The Bible Software
ယောရှုမှတ်စာ · မြန်မာကျမ်းစာ

ယောရှုမှတ်စာ 5

1ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ကူး စေခြင်းငှါ၊ ယော်ဒန် မြစ်ရေ ကို ခန်းခြောက် စေတော်မူသည်အကြောင်းကို၊ ယော်ဒန် မြစ်အနောက် ဘက် ၌ နေသောအာမောရိ မင်းကြီး အပေါင်း ၊ ပင်လယ် နား မှာ နေသောခါနနိ မင်းကြီး အပေါင်း တို့သည် ကြား သိသောအခါ ၊ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကြွင်း၊ ဣသရေလ အမျိုးသား တို့ကြောင့် စိတ်ပျက် ကြ၏။

2ထိုအခါ ထာဝရဘုရား သည် ယောရှု ကို ခေါ်၍၊ သင် သည် ကျောက် ထား များကို လုပ် ပြီးလျှင် ၊ ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို တဖန် ပေး လော့ဟု မိန့် တော်မူသည်အတိုင်း၊

3ယောရှု သည် ကျောက် ထား များကို လုပ် ၍ ဂိဘာ ရာလုတ် အရပ်၌ ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။

4ထိုသို့ အရေဖျား လှီးမင်္ဂလာကို ပေးရသောအကြောင်း ဟူမူကား ၊ အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ ယောက်ျား အပေါင်း တို့သည် တော ၌ သေ ကြ၏။

5ထိုပြည်မှထွက် လာသောသူအပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော ၌ ခရီး သွားရာတွင် ဘွားမြင် သော သူအပေါင်း တို့မူကား အရေဖျား လှီး မင်္ဂလာကို မ ခံရကြသေး။

6အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသား တို့သည် အနှစ် လေးဆယ် ပတ်လုံးတော ၌ လှည့်လည် ရကြ၏။ ထာဝရဘုရား သည်၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသောပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် ကို ထိုသူ တို့သည် မ မြင် ရကြဟု ကျိန်ဆို တော်မူ ၏။

7သူ တို့ကိုယ်စား ဖြစ် စေတော်မူသောသူ တို့ ၏ သား များတို့သည်၊ လမ်း ၌ အရေဖျား လှီးမင်္ဂလာကို မ ခံရသေး သောကြောင့် ၊ ယောရှု သည် အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။

8လူ အပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံပြီးမှ ၊ အနာ မပျောက်မှီတိုင်အောင် တပ် ထဲ ၌နေ ကြ၏။

9ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်နှင့် ဆိုင် သော ကဲ့ရဲ့ စရာအကြောင်းကို သင် တို့မှ ယနေ့ ငါပယ်ရှင်း ပြီဟု ယောရှု အား မိန့် တော်မူ၏။ သို့ဖြစ်၍ ထို အရပ် ကို ဂိလဂါလ ဟု ယနေ့ တိုင်အောင်ခေါ်ဝေါ် သတည်း။

10ဣသရေလ အမျိုးသား တို့သည် ဂိလဂါလ အရပ် တွင် တပ်ချ ၍ ၊ ထိုလ တဆယ် လေး ရက် နေ့၊ ညဦး ယံ၌ ယေရိခေါ လွင်ပြင် မှာ ပသခါ ပွဲ ကို ခံကြ၏။

11ပသခါ ပွဲကို ခံပြီးမှ၊ နက်ဖြန် နေ့၌ ခါနာန် စပါးဖြင့် လုပ် သော တဆေး မဲ့မုန့်နှင့် ပေါက်ပေါက် ကို တနေ့ ခြင်း တွင် စား ရကြ၏။

12ခါနာန်ပြည် စပါးကို စား၍၊ နက်ဖြန် နေ့၌ မန္န ပြတ် လေ၏။ နောက်တဖန် ဣသရေလ အမျိုးသား တို့ သည် မန္န ကိုမ ရ ကြ။ ထို နှစ် တွင် ခါနာန် ပြည် ၌ ဖြစ် သော အသီးအနှံကို စား ရကြ၏။

13ယောရှု သည် ယေရိခေါ မြို့အနားမှာ ရှိ နေ စဉ် မြော် ကြည့်၍ ၊ လူ တယောက်သည် ထား ကိုထားအိမ်မှ ထုတ် ကိုင်လျက်၊ ကန့်လန့် ရပ်နေသည်ကို မြင် လျှင်၊ သူ့ ထံသို့ သွား ၍ သင် သည်ငါ တို့ဘက်၌နေသောသူလော၊ ငါ တို့ရန်သူ ဘက်၌နေသောသူလောဟုမေး သော်၊

14ထိုသူက၊ ထိုသို့မ ဟုတ်၊ ထာဝရဘုရား ၏ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး ဖြစ်၍ယခု ငါလာ သည်ဟုဆို ၏။ ယောရှု သည်လည်း မြေ ပေါ် မှာ ပြပ်ဝပ် ကိုးကွယ်လျက်၊ ကိုယ်တော် ကျွန် အား အဘယ်သို့ မိန့် တော်မူမည်နည်းဟု မေး လျှောက်သော်၊

15ထာဝရဘုရား ၏ ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး က၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင် နင်း သောအရပ် ကား မြေမြတ် ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှု ပြု လေ၏။

← ယောရှုမှတ်စာ 4Read In The App, Free →ယောရှုမှတ်စာ 6 →

Study ယောရှုမှတ်စာ 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324