The Bible Software
ယောရှုမှတ်စာ · မြန်မာကျမ်းစာ

ယောရှုမှတ်စာ 17

1ယောသပ် ၏သားဦး မနာရှေ အမျိုးသား တို့သည် စာရေးတံ ပြု ၍ အမွေခံရသောမြေဟူမူကား၊ မနာရှေ ၏သား တည်းဟူသော ဂိလဒ် ၏အဘ မာခိရ သည် စစ်သူရဲ ဖြစ် ၍ ၊ ဂိလဒ် ပြည်နှင့် ဗာရှန် ပြည်ကိုရ ၏။

2ယောသပ် ၏သား မနာရှေ ၏သား ယောက်ျား အခြားတည်းဟူသော အဗျေဇာ သား ၊ ဟေလက် သား ၊ အသရေလ သား ၊ ရှေခင် သား ၊ ဟေဖာ သား ၊ ရှမိဒ သား တို့သည် အဆွေ အမျိုးအလိုက် စာရေးတံပြု၍ရကြသေး၏။

3သို့ရာတွင် မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖါ တို့မှ ဆင်းသက်သော ဇလောဖဒ် ၌ သား ယောက်ျားမ ရှိ ၊ သမီး သက်သက်သာ ရှိ၏။ သူ ၏သမီး တို့အမည် ကား၊ မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တည်း။

4ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု ၊ မင်း များရှေ့ သို့ ချဉ်းကပ် ၍ အကျွန်ုပ် တို့ပေါက်ဘော် နှင့်အတူအမွေ ခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေး စေခြင်းငှါ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူပြီဟု လျှောက် ၍ ၊ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း သူ တို့အဘ ၏ညီအစ်ကို တို့နှင့်အတူ အမွေ ခံရသောအခွင့်ကိုပေး ၏။

5ထိုသို့ မနာရှေ ၏သမီး တို့သည် သား တို့နှင့်အတူ အမွေ ကိုခံရ ၍ ၊ မနာရှေ ၏သား အချို့ တို့သည် ဂိလဒ် ပြည် ကိုရ သောကြောင့်၊

6ယော်ဒန် မြစ်အရှေ့ ဘက် ဂိလဒ် ပြည် နှင့် ဗာရှန် ပြည်မှတပါး ၊ မနာရှေ အမျိုးသည်ဆယ်ဘို့ ကိုရ သေး၏။

7မနာရှေ ခရိုင်အပိုင်း အခြားသည် အာရှာ ခရိုင်မှ ရှေခင် မြို့ရှေ့ တွင်ရှိသော မိတ်မေသ မြို့သို့ သွား၍ လက်ျာ ဘက်၌ အင်တာပွါ မြို့သို့ လိုက် လေ၏။

8တာပွါ မြို့နယ် ကို မနာရှေ ပိုင်သော်လည်း ၊ မနာရှေ ခရိုင် စွန်းမှာ ရှိသော တာပွါ မြို့ကို ဧဖရိမ် သား တို့သည် ပိုင်ကြ၏။

9တဖန် အပိုင်း အခြားသည် ကာန မြစ် တောင် ဘက်သို့ လိုက် ၍၊ မနာရှေ မြို့ တို့တွင် ဧဖရိမ် မြို့အချို့ ပါသော်လည်း ၊ မြစ် မြောက် ဘက်မြေသည် မနာရှေ မြေ ဖြစ် ၍ ပင်လယ် ၌ ဆုံး လေ၏။

10တောင် ဘက်၌ ဧဖရိမ် မြေ၊ မြောက် ဘက်၌ မနာရှေ မြေဖြစ်လျက်၊ ပင်လယ် ကန့် ကွက်၍ မြောက် ဘက်၌ အာရှာ ခရိုင်၊ အရှေ့ ဘက်၌ ဣသခါ ခရိုင်ရှိ ၏။

11ထိုခရိုင်၌ မနာရှေ အမျိုးရသောပြည် သုံး ပြည်ဟူမူကား ၊ ဗက်ရှန် မြို့နှင့် သူ့ မြို့ ရွာများ၊ ဣဗလံ မြို့နှင့် သူ့ မြို့ ရွာများ၊ ဒေါရ မြို့နှင့် သူ့ မြို့ ရွာများ၊ အင်္ဒေါရ မြို့နှင့် သူ့ မြို့ ရွာများ၊ တာနက် မြို့နှင့် သူ့ မြို့ ရွာများ၊ မေဂိဒ္ဒေါ မြို့နှင့် သူ့ မြို့ ရွာများတို့ကို ရသေး၏။

12သို့ရာတွင် မနာရှေ အမျိုးသား တို့သည် ထို မြို့ တို့ကို မ သိမ်း မယူနိုင် ဘဲ၊ ခါနနိ လူတို့သည် ထို အရပ် ၌ အနိုင် နေ ကြ၏။

13ဣသရေလ လူတို့သည် အားတိုးပွား သောအခါ ၊ ထိုခါနနိ လူတို့ကို အကုန်အစင်မ နှင်ထုတ် ဘဲ အခွန် ပေး စေကြ၏။

14ယောသပ် အမျိုးသား တို့ကလည်း ၊ အကျွန်ုပ် တို့သည် ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကိုခံရသဖြင့် အမျိုး ကြီး ဖြစ်၍၊ ကိုယ်တော်သည် တ ဘို့ တ ခရိုင် တည်းကိုသာ အဘယ်ကြောင့် ပေး ပါသနည်းဟု ယောရှု အား မေး လျှောက်ကြသော်၊

15ယောရှု က၊ သင် တို့သည် အမျိုး ကြီး ဖြစ်၍ ဧဖရိမ် တောင် ကျဉ်းမြောင်း လျှင် ၊ တော အရပ်သို့ သွား ၍ ဖေရဇိ ပြည် ၊ ရေဖိမ် ပြည်၌ ခုတ် လှဲကြလော့ဟု ပြန်ပြော ၏။

16ယောသပ် အမျိုးသား တို့ကလည်း ၊ ဧဖရိမ်တောင် သည် အကျွန်ုပ် တို့အဘို့ မ လောက် ပါ။ ချိုင့် အရပ် ဗက်ရှန် မြို့ ရွာတို့၌ ၎င်း ၊ ယေဇရေလ ချိုင့် ၌ ၎င်း နေ သောခါနနိ လူ အပေါင်း တို့သည် သံ ရထား နှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊

17ယောရှု က၊ သင် တို့သည် အမျိုး ကြီး ဖြစ်၍ ခွန်အား ကြီး သောကြောင့်၊ တ ဘို့ တည်းကိုသာ မ ယူရ။

18တောင် သည်လည်း သင် တို့အဘို့ ဖြစ် လိမ့်မည်။ သစ်ပင် များလျှင် ခုတ် လှဲရမည်။ ထွက် ရာလမ်းတို့သည်လည်း သင် တို့အဘို့ ဖြစ် လိမ့်မည်။ ခါနနိ လူတို့သည် ခွန်အား ကြီး၍ သံ ရထား နှင့်ပြည့်စုံသော်လည်း ၊ သူတို့ကို နှင်ထုတ် ကြလိမ့်မည်ဟု ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးတည်းဟူသောယောသပ် အမျိုးသား တို့အား ပြော ဆို၏။

← ယောရှုမှတ်စာ 16Read In The App, Free →ယောရှုမှတ်စာ 18 →

Study ယောရှုမှတ်စာ 17

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324