The Bible Software
ယောရှုမှတ်စာ · မြန်မာကျမ်းစာ

ယောရှုမှတ်စာ 15

1ယုဒ အမျိုးသား တို့သည် စာရေးတံ ပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင် မျက်နှာ၌ ဧဒုံ ပြည်နယ် နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှစ၍ဇိန တော ဖြစ် သော၊

2တောင် ဘက်အပိုင်း အခြားသည် သောဒုံ အိုင် ၌ တောင် အကွေ့ မှ ထွက် ၍၊

3တောင် မျက်နှာနား ၊ အကရဗ္ဗိမ် ကုန်း ကို ရှောက် လျက် ဇိန ရွာသို့ ရောက် လေ၏။ တဖန် တောင် မျက်နှာနား ၊ ကာဒေရှဗာနာ ရွာ၊ ဟေဇရုန် ရွာ၊ အာဒါ ရွာ၊ ကာကာ ရွာ၊

4အဇမုန် ရွာကို ရှောက် သဖြင့် အဲဂုတ္တု ချောင်း သို့ လိုက် ၍ ပင်လယ် ၌ ဆုံး လေ၏။

5အရှေ့ဘက်၌ သောဒုံ အိုင် သည် ယော်ဒန် မြစ်ဝ တိုင်အောင် အရှေ့ အပိုင်း အခြားဖြစ်၏။ မြောက် ဘက် အပိုင်း အခြားသည် ယော်ဒန် မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့ မှ ထွက်၍၊

6ဗေသောဂလ ရွာသို့၎င်း၊ ဗေသရာဗ ရွာ မြောက် နားမှာ ရှောက် လျက် ရုဗင် သား ဗောဟန် ၏ကျောက် သို့၎င်း ရောက် လေ၏။

7အာခေါ် ချိုင့် မြောက် ဘက်မှ ထွက် ၍ ဒေဗိရ ရွာသို့ ၎င်း၊ မြစ် တောင် ဘက် အဒုမ္မိမ် ကုန်း ရှေ့ ၌ ရှိသောဂိလဂါလ မြို့သို့ ၎င်း ရောက် ပြီးမှ ၊ အင်ရှေမက် အိုင် ၊ အင်္ရောဂေလ ရွာလမ်းသို့ လိုက် လျက်၊

8ဟိန္နုံသား၏ချိုင့်နား ယေရုရှလင် မြို့ရာ ယေဗုသိ အရပ် တောင် ဘက်နား မှာ ရှောက် ၍ ဟိန္နုံ ချိုင့်အနောက် ၊ ရေဖိမ် ချိုင့် မြောက် ဘက်၌ ရှိသော တောင်ပေါ်သို့ တက် လေ၏။

9ထိုတောင် ပေါ် မှ ဆင်း ပြန်၍ ၊ နေဖတော စမ်း ရေတွင်း ကို ရှောက်သဖြင့် ဧဖရုန် တောင် နှင့်ဆိုင်သော မြို့ များသို့ ၎င်း၊ ကိရယတ်ယာရိမ် မြို့ ရာဗာလာ မြို့သို့၎င်း၊

10ဗာလာ မြို့အနောက် ဘက်နား မှာ ရှောက် လျက် စိရ တောင် သို့ ၎င်း၊ ခေသလုန် တောင်တည်းဟူသော ယာရိမ် တောင် မြောက်ဘက် နားမှာ ရှောက် လျက် ဗက်ရှေမက် မြို့၊ တိမနာ မြို့သို့၎င်း၊

11ဧကြုန် မြို့မြောက် ဘက်နား မှာ ရှောက် လျက် ရှိကြုန် ရွာသို့ ၎င်း၊ ဗာလာ တောင် သို့၎င်း၊ ယာဗနေလ ရွာသို့၎င်း ရောက် ၍ ပင်လယ် ၌ ဆုံး လေ၏။

12အနောက်ဘက်၌ ပင်လယ် ကြီး နှင့် ပင်လယ်ကမ်းပါး သည် အနောက် အပိုင်း အခြားဖြစ်၏။ ဤရွေ့ကား ယုဒ အမျိုးသား အဆွေ အမျိုးအလိုက် နေရာပြည်နယ်အပိုင်း အခြားဖြစ်သတည်း။

13ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် ယုဒ အမျိုးသား တို့တွင် ယေဖုန္နာ ၏သား ကာလက် အဘို့ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ ၏မြို့ ကို ချပေး လေ၏။

