The Bible Software
ယောရှုမှတ်စာ · မြန်မာကျမ်းစာ

ယောရှုမှတ်စာ 19

1ဒုတိယ တကြိမ်စာရေးတံ ပြု ၍ ၊ ရှိမောင် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ယုဒ အမွေ မြေအတွင်း ၌ အမွေ ခံရ ကြ၏။

2သူ တို့အမွေ မြေ၌ ရှိ သောမြို့များဟူမူကား၊ ဗေရရှေဘ မြို့၊ မောလဒါ မြို့၊

3ဟာဇာရွာလ မြို့၊ ဗာလာ မြို့၊ အာဇင် မြို့၊

4ဧလတောလဒ် မြို့၊ ဗေသူလ မြို့၊ ဟောမာ မြို့၊

5ဇိကလတ် မြို့၊ ဗက်မာကဗုတ် မြို့၊ ဟာဇာသုသ မြို့၊

6ဗက်လေဗောက် မြို့၊ ရှရုဟင် မြို့၊ ရွာ နှင့်တကွ ဆယ် သုံး မြို့ တည်း။

7ထိုမှတပါး၊ အင် ရိမ္မုန် မြို့၊ တောခင်မြို့၊ ဧသာ မြို့၊ အာရှန် မြို့၊ ရွာ နှင့်တကွ လေး မြို့ တည်း။

8ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရ ရာမတ် မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ ပတ်ဝန်းကျင် ရွာ ရှိသမျှ ပါသတည်း။ ဤ ရွေ့ကား ရှိမောင် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။

9ရှိမောင် အမွေ မြေသည် ယုဒ အမျိုးသား ခံသော အဘို့ ထဲက နှုတ်ရ၏။ ယုဒ အမျိုးသား တို့အဘို့ သည် ကြီးကျယ် သောကြောင့် ၊ သူ တို့အမွေ မြေအတွင်း ၌ ရှိမောင် အမျိုးသား တို့သည် အမွေ ခံရကြ၏။

10တတိယ တကြိမ်စာရေးတံ ပြု ၍ ဇာဗုလုန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။ သူ တို့ အမွေ မြေအပိုင်း အခြားသည် စာရိဒ် မြို့မှထွက် ၍၊

11အနောက် သို့ သွား လျက် မရာလ မြို့၊ ဒဗ္ဗရှက် မြို့သို့ ၎င်း ၊ ယောကနံ မြို့ရှေ့ မှာ ရှိသော မြစ် သို့ ၎င်း မှီ လေ၏။

12တဖန် စာရိဒ် မြို့မှ နေ ထွက် ရာအရှေ့ မျက်နှာသို့ လှည့် သဖြင့် ၊ ခိသလုတ္တာဗော် မြို့၊ ဒါဗရတ် မြို့သို့ ရောက် ပြီးလျှင် ၊ ယာဖျာ မြို့သို့ တက် လေ၏။

13ထို မြို့မှစ၍ အရှေ့ ဘက်နားမှာလိုက် လျက် ၊ ဂိတ္တဟေဖါ မြို့၊ အိတ္တကာဇိန် မြို့၊ ရိမ္မုန်မေသောရ နေအာ မြို့သို့ ရောက် လေ၏။

14မြောက် ဘက်၌ လည်း ဝိုင်း သဖြင့် ၊ ဟန္နသုန် မြို့သို့ရောက် ၍ ယိဖသေလ ချိုင့်၌ ဆုံး လေ၏။

15ထိုမှတပါး၊ ကတ္တတ် မြို့၊ နဟာလာလ မြို့၊ ရှိမရုန် မြို့၊ ဣဒလ မြို့၊ ဗက်လင် မြို့တည်းဟူသောရွာ နှင့်တကွ ဆယ် နှစ် မြို့ ရှိသတည်း။

16ဤ ရွေ့ကား မြို့ ရွာ ပါလျက် ဇာဗုလုန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။

