The Bible Software
ယောရှုမှတ်စာ · မြန်မာကျမ်းစာ

ယောရှုမှတ်စာ 1

1ထာဝရဘုရား ၏ ကျွန် မောရှေ သည် အနိစ္စ ရောက်သောနောက် ၊ မောရှေ လက်ထောက် ၊ နုန် ၏သား ယောရှု အား ထာဝရဘုရား က၊

2ငါ ၏ကျွန် မောရှေ သည် အနိစ္စ ရောက်လေပြီ။ သို့ဖြစ်၍ ၊ သင် နှင့် သင်၌ပါသောဤ လူ အပေါင်း တို့သည် ယခု ထ ၍ ယော်ဒန် မြစ်တဘက်သို့ ကူး ကြလော့။ ဣသရေလ အမျိုးသား တို့အား ငါ ပေး သောပြည် ကို ဝင်စားကြလော့။

3မောရှေ အား ငါဂတိ ရှိသည်အတိုင်း သင် တို့နင်း သမျှ သောမြေ ကို သင်တို့ အား ငါပေး မည်။

4တော ကြီးမှစ၍ လေဗနုန် တောင်တိုင်အောင် ၎င်း၊ ဥဖရတ် မြစ် ကြီး မှစ၍ဟိတ္တိ ပြည် တရှောက်လုံး ပါလျက်၊ နေဝင် ရာဘက် ပင်လယ် ကြီး တိုင်အောင် ၎င်း၊ သင် တို့နယ် အပိုင်းအခြားဖြစ် ရမည်။

5သင့် အသက် တည်သည် ကာလ ပတ်လုံး သင့် ရှေ့ မှာ အဘယ်သူမျှမ ခံ မရပ်နိုင်ရာ။ မောရှေ နှင့်အတူ ငါရှိ သကဲ့သို့ သင် နှင့်အတူ ငါရှိ လိမ့်မည်။ ငါသည် သင့် ကို မ စွန့် ၊ သင့် ကိုပစ် ၍မ ထား။

6အား ယူ၍ ရဲရင့် ခြင်းရှိလော့။ ဘိုးဘေး တို့အား ပေး မည်ဟု ငါကျိန်ဆို သောပြည် ကို သင်သည် ဤ လူ တို့ အားဝေ၍ အမွေ ပေးရမည်။

7သို့ဖြစ်၍ငါ ၏ကျွန် မောရှေ မှာ ထားသော တရား အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းငှါ အား ယူ ၍ အလွန် ရဲရင့် ခြင်းရှိလော့။ ကြံစည်လေသမျှ တို့၌ အောင် မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ နှင့်။

8ထိုပညတ္တိ ကျမ်းစာ ၌ ရေး ထားသမျှ အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ ညဉ့် မပြတ် ကြည့်ရှုဘတ်ရွတ် ရမည်။ သို့ပြုလျှင်သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည်။

9သင့် ကို ငါမှာ ထားသည်မ ဟုတ်လော။ အား ယူ၍ ရဲရင့် ခြင်းရှိလော့။ မ ကြောက် နှင့်၊ စိတ် မ ပျက်နှင့်။ သွား လေရာရာ၌ သင် ၏ဘုရား သခင်ထာဝရဘုရား ရှိသည်ဟု မိန့်တော်မူ၏။

10ထိုအခါ ယောရှု သည် ဗိုလ် မင်းများတို့ကို ခေါ်၍၊

11တပ် တရှောက် လုံးသို့ သွား ကြလော့။ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည် ကို ဝင်စားခြင်းငှါ၊ သုံး ရက် အတွင်းတွင် ဤယော်ဒန် မြစ် တဘက်သို့ ကူးရသောကြောင့်ရိက္ခါ ကို ပြင်ဆင် ရကြမည် အကြောင်း၊ လူ များတို့အား ဆင့်ဆို ကြလော့ဟု မှာ ထား လေ၏။

12တဖန် ယောရှု သည် ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား၊ မနာရှေ အမျိုးသားတဝက် တို့ကို ခေါ်၍၊

13ထာဝရဘုရား ၏ ကျွန် မောရှေ သည်၊ သင် တို့အား မှာ ထားသော စကားဟူမူကား ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို ဤ ပြည် ၌ နေရာ ချတော်မူပြီ။

14သင် တို့သား မယား ၊ သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန် မြစ်အရှေ့ ဘက် မောရှေ ပေး သော ပြည် ၌ နေရစ် ရကြမည်။

15ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကို တို့အား နေရာချတော်မမူမှီ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောပြည် ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင် ၊ သင်တို့တွင် ခွန်အားကြီး သော စစ်သူရဲ အပေါင်း တို့သည် လက်နက် ကိုင်လျက်၊ သင်တို့ညီအစ်ကို များရှေ့ မှာ ကူး၍ မစရကြမည်ဟူသောစကားကို အောက်မေ့ကြလော့။ ထိုနောက်မှထာဝရဘုရား ၏ကျွန် မောရှေ သည် ယော်ဒန် မြစ် နေ ထွက်ရာ ဘက်၌ပေး ၍၊ သင် တို့ပိုင် သောပြည် သို့ ပြန် ၍ ဝင်စားရကြမည် ဟု ပြောဆို၏။

16ထိုသူတို့ကလည်း၊ ကိုယ်တော်မှာ ထားတော်မူသမျှ ကို ကျွန်တော်တို့ပြု ပါမည်။ စေလွှတ် တော်မူသမျှ သော အရပ်သို့ သွား ပါမည်။

17အရာရာ တို့၌ မောရှေ ၏စကားကို နားထောင် သည်နည်းတူ ကိုယ်တော် စကားကိုလည်း နားထောင် ပါမည်။ သို့ဖြစ်၍ကိုယ်တော်၏ ဘုရား သခင်ထာဝရဘုရား သည် မောရှေ နှင့်အတူ ရှိ သကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။

18အာဏာ တော်ကို ဆန် ၍၊ မှာထားတော်မူသမျှ သောစကား ကို နား မ ထောင်သောသူ မည်သည်ကား၊ အသေ သတ်ခြင်းကိုခံ စေရမည်။ သို့ဖြစ်၍အား ယူတော်မူ ပါ။ ရဲရင့် ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ၏။

← တရားဟောရာကျမ်း 34Read In The App, Free →ယောရှုမှတ်စာ 2 →

Study ယောရှုမှတ်စာ 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324