14ထို မြို့ထဲက ကာလက် သည် အာနက သား သုံး ယောက်၊ ရှေရှဲ ၊ အဟိမန် ၊ တာလမဲ တို့ကို နှင်ထုတ် သောနောက်၊

15ကိရယဿေဖာ အမည် ဟောင်း ရှိသောဒေဗိရ မြို့သား တို့ရှိရာသို့ တဖန်ချီ သွား၍၊

16ကိရယဿေဖာ မြို့ကိုတိုက်ယူ လုပ်ကြံ သောသူ အား ငါသည် သမီး အာခသ ကို ပေးစား မည်ဟုဆို လျှင်၊

17ကာလက် ညီ ကေနတ် ၏သား ဩသံယေလ သည် ထိုမြို့ ကိုတိုက် ယူ၍ ကာလက်သည် သမီး အာခသ ကို သူ့ အား ပေးစား လေ၏။

18ထိုမိန်းမသည် ခရီးသွားစဉ် အခါ၊ လယ် တကွက်ကို အဘ ၌ တောင်း ခြင်းငှါ လင် နှင့်တိုင်ပင် ပြီးမှ မြည်း ပေါ် က ဆင်း လေ၏။ အဘကာလက် က အဘယ် အလိုရှိသနည်းဟုမေး လျှင်၊

19သမီးက ကောင်းကြီး ပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင် မျက်နှာအရပ်ကိုပေး ပါပြီ။ စမ်း ရေတွင်းတို့ကိုလည်း ပေး တော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက် စမ်း ရေတွင်း၊ အောက် စမ်း ရေတွင်းတို့ကိုပေး လေ၏။

20ဤရွေ့ကား၊ ယုဒ အမျိုးသား အဆွေ အမျိုးအလိုက် ခံရသော အမွေ မြေ ဖြစ်သတည်း။

21ယုဒ အမျိုးသား ပိုင်သော မြို့ များဟူမူကား၊ ဧဒုံ ပြည် နှင့်နီးစပ် သော တောင် ပိုင်း၌ ကပ်ဇေလ မြို့၊ ဧဒေရ မြို့၊ ယာဂုရ မြို့၊

22ကိန မြို့၊ ဒိမောန မြို့၊ အာဒဒါ မြို့၊

23ကေဒေရှ မြို့၊ ဟာဇော် မြို့၊ ဣသနန် မြို့၊

24ဇိဖ မြို့၊ တေလင် မြို့၊ ဗာလုတ် မြို့၊

25ဟာဇော် မြို့သစ်၊ ဟာဇော် မြို့ဟောင်းတည်းဟူသော ဟေဇရုန် မြို့၊

26အာမန် မြို့၊ ရှေမ မြို့၊ မောလဒ မြို့၊

27ဟာဇာဂဒ္ဒ မြို့၊ ဟေရှမုန် မြို့၊ ဗက်ပါလက် မြို့၊

28ဟာဇာရွာလ မြို့၊ ဗေရရှေဘ မြို့၊ ဗိဇ္ဇောသယာ မြို့၊

29ဗာလာ မြို့၊ ဣအိမ် မြို့၊ အာဇင် မြို့၊

30ဧလတောလဒ် မြို့၊ ခေသိလ မြို့၊ ဟောမာ မြို့၊

31ဇိကလတ် မြို့၊ မာဒမန္နာ မြို့၊ သံသန္နာ မြို့၊

32လေဗောက် မြို့၊ ရှိလဟိမ် မြို့၊ အအိန် မြို့၊ ရိမ္မုန် မြို့၊ ရွာ နှင့်တကွ မြို့ ပေါင်း ကား သုံးဆယ်ခြောက်မြို့တည်း။

33ချိုင့် ၌ လည်း ဧရှတောလ မြို့၊ ဇောရာ မြို့၊ အာရှနာ မြို့၊

34ဇာနော မြို့၊ အင်္ဂန္နိမ် မြို့၊ တာပွါ မြို့၊ ဧနံ မြို့၊

35ယာမုတ် မြို့၊ အဒုလံ မြို့၊ စောခေါ မြို့၊ အဇေကာ မြို့၊

36ရှာရိမ် မြို့၊ အဒိသိမ် မြို့၊ ဂဒေရ မြို့၊ ဂဒေရောသိမ် မြို့၊ ရွာ နှင့်တကွ မြို့ ပေါင်းကား၊ ဆယ်ငါးမြို့တည်း။