17စတုတ္ထ တကြိမ် စာရေးတံ ပြု ၍ ဣသခါ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။

18သူ တို့အပိုင်း အခြားသည် ယေဇရေလ မြို့၊ ခေသုလုတ် မြို့၊ ရှုနင် မြို့၊

19ဟာဖရိမ် မြို့၊ ရှိဟုန် မြို့၊ အာနဟာရတ် မြို့၊

20ရဗ္ဗိတ် မြို့၊ ကိရှုန် မြို့၊ အာဗက် မြို့၊

21ရေမက် မြို့၊ အင်္ဂန္နိမ် မြို့၊ အင်္ဟာဒ္ဒါ မြို့၊ ဗက်ပဇ္ဇက် မြို့ပါလျက်၊

22တာဗော် မြို့၊ ရာဟဇိမ မြို့၊ ဗက်ရှေမက် မြို့သို့ ရောက် ၍ ယော်ဒန် မြစ်၌ ဆုံး လေ၏။ ရွာ နှင့်တကွ ဆယ် ခြောက် မြို့ ရှိသတည်း။

23ဤ ရွေ့ကား မြို့ ရွာ ပါလျက် ဣသခါ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။

24ပဉ္စမ တကြိမ် စာရေးတံ ပြု ၍ အာရှာ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။

25သူ တို့အပိုင်း အခြားသည် ဟေလကတ် မြို့၊ ဟာလိ မြို့၊ ဗေတင် မြို့၊ အာခရှပ် မြို့၊

26အာလမ္မေလက် မြို့၊ အာမဒ် မြို့၊ မိရှာလ မြို့ပါ လျက်၊ အနောက် မျက်နှာ၌ ကရမေလ မြို့၊ ရှိဟောရလိဗနတ် မြို့သို့ ရောက် လေ၏။

27တဖန် နေ ထွက် ရာဘက်သို့လှည့် ၍ ဗက်ဒါဂုန် မြို့၊ ဇာဗုလုန် ခရိုင်၊ ယိဖသေလ ချိုင့်ကို ရှောက် သဖြင့် ၊ မြောက် မျက်နှာသို့ သွား၍ ဗေသမက် မြို့၊ နယေလ မြို့၊ ကာဗုလ မြို့၊

28ဟေဗြုန် မြို့၊ ရဟောဘ မြို့၊ ဟမ္မုန် မြို့၊ ကာန မြို့၊ ဇိဒုန် မြို့ကြီး တိုင်အောင် ရောက် ပြီးလျှင်၊

29ရာမ မြို့၊ ခိုင်ခံ့ သောတုရု မြို့ ၊ ဟောသ မြို့သို့ လှည့် လျက် ၊ ပင်လယ် ကမ်းပါးမှစ၍ အာခဇိပ် မြို့တိုင်အောင် ပင်လယ် ၌ ဆုံး လေ၏။

30အုမ္မ မြို့၊ အာဖက် မြို့၊ ရဟောဘ မြို့နှင့်တကွ ၊ ရွာ ပါလျက် နှစ် ဆယ်နှစ် မြို့ ရှိသတည်း။

31ဤ ရွေ့ကား မြို့ ရွာ ပါလျက် အာရှာ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။

32ဆဌမ တကြိမ် စာရေးတံ ပြု ၍ နဿလိ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။

33သူ တို့အပိုင်း အခြားသည် ဟေလပ် မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ် မြို့၊ အာဒမိ မြို့၊ နေကပ်မြို့၊ ယာဗနေလ မြို့၊ လာကုံ မြို့ပါလျက် ယော်ဒန် မြစ်၌ ဆုံး လေ၏။

34တဖန် အနောက် မျက်နှာသို့ လှည့် သဖြင့် အာဇနုတ္တာဘော် မြို့၊ ဟုကုတ် မြို့သို့ ရောက် ၍ ၊ တောင် ဘက်၌ ဇာဗုလုန် ခရိုင်၊ အနောက် ဘက်၌ အာရှာ ခရိုင်၊ နေ ထွက် ရာဘက်၌ ယော်ဒန် မြစ်အပိုင်း အခြားရှိ၏။

