍ ရထား တို့ကို မီး ရှို့လေ၏။

10ထိုအခါ ယောရှု သည် ပြန် ၍ ဟာဇော် မြို့ကို တိုက် ယူသဖြင့် ၊ မင်းကြီး ကို ထား နှင့် ကွပ်မျက် လေ၏။ ရှေး ကာလ၌ ဟာဇော် မြို့သည် ထို ပြည် များတို့ကို အုပ်စိုး ရ သတည်း။

11ထိုမြို့သူမြို့သား အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သဖြင့် တယောက်ကိုမျှ အသက် ရှင်စေခြင်းငှါမ ထား။ ရှင်းရှင်းဖျက်ဆီး ၍ မြို့ ကိုလည်း မီး ရှို့လေ၏။

12ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသည် အတိုင်း ၊ ထိုမင်းကြီး များအစိုးရသောမြို့ ရှိသမျှ တို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှု တိုက် ယူ၍ ထား နှင့် လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီး လေ၏။

13သို့ရာတွင် ၊ ဟာဇော် မြို့မှတပါး ၊ တောင် ပေါ် ၌ တည် သောမြို့ တို့ကို ဣသရေလ လူတို့သည် မီး မ ရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှု မီး ရှို့သတည်း။

14ထို မြို့ များ၌ လက်ရ ဥစ္စာနှင့် တိရစ္ဆာန် ရှိသမျှ တို့ ကို ဣသရေလ လူတို့သည် ကိုယ် အဘို့ သိမ်းယူ ကြ၏။ လူ တို့ကို မဖျက်ဆီး မှီတိုင်အောင် ရှိသမျှ တို့ကို ထား နှင့် လုပ်ကြံ ကြ၏။ တယောက် ကိုမျှ အရှင် မ ကျန် ကြွင်းစေကြ။

15ထာဝရဘုရား သည် မိမိ ကျွန် မောရှေ ကို မှာ ထား တော်မူသည်အတိုင်း ၊ မောရှေ သည် ယောရှု ကို ဆင့်ဆို ၏။ ယောရှု လည်း ထိုသို့ ပြု လေ၏။ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသမျှ သော အမှု တစုံတခု ကို လှပ် ၍မ ထား။

16ထိုသို့ စိရ လမ်းတွင်ရှိသောဟာလက် တောင် မှစ၍ ဟေရမုန် တောင် ခြေရင်း၊

17လေဗနုန် ချိုင့် ၌ ရှိသောဗာလဂဒ် မြို့တိုင်အောင် ၊ တောင် ပေါ်အရပ်၊ တောင် မျက်နှာအရပ်၊ ဂေါရှင် ပြည် ၊ ချိုင့် များ၊ လွင်ပြင် များ၊ ဣသရေလ တောင် ၊ ဣသရေလ ချိုင့် နှင့်တကွ ထို ပြည် အလုံးစုံ ကို ယောရှု သည် သိမ်းယူ ၍ ၊ မင်းကြီး အပေါင်း တို့ကို အောင် သဖြင့် လုပ်ကြံ ကွပ်မျက် လေ၏။

18ထို မင်းကြီး အပေါင်း တို့ကို ကာလ ကြာမြင့် စွာ စစ်တိုက် ရ၏။

19ဟိဝိ လူ၊ ဂိဗောင် မြို့သား မှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သော မြို့ တမြို့မျှမ ရှိ။ အခြားသော မြို့ရှိသမျှ တို့ကို တိုက် ၍ အနိုင်သိမ်းယူ ရကြ ၏။

20အကြောင်းမူကား ၊ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသည်အတိုင်း ၊ ထိုလူမျိုး တို့ကို ကျေးဇူး မ ပြု အကုန်အစင်သုတ်သင် ပယ်ရှင်းစေမည် အကြောင်း ၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို ဆီး ၍ တိုက် ဝံ့ သည်တိုင်အောင်သူ တို့စိတ် နှလုံးခိုင်မာ စေခြင်းငှါ ထာဝရဘုရား အလိုရှိတော်မူသတည်း။

21ထို ကာလ အခါ ယောရှု သည် ချီသွား ၍ ၊ အာနက လူတို့ကို တောင် ပေါ်အရပ် ဟေဗြုန် မြို့၊ ဒေဗိရ မြို့၊ အာနပ် မြို့၊ ယုဒ တောင် ၊ ဣသရေလ တောင် ရှိသမျှ တို့မှ ပယ်ရှား ၍ ၊ သူ တို့မြို့ များနှင့်တကွ ရှင်းရှင်းဖျက်ဆီး လေ၏။

22ဂါဇ မြို့၊ ဂါသ မြို့၊ အာဇုတ် မြို့မှတပါး ၊ ဣသရေလ တိုင်း နိုင်ငံတွင် ကျန် ကြွင်းသော အာနက လူတယောက်မျှမ ရှိ။

23ထာဝရဘုရား သည် မောရှေ ကို မိန့် တော်မူသမျှ အတိုင်း ၊ ယောရှု သည် ထိုပြည် တရှောက်လုံး ကို သိမ်းယူ ၍ ဣသရေလ အမျိုးအနွယ် အသီးသီး တို့အား အမွေ ပေး သဖြင့် ၊ တပြည် လုံးစစ် ငြိမ်း လေ၏။

← ယောရှုမှတ်စာ 10Read In The App, Free →ယောရှုမှတ်စာ 12 →

Study ယောရှုမှတ်စာ 11

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324