37ထိုမှတပါး၊ ဇေနန် မြို့၊ ဟဒါရှ မြို့၊ မိဂဒလဂဒ် မြို့၊

38ဒိလန် မြို့၊ မိဇပါ မြို့၊ ယောကသေလ မြို့၊

39လာခိရှ မြို့၊ ဗောဇကတ် မြို့၊ ဧကလုန် မြို့၊

40ကဗ္ဗုန် မြို့၊ လာမံ မြို့၊ ကိသလိတ် မြို့၊

41ဂဒေရုတ် မြို့၊ ဗက်ဒါဂုန် မြို့၊ နေမ မြို့၊ မက္ကဒါ မြို့၊ ရွာ နှင့်တကွ ဆယ် ခြောက် မြို့ တည်း။

42ထိုမှတပါး၊ လိဗန မြို့၊ ဧသာ မြို့၊ အာရှန် မြို့၊

43ယိဖတ မြို့၊ အာရှနာ မြို့၊ နေဇိပ် မြို့၊

44ကိလ မြို့၊ အောခဇိပ် မြို့၊ မရေရှ မြို့၊ ရွာ နှင့်တကွ ကိုး မြို့ တည်း။

45ထိုမှတပါး ဧကြုန် မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊

46ဧကြုန် မြို့မှစ၍ ပင်လယ် တိုင်အောင် ၊ အာဇုတ် မြို့နှင့်နီးစပ် သောမြို့ရွာ များ၊

47အာဇုတ် မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊ အဲဂုတ္တု မြစ် ၊ ပင်လယ် ကြီး ၊ ပင်လယ်ကမ်းပါး တိုင်အောင် ၊ ဂါဇ မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊

48တောင် ပေါ်၌ လည်း ၊ ရှမိရ မြို့၊ ယတ္တိရ မြို့၊ စောခေါ မြို့၊

49ဒန္န မြို့၊ ဒေဗိရ မြို့တည်းဟူသော ၊ ကိရယဿန္န မြို့၊

50အာနပ် မြို့၊ ဧရှတမော မြို့၊ အာနိမ် မြို့၊

51ဂေါရှင် မြို့၊ ဟောလုန် မြို့၊ ဂိလော မြို့၊ ရွာ နှင့်တကွ ဆယ် တ မြို့ တည်း။

52အာရပ် မြို့၊ ဒုမာ မြို့၊ ဧရှန် မြို့၊

53ယာနုံ မြို့၊ ဗက်တာပွါ မြို့၊ အာဖက် မြို့၊

54ဟုန္တ မြို့၊ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့၊ ဇိအောရ မြို့၊ ရွာ နှင့်တကွ ကိုး မြို့ တည်း။

55မောင် မြို့၊ ကရမေလ မြို့၊ ဇိဖ မြို့၊ ယုတ္တ မြို့၊

56ယေဇရေလ မြို့၊ ယောကဒံ မြို့၊ ဇာနော မြို့၊

57ကဣန မြို့၊ ဂိဘာ မြို့၊ တိမန မြို့၊ ရွာ နှင့်တကွ ဆယ် မြို့ တည်း။

58ဟာလဟုလ မြို့၊ ဗက်ဇုရ မြို့၊ ဂေဒေါ် မြို့၊

59မာရပ် မြို့၊ ဗေသနုတ် မြို့၊ ဧလတေကုန် မြို့၊ ရွာ နှင့်တကွ ခြောက် မြို့ တည်း။

60ကိရယတ်ယာရိမ် မြို့တည်းဟူသောကိရယတ်ဗာလ မြို့၊ ရဗ္ဗာ မြို့၊ ရွာ နှင့်တကွ နှစ် မြို့ တည်း။

61တော ၌ လည်း၊ ဗေသရာဗ မြို့၊ မိဒ္ဒိန် မြို့၊ သေကာက မြို့၊

62နိဗရှန် မြို့၊ မေလက် မြို့၊ အင်္ဂေဒိ မြို့၊ ရွာ နှင့်တကွ ခြောက် မြို့ တည်း။

63ယေရုရှလင် မြို့၌နေ သောယေဗုသိ လူတို့ကိုကား၊ ယုဒ အမျိုးသား တို့သည် မ နှင်ထုတ် နိုင် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ယုဒ အမျိုးသား တို့နှင့်အတူ ယေရုရှလင် မြို့၌ နေ ကြသတည်း။

← ယောရှုမှတ်စာ 14Read In The App, Free →ယောရှုမှတ်စာ 16 →

Study ယောရှုမှတ်စာ 15

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324