35ခိုင်ခံ့ သောမြို့ များဟူမူကား၊ ဇိဒ္ဒိမ် မြို့၊ ဇေရ မြို့၊ ဟမ္မတ် မြို့၊ ရက္ကတ် မြို့၊ ဂင်္နေသရက် မြို့၊

36အာဒမာ မြို့၊ ရာမ မြို့၊ ဟာဇော် မြို့၊

37ကေဒေရှ မြို့၊ အင်ဟာဇော် မြို့၊ ဧဒြိ မြို့၊

38ဣရုန် မြို့၊ မိဂဒလေလ မြို့၊ ဟောရင် မြို့၊ ဗေသနတ် မြို့၊ ဗက်ရှေမက် မြို့၊ ရွာ နှင့်တကွ ဆယ် ကိုး မြို့ တည်း။

39ဤ ရွေ့ကား မြို့ ရွာ ပါလျက်၊ နဿလိ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။

40သတ္တမ တကြိမ် စာရေးတံ ပြု ၍ ဒန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။

41သူ တို့အမွေ ခံရသောမြို့ များဟူမူကား၊ ဇောရာ မြို့၊ ဧရှတောလ မြို့၊ ဣရရှေမက် မြို့၊

42ရှာလဗ္ဗိန် မြို့၊ အာယလုန် မြို့၊ ယေသလ မြို့၊

43ဧလုန် မြို့၊ သိမနာသ မြို့၊ ဧကြုန် မြို့၊

44ဧလတေက မြို့၊ ဂိဗ္ဗသုန် မြို့၊ ဗာလပ် မြို့၊

45ယေဟုတ် မြို့၊ ဗေနဗေရက် မြို့၊ ဂါသရိမ္မုန် မြို့၊

46မေယာကုန် မြို့၊ ရက္ကုန် မြို့၊ ယာဖေါ မြို့ရှေ့ မှာရှိသောမြေ ပါ သတည်း။

47ဒန် အမျိုးသား ရသောမြေ သည် ကျဉ်းမြောင်းသောကြောင့်၊ လဲရှ မြို့ကို စစ်ချီ ၍ တိုက် ယူလုပ်ကြံ သဖြင့် နေရာ ချကြ၏။ လဲရှ မြို့ကို ၊ အမျိုး၏အဘ ဒန် ကို အစွဲပြု ၍ ၊ ဒန် မြို့ဟူသောအမည်ဖြင့် မှည့် ကြ၏။

48ဤ ရွေ့ကား မြို့ ရွာ ပါလျက်၊ ဒန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။

49ထိုသို့ ဣသရေလ အမျိုးသားတို့သည် မြေ တပြင်လုံးကို အပိုင်း အခြားနှင့်တကွဝေဖန် ၍ အမွေခံပြီး မှ၊ နုန် ၏သား ယောရှု အား အမွေ မြေကို ပေး ကြ၏။

50သူတောင်း သောမြို့ ဧဖရိမ် တောင် ပေါ်မှာ တိမနဿေရ မြို့ကို ထာဝရဘုရား အမိန့် တော်အတိုင်း ပေး သဖြင့် ၊ သူသည် မြို့ ကိုတည်ထောင် ၍ နေ လေ၏။

51ဤ ရွေ့ကား ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏ သား ယောရှု ၊ ဣသရေလ အမျိုးသားတို့တွင် အဆွေ အမျိုးသူကြီး တို့သည်၊ ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ ပရိသတ်စည်းဝေး ရာတဲ တော်တံခါး နား၌ ဝေ ပေးသော အမွေ ခံစရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည် ကို ဝေဖန် သောအမှု ပြီး လေ၏။

← ယောရှုမှတ်စာ 18Read In The App, Free →ယောရှုမှတ်စာ 20 →

Study ယောရှုမှတ်စာ 19